အမေရိကန် မေဂျာလိဂ် ဘောလုံးကလပ်အသင်း အင်တာ မိုင်ယာမီကတော့ GOAT ကြီး လီယွန်နယ် မက်ဆီကို ခေါ်ယူပြီးနောက်ပိုင်း အသင်းရဲ့ ရလဒ်တွေ တအားကောင်းလာပြီး အသင်းအတွက် ပထမဆုံး ဆုဖလား တစ်လုံးကို အရ ယူဆောင်ပေးနိုင်ခဲ့သလို သူရဲ့ အကြီးဆုံးစား သီယာဂို မက်ဆီကိုပါ မ်ိုင်ယာမီအသင်းရဲ့ အကယ်ဒမီဆီပါ ပို့ဆောင်ထားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : CNN

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းဟောင်း ဘာစီလိုနာကို ပြန်ဖို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့သလို ဆော်ဒီကလပ် အယ်လ် ဟီလာအသင်းရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုကြီးလည်း ရရှိခဲ့ပေမယ့် တကယ်တမ်း အသင်းပြောင်းတော့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီကိုပဲ ရွေးချယ်ခဲ့ပြီး ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘူးစကွက် အယ်လ်ဘာတို့နဲ့အတူ မိုင်ယာမီမှာ ပြန်လည် ဆုံစည်းခဲ့ကြပါတယ်။

Photo Credit : CNN

မက်ဆီက မိုင်ယာမီအတွက် လိဂ်ပွဲ (၇)ပွဲ US Open Cup (၁)ပွဲ နဲ့ မေဂျာလိဂ် (၁)ပွဲ စုစုပေါင်း (၉)ပွဲအထိ ကစားပေးထားခဲ့ရာ (၁၁)ဂိုးသွင်း (၃)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး မိုင်ယာမီ အသင်းသမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရဖူးသေးတဲ့ ဆုဖလားကိုပါ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ မက်ဆီ ရောက်လာပြီးနောက်ပိုင်းကတည်းက (၉)ပွဲဆက်တိုက်အထိ လုံးဝကို ရှုံးပွဲမတွေ့ခဲ့ရတဲ့အပြင် US Open Cup ပြိုင်ပွဲမှာပါ ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ရတဲ့ မိုင်ယာမီအသင်းဟာ အခုဆိုရင် နောက်ထပ် မက်ဆီ ပေါက်စလေးကိုပါ သူတို့ရဲ့ အကယ်ဒမီအသင်းဆီ ထည့်သွင်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Sportskeeda

အသက် (၁၀)နှစ်အရွယ်ရှိ မက်ဆီရဲ့ အကြီးဆုံးသား သီယာဂိုဟာ အင်တာ မိုင်ယာမီ ယူ-၁၂ လူငယ်အသင်းရဲ့ ကစားသမားတစ်ဦးအဖြစ် စာရင်းသွင်းခံထားရပြီဖြစ်ပြီး မက်ဆီအနေနဲ့ကလည်း သီယာဂို အပါအဝင် သူရဲ့ သား (၃)ဦးလုံးကို အမေရိကန်နိုင်ငံမှာပဲ ကြီးပြင်းစေဖို့ ရည်ရွယ်ထားပါတယ်။ မက်ဆီဟာ မိုင်ယာမီရဲ့ အိမ်ကွင်းပွဲစဉ်တွေအတွင်း ဂိုးသွင်းယူပြီးတိုင်းမှာ သူရဲ့သား(၃)ဦးကို ရည်ရွယ်ပြီး Marvel Superhero တွေရဲ့ သင်္ကေတများအတိုင်းနဲ့ အောင်ပွဲခံလေ့ ရှိတက်ပါတယ်။

Featured Photo : People