မန္တလာမြေမှ ကွီးတို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးဖို့အတွက် ပဲဖြစ်ဖြစ်၊ အရသာရှိတဲ့ အစားအစာတွေ စားရင်း အဖျော်ယ မကာများကိုပါ မြည်းစမ်းကြည့်ချင်လို့ဖြစ်ဖြစ် ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်များကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ လွယ်လွယ်ကူကူ ရွေးလို့ရအောင် မန္တလာမြေမှ ဘား နဲ့ စားသောက်ဆိုင်အချို့ကို ဝေမျှပေးချင်ပါတယ်။

Gravity BBQ & Restaurant

Photo : Gravity BBQ and Restaurant Facebook Page

မန္တလာမြေမှ ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်များ တွေကတစ်ခုကတော့ Gravity BBQ and Restaurant ပဲဖြစ်ဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ ဆိုင်နေရာကျယ်ဝန်းတဲ့ အတွက် ကွီးတို့ဘော်ဒါတွေနဲ့ပဲ သွား Chill၊ မိသားစုလိုက်ပဲသွားသွား အဆင်ပြေပါတယ်။ ဒါ့အပြင် ကွီးတစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်လို့လည်းရပါသေးတယ်။ အရသာရှိတဲ့ အစားအစာတွေ စားပြီး ဘီယာလေး သောက်ရင်း စကားစမြည်ပြောဖို့ ကောင်းတဲ့ဆိုင်လေးပါပဲ။ လိပ်စာကတော့ ၆၅ လမ်း၊ ၃၄ နဲ့ ၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ ဖြစ်ပါတယ်။

Bar in Bar

Photo : Bar in Bar Facebook Page

နောက်ထပ်ဖော်ပြချင်တဲ့ မန္တလာမြေမှ အလန်းစား ဘား လေးကတော့ Bar in Bar ဆိုတဲ့ ဘားလေးပဲဖြစ်ပါတယ်။ ဒီဘားလေးမှာ နေ့ရက် အလိုက်မတူညီတဲ့ အစီအစဉ်တွေ ပါဝင်တဲ့ အပြင် DJ နဲ့ တေးဂီတ တွေလည်း ထည့်သွင်းထားပါသေးတယ်။ ဒီပိတ်ရက်မှာ တေးဂီတတွေကို နားဆင်ခံစားရင်း ကြိုက်နှစ်သက်ရာ အဖျော်ယမကာလေး သောက်ရင်းနဲ့ တစ်ပတ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်လို့ကောင်းတဲ့ ဘားလေးလည်း ဖြစ်ပါတယ်။ Bar in Bar ဘားလေးရဲ့ လိပ်စာကတော့ ၅၃ လမ်း၊ ၃၂ လမ်း နဲ့ ၃၃ လမ်းကြား၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။

Space Bar

Photo : Space Bar Facebook Page

မန္တလာမြေမှ နောက်ထပ် အမိုက်စား ဘား လေးကတော့ Space Bar ဆိုတဲ့ ဘားလေးပဲဖြစ်ပါတယ်။ ဒီ ဘားလေးမှာ အဖျော်ယမကာများအပြင် အရသာထူးကဲ ကောင်းမွန်တဲ့ ဟင်းပွဲတွေလည်းရှိပါသေးတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာကောင်းမွန်လှတဲ့ Menu အသစ်ကိုလည်း မြည်းစမ်းကြည့်လို့ရပါတယ်။ ဆိုင်အနေအထားလေးကလည်း ခေတ်မှီလှပပြီး တကယ်ကို ထိုင်ချင့်စဖွယ်ပါ။ တေးဂီတ အစီအစဉ်တွေလည်း ထည့်သွင်းထားတာကြောင့် သံစဉ်လေးတွေအလိုက် Chill လို့ကောင်းမှာ အသေအချာပါပဲ။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၆၂ လမ်း၊ ၃၅ နဲ့ ၃၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်များ ထဲက အချို့ပဲ ဖြစ်ပါတယ်။ Weekends မှာဘော်ဒါတွေနဲ့ တူတူထိုင်ဖို့ ဘားလေးတွေ ရွေးချယ်ရာမှာ အထောက်အကူပြုစေမှာပါ။

Featured Photo : Gravity BBQ and Restaurant Facebook Page