မန်ချက်စတာ စီးတီးအသင်းက ဒီနွေမှာ ဆော်ဒီကလပ် အယ်လ် အာလီအသင်းဆီ လက်လွတ်လိုက်ရတဲ့ အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား ရီးယတ်ဒ် မာရက်ဇ် နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ရန်းစ်အသင်းရဲ့ ဘယ်လ်ဂျီယံ ညာတောင်ပံ ကစားသမား ဂျယ်ရမီ ဒိုကူ ကို ခေါ်ယူဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : L’Equipe

မာရက်ဇ် နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် အိုလီဆေး နဲ့ ဒိုကူတို့ နှစ်ဦးကို ပစ်မှတ်ထားခဲ့ရင်း နောက်ဆုံးမှာတော့ ဒိုကူ ကိုပဲ အဓိက ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဒိုကူက လွန်ခဲ့တဲ့ (၃)နှစ်လောက်ကတည်းက ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းကနေ ရန်းစ်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် ရန်းစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၉၁)ပွဲအထိ ကစားထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Youtube

အသက်ငယ်ရွယ်သေးပြီး ဘယ်ညာ တောင်ပံနှစ်ဖက်လုံးကို ကစားနိုင်သူ ဒိုကူဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာ အကြိုက်တွေ့ရတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် အခုလို မာရက်ဇ် နေရာမှာ အစားထိုး စီစဉ်လိုက်တာဖြစ်ပြီး အခုဆိုရင် ဒိုကူ အတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၅.၅)သန်းနဲ့ ခေါ်ယူဖို့ပါ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးက ဒိုကူအတွက် ရန်းစ်အသင်းနဲ့ သဘောတူညီမှု မရခင် သြဂုတ် (၁)ရက်နေ့ကတည်းက ကစားသမားနဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိထားခဲ့တာဖြစ်ပြီး နှစ်ရှည်စာချုပ်ဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Youtube

အခုတော့ မန်စီးတီးက ဒိုကူနဲ့ Here we go ထားနိုင်ခဲ့ပြီဖြစ်လို့ မကြာခင်မှာပဲ ဒီအပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ အမြန်ဆုံး လုပ်ဆောင်ဖွယ်လည်း ရှိနေပါတယ်။ ဒါပေမယ့် ဒိုကူ က တံကောက်ကြော ဒဏ်ရာပြသာနာနဲ့ မကြာခဏ ရင်ဆိုင်ရတတ်သူဖြစ်လို့ မန်စီးတီးအသင်းအနေနဲ့ အန္တရာယ်များတဲ့ ကစားသမား ခေါ်ယူမှုလို့ ဝေဖန်နေကြပါတယ်။ ဒိုကူဟာ ရန်းစ်အသင်းမှာ တံကောက်ကြော ဒဏ်ရာကြောင့် ရက်ပေါင်း (၁၀၉)ရက်အထိ အနားယူခဲ့ရပြီး ပွဲပေါင်း (၁၈)ပွဲအထိလည်း လွဲချော်ခဲ့ရပါတယ်။

Featured Photo : Clutch Points