ကွီးတို့ရဲ့ ဘတ်ငွေ တွေ မိန်းမလက်ထဲ ပါမသွားအောင် အဖွက်တော်ဖို့တော့ လိုပါလိမ့်မယ်။ နေရာကောင်းမှာ ဘယ်လောက်ဖွက်ဖွက် အရှာအဖွေတော်တဲ့ မိန်းမလေးကြောင့် ဘတ်ငွေတွေ ဆုံးရှုံးပြီဆိုရင်တော့ ပိုက်ဆံဖွက်ဖို့အတွက် အထာကျတဲ့ အံဆွဲလေး ကွီးတို့ ဖန်တီးကြည့်လိုက်ပါ။ အိမ်မှာရှိတဲ့ သစ်သားတွေနဲ့ DIY ပြုလုပ်နိုင်မှာ ဖြစ်တာကြောင့် ကွီးတို့ Try ကြည့်လိုက်ပါဦး။

ကွီးတို့ ဘတ်ငွေတွေ ဖွက်ဖို့အတွက် မီးဖိုချောင်သုံး Cabinet တစ်ခု ဖန်တီးရမှာ ဖြစ်ပါတယ်။ ရန်သူ့ရဲ့ အနီးဆုံးမှာ နေရာယူထားတာဟာ လုံခြုံမှု အရှိဆုံးလို့ ပြောကြသလိုပါပဲ။ ကွီးတို့ ဇနီးလေး အမြဲဝင်ထွက်သွားလာနေတဲ့ မီးဖိုချောင်ထဲမှာပဲ ဘတ်ငွေ သိမ်းဖို့အတွက် အံဆွဲပါ Cabinet တစ်ခု ဖန်တီးရမှာပါ။ အခြားသော မီးဖိုချောင်သုံး ပစ္စည်းတွေ ၊ အိမ်သုံးပစ္စည်းတွေနဲ့အတူ ဘတ်ငွေဖွက်လို့ ရမယ့် Cabinet ပြုလုပ်နည်းအဆင့်ဆင့်ကို ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်ပါ။

အဆင့် (၁) ကွီးတို့ အံဆွဲတပ်ဆင်မယ့် ဗီရို သို့မဟုတ် Cabinet ရဲ့ အရွယ်အစားအတိုင်း သစ်သားပြားတွေကို ဖြတ်တောက်ရပါမယ်။ အံဆွဲကို တစ်ဆင့်ပဲ လုပ်မှာလား ဒါမှမဟုတ် ၂/၃ ဆင့်လုပ်မှာလားဆိုတာတော့ ကွီးတို့ စိတ်ကြိုက်ဆုံးဖြတ်နိုင်ပါတယ်။

Photo : I Like To Make Stuff

အဆင့် (၂) ဖြတ်တောက်ထားတဲ့ သစ်သားတွေကို တစ်ခုနဲ့တစ်ခု တွဲဆက်ပြီး ကော်ကပ်ပါ။

Photo : I Like To Make Stuff

အဆင့် (၃) အံဆွဲအကန့်တွေရဲ့ဘေးမှာ Drawers တပ်ဆင်ဖို့လိုက် လိုင်းတစ်ခု ထွင်းပေးပါ။ ဒါမှလည်း ဆံဆွဲတွေဟာ ကျပ်မနေပဲ ရှောရှောရှုရှု အထုတ်အသွင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Photo : I Like To Make Stuff

အဆင့် (၄) အရေးကြီးဆုံး အပိုင်းကတော့ အံဆွဲတွေရဲ့ အဆုံးမှာ ဘတ်ငွေ ဖွက်ဖို့အတွက် သစ်သားနဲ့ သီးသန့်အကန့်လေးတွေ ကန့်ထားဖို့တော့ လိုပါမယ်။ ထို့နောက် အံဆွဲအကန့်တွေကို ကော်ပတ်စား အချောသပ်ပြီး ကွီးတို့ ထည့်မယ့် ဗီရို သို့မဟုတ် Cabinet ထဲမှာ အံဝင်ခွင်ကျဖြစ်‌အောင် စနစ်တကျ တပ်ဆင်ပေးပါ။

Photo : I Like To Make Stuff

အဆင့် (၅) နောက်ဆုံး အဆင့်ကတော့ ဘတ်ငွေ ဖွက်ထားတဲ့ သီးသန့်အကန့်ရှေ့မှာ မီးဖိုချောင်သုံး ပစ္စည်းတွေ စီစီရီရီ ထည့်ထားလိုက်မယ်ဆိုရင်တော့ ကွီးတို့ ဘတ်ငွေတွေကို အိမ်က မိန်းမ မမြင်နိုင်တော့ပါဘူး။

Photo : I Like To Make Stuff

ကဲဒါဆို မိန်းမ မသိအောင် ဘတ်ထားတဲ့ ငွေလေးတွေကို လုံလုံခြုံခြုံ ဖွက်လို့ရမယ့် DIY Cabinet အံဆွဲလေးတွေ ကွီးတို့ အိမ်မှာ လိုက်လုပ်ကြည့် လိုက်တော့နော်။

Source : I Like To Make Stuff

Featured Photo : iStock