အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ အနားယူအပန်းဖြေဖို့ရန်အတွက်ပဲဖြစ်ဖြစ် မန္တလေးမြို့သို့ ခရီးထွက်ရတဲ့အခါ ဝန်ဆောင်မှုကောင်းပြီး သက်သောင့်သက်သာ အနားယူနိုင်မယ့် ဟိုတယ်တွေမှာ တည်းချင်ကြမှာပါပဲ။ ဟိုတယ်မှာ အနားယူနေရင်းနဲ့ Bar ပါ ထိုင်ချင်တယ်ဆိုရင်တော့ ဘားပါ တွဲဖွင့်ထားတဲ့ မန္တလေး မြို့တွင်းရှိ ဟိုတယ်ဘား တွေမှာ အေးအေးလူလူ သွားထိုင်နိုင်ပါတယ်။

မန္တလေး မြို့တွင်းရှိ ဘယ်လို ခမ်းနားလှပတဲ့ ဟိုတယ်တွေက ဟိုတယ်ဘား နှင့် စားသောက်ဆိုင်ပါ တွဲဖွင့်ထားသလဲဆိုတာကို ဒီဆောင်းပါးကနေတဆင့် ဝေမျှပေးလိုက်ရပါတယ်။

E-Outfitting Golden Country Hotel Mandalay ရဲ့ Garden Restaurant Bar and BBQ Station

Photo: Facebook

ဒီနေရာလေးကတော့ လာရောက်တည်းခိုသူများ၊ လာရောက်စားသုံးတဲ့ ကာစတန်မာများကြား ရီဗျူးကောင်းကောင်းရထားတဲ့ ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်။ ဟိုတယ်ရဲ့ တည်နေရာကတော့ ၆၅ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိတာဖြစ်ပါတယ်။

Photo: Facebook

ဟိုတယ်နံဘေးမှာ လှပတဲ့ Garden Restaurant Bar and BBQ Station လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ အစားအစာများကို မြည်းစမ်းစားသုံးရင်း ကွီးတို့ရဲ့ အကြိုက် ဘီယာများ၊ ကော့တေးများ၊ ဝီစကီများကိုလည်း သောက်သုံးနိုင်ပါသေးတယ်။ အခုအချိန်မှာတော့ Monsoon Promotion Package လေးလည်း ရှိတဲ့အတွက်ကြောင့် ကွီးတို့ မန္တလေး သို့ သွားရောက်တည်းခိုဖြစ်တဲ့အခါ ဒီ ဟိုတယ်ဘား လေးမှာ သွားရောက်အနားယူဖို့လည်း မမေ့ပါနဲ့ဦး။

Hotel Apex Mandalay ရှိ Apex Sky Bar

Photo: Facebook

ဒီ Sky Bar ကတော့ Hotel Apex Mandalay ပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ တည်နေရာကတော့ ၃၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမှာ တည်ရှိတာဖြစ်ပါတယ်။

Photo: Facebook

Apex Sky Bar ရဲ့ အားသာချက်ကတော့ တစ်မြို့လုံးရဲ့ အလှအပကို Sky Bar အပေါ်ကနေ ကော့တေးလေး သောက်ရင်း အားပါးတရ ကြည့်ရှုခံစားနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Unplugged Music လေး နားထောင်ရင်း ညနေခင်းရဲ့ တိုက်ခတ်လာတဲ့ လေနုအေးလေးကို ခံစားကာ သာယာလှပတဲ့အချိန်လေးကို ပိုင်ဆိုင်နိုင်စေပါတယ်။ အရသာရှိတဲ့ အမြည်းများကိုလည်း မြည်းစမ်းစားသုံးနိုင်ပြီး အမိုက်စား ကော့တေးများကို သောက်သုံးချင်တယ်ဆိုရင်တော့ မန္တလေး မြို့ရှိ ဒီ ဟိုတယ်ဘား လေးဆီသို့သာ အရောက်လှမ်းသွားလိုက်ပါ။

Hotel New Wave Mandalay ရှိ Rooftop Bar

Photo: Facebook

ခန့်ညားလှပတဲ့ မန္တလေး တောင်ရဲ့ အလှအပကို ကြည့်ရှုခံစားရင်း ဘားထိုင်ချင်တယ်ဆိုရင် ဒီ ဟိုတယ်ဘား လေးက ကွီးတို့အတွက် ကွက်တိကျစေမှာပါ။ Rooftop Bar ဖြစ်တဲ့အတွက်ကြောင့် သဘာဝလေအေးလေးတွေ တိုက်ခတ်တဲ့အရသာကို အေးအေးလူလူ ခံစားရင်း ကော့တေး၊ ဝီစကီများ သောက်သုံးနိုင်ပါတယ်။ အရသာရှိတဲ့ အစားအစာများ၊ ဖော်ရွှေပျူငှာတဲ့ ဝန်ဆောင်မှုများကြောင့် ကာစတန်မာများအကြား နာမည်ကောင်းရတဲ့ ဟိုတယ်နှင့် Rooftop Bar လေးပဲဖြစ်ပါတယ်။

Photo: Facebook

တည်နေရာကတော့ လမ်း ၈၀ ၊ ၂၆ နှင့် ၂၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ပဲဖြစ်ပါတယ်။ ဟိုတယ်မှာ တည်းခိုနေရင်း ပျင်းရိလာတဲ့အခါ Rooftop Bar လေးမှာ သွားထိုင်ရင်း မန္တလေးမြို့ရဲ့အလှအပကို ကြည့်ရှုခံစားနိုင်ပါတယ်။

Featured Image: Jetsetter