ဒီတစ်ပတ် Weekend မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ (၉)ပွဲ ကစားသွားခဲ့ပြီး မန်ချက်စတာ နှစ်သင်းပဲ ရလဒ်ကောင်းခဲ့ချိန် ဒီနေ့ Monday night မှာတော့ ဘောဝါသနာရှင် ကွီးတွေ အိပ်ရေးပျက်ခံပြီး စောင့်ကြည့်ရမယ့် ဒါဘီပွဲကောင်းတစ်ပွဲ ရှိနေပါတယ်။ ဒီပွဲကတော့ လီဗာပူးလ် အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ မာဆေးဆိုက်ဒါဘီ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

Photo Credit : Sports Mole

အန်ဖီးလ်ကွင်းမှာ ခါးသီး မြို့ခံအသင်းကို ဧည့်ခံသွားရမယ့် လီဗာပူးလ် က လက်ရှိအချိန်မှာ ရလဒ်ပိုင်းရော ကစားပုံအပိုင်းမှာပါ အားရစရာ ရှိမနေပဲ ၂၀၂၃ခုနှစ်ရဲ့ နှစ်အစပိုင်းမှာပါ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နိုင်ပွဲ လုံးဝမရှိသေးသလို အက်အေဖလားကနေပါ စတုတ္ထအဆင့်နဲ့ ထွက်ခွာထားခဲ့ရပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေလည်း အရေအတွက် များစွာ ရှိလို့နေပြီး နောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဂျိုတာ ပြန်ပါလာနိုင်ဖွယ် ရှိနေတာက အသင်းအတွက် ကျေနပ်စရာ ဖြစ်နိုင်ပေမယ့် ကြံခိုင်မှု အပြည့်နဲ့ ပါဝင်နိုင်ဖို့ မလွယ်သလို သီယာဂို ဗန်ဒိုက်နဲ့ ဖာမီနိုတို့ရဲ့ အခြေအနေတွေဟာလည်း မရေမရာ ဖြစ်နေပါတယ်။

Photo Credit : SportMax

တန်းဆင်းဇုန်ထဲက အဲဗာတန်ကတော့ နည်းပြသစ် ရှောင်ဒိုက်ရဲ့ ပထမဆုံး ပွဲစဉ်မှာပဲ အာဆင်နယ်ကို အလှဲထိုးတာခဲ့တာမို့ အခု မြို့ခံအသင်း လီဗာပူးလ် ကိုရော ဘယ်လို ထပ်ပြီး ဒုက္ခပေးသွားဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အစဉ်အလာအရတော့ အန်ဖီးလ်မှာဆိုရင် အိမ်ရှင် လီဗာပူးလ်ကို အနိုင်ယူဖို့ ခဲယဉ်းတတ်တဲ့ အဲဗာတန်ဟာ လက်ရှိမှာတော့ တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ လိုအပ်နေတာကြောင့် အတော်လေးကို အားထည့် ကစားလာဖို့ ရှိနေသလို အာဆင်နယ်လို အသင်းမျိုးကိုတောင် အနိုင်ယူထားတာကြောင့်လည်း စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အားကောင်းနေနိုင်ပါတယ်။

Photo Credit : The Sun

ဒီနှစ်သင်းက ဘယ်လို အခြေအနေမှာပဲ ဆုံဆုံ မြို့ခံအသင်းတွေ ဖြစ်တာနဲ့အညီ အလွန်ကို အကြိတ်အနယ်ရှိမှာကတော့ မြေကြီးလက်ခတ် မလွဲပါပဲ။ လက်ရှိမှာ နှစ်သင်းလုံးကလည်း ဖိအားတွေကိုယ်စီ ဖြစ်နေကြတာကြောင့်လည်း ဒီဖိအားဒဏ်တွေကနေ အလွတ် ရုန်းထွက်ဖို့အတွက် အခုပွဲကို ရလဒ်ကောင်း ဖော်ဆောင်နိုင်အောင် ကြိုးပမ်းလာကြပါလိမ့်မယ်။ ဒီ အခြေအနေမှာ လီဗာပူးလ် အသင်းရဲ့ ၂၀၂၃ခုနှစ်ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်နိုင်ပွဲကို မာဆေးဆိုက်ဒါဘီမှာ စတင် မြင်တွေ့ရမလား ဒါမှမဟုတ် ရှောင်ဒိုက်ကပဲ အာဆင်နယ်အပြီး လီဗာပူးလ်အသင်းကိုပါ ထပ်မံ အလှထိုးပြနိုင်ဦးမလား ဆိုတာကတော့…

Featured Photo : This is Anfield