FA ဖလားပြိုင်ပွဲဆိုတာဟာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ကြာဆုံးသော ဘောလုံးပြိုင်ပွဲတစ်ခုပါ။ ၁၉၇၁-၇၂ ဘောလုံးရာသီကနေ စတင်ပြီး ကျင်းပလာခဲ့တဲ့ FA ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတွေမှာ လန်ဒန်ဒါဘီ မာဆေးဆိုက်ဒါဘီပွဲတွေ ရှိခဲ့ပေမယ့် မန်ချက်စတာဒါဘီ ပွဲတော့ တစ်ကြိမ်မှ ရှိမနေခဲ့ရာ အခု ၂၀၂၂-၂၃ ဘောလုံးရာသီမှာပဲ မန်ချက်စတာဒါဘီ FA Cup Final ကို မြင်တွေ့လာရဖို့ အလားအလာ အရမ်းကောင်းနေပြီ ဖြစ်ပါတယ်။

Photo Credit : Manchester Evening News

FA Cup ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဒီတစ်ပတ် weekend မှာ ကျင်းပခဲ့ရာ မန်စီးတီးက ဘန်လေကို ဟာလန်းရဲ့ဟက်ထရစ်တွေနဲ့ (၆)ဂိုးပြတ် အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ဆီ စောစောစီးစီး တတ်လှမ်းထားခဲ့သလို ချန်ပီယံရှစ် အသင်းအချင်းချင်း ဆုံတွေ့ခဲ့တဲ့ ရှက်ဖီးယူနိုက်တက် နဲ့ ဘလက်ဘန်းတို့ ပွဲမှာလည်း အိမ်ရှင် ရှက်ဖီးအသင်းက အနောက်ကနေ လိုက်ကစားရင်းနဲ့ နာကျင်အချိန်ပို အဖိုးတန် သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit : Football365

ဘရိုက်တန်ကတော့ အသင်းငယ်လေး ဂရင်းစဘီကို ဂိုးမိုးရွာခဲ့ပြီး မန်ယူနိုက်တက်ကတော့ ဧည့်သည်ဖူလ်ဟမ်အသင်းရဲ့ ဦးဆောင်မှု ခံခဲ့ရပေမယ့် ဝီလီယံက ဂိုးဝင်တော့မယ့် ဘောလုံးကို တားဆီးရာ လက်နဲ့ထိသွားခဲ့ပြီး ဝီလီယံရော ဒိုင်ကို ကလန်ကဆန်လုပ်တဲ့ မီထရိုဗစ်ပါ ဆက်တိုက် ထုတ်ပယ်ခံရရင်း ကစားသမား အသာရသွားတဲ့ ယူနိုက်တက်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူကာ နိုင်ပွဲရခဲ့ပါတယ်။ ဆီမီးမှာတော့ ဘရိုက်တန် နဲ့ ယူနိုက်တက် ၊ မန်စီးတီး နဲ့ ရှက်ဖီးတို့ ဆုံတွေ့နေပါတယ်။

Photo Credit : Goal

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ မန်စီးတီးဟာ နောက်ထပ် ချန်ပီယံရှစ်အသင်းနဲ့ ထပ်ဆုံနေပြီး ရှက်ဖီးကလည်း စီးတီးအတွက် ခက်ခဲလောက်စရာ ပြိုင်ဘက်မျိုး ဖြစ်မနေတဲ့အတွက် ဖိုင်နယ်ကို တတ်လှမ်းဖို့ကာ သေချာနေပါတယ်။ ဘရိုက်တန်က မန်ယူနိုက်တက်အတွက် သတိထားရမယ့် အသင်းမျိုး ဖြစ်နေတယ်ဆိုရင်တောင်မှ ဒီလို အဆင့်မျိုးမှာ အမှားမခံပဲ ဖိုင်နယ်တတ်အောင် သေချာ ကြိုးပမ်းလာနိုင်ပါတယ်။ တကယ်လို့ စီးတီးရော ယူနိုက်တက်ပါ ဖိုင်နယ်ကို ရောက်လာမယ်ဆိုရင်တော့ 1st ever Manchester derby FA Cup Final ပွဲ ဖြစ်လာပါလိမ့်မယ်။