လီယွန်နယ် မက်ဆီ ကတော့ အင်တာ မိုင်ယာမီ အသင်းဆီ ရောက်ရှိလာပြီးတဲ့နောက်မှာ အသင်းရဲ့ shape အသင်းရဲ့ form တွေကို ပိုပြီးကောင်းလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို အသင်းရလဒ်တွေလည်း ကောင်းမွန်လာခဲ့ပြီး အသင်းက ကစားသမားတွေနဲ့ပါ တဖြည်းဖြည်းနဲ့ အတွဲအဖက် မိမိ ကစားလာနိုင်ခဲ့ပါတယ်။

Photo Credit : 90Min

ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းနဲ့ပါ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တဲ့ မက်ဆီက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးတဲ့နောက် ဒေးဗစ် ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်ထားတဲ့ အင်တာ မိုင်ယာမီအသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ မိုင်ယာမီ ကလည်း မက်ဆီလို ကစားသမားကြီး တစ်ဦးကို ခေါ်ယူနိုင်ပြီး မရှေးမနှောင်းမှာပဲ မက်ဆီ ရဲ့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘူးစကွက် နဲ့ အယ်လ်ဘာတို့ကိုပါ ထပ်မံ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : OutKick

မက်ဆီက သူရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း ဘူးစကွက်နဲ့အတူ မိုင်ယာမီမှာ ပွဲထွက် ကစားခဲ့ရပြီး မက်ဆီက သူရရဲ့ ပွဲဦးထွက်မှာပဲ နောက်ဆုံး မိနစ် ဖရီးကစ်ဂိုးနဲ့ နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့သလို မိုင်ယာမီ အတွက် ပထမဆုံးအကြိမ် fully debut ကစားခဲ့ရတဲ့ ပွဲစဉ်မှာလည်း မက်ဆီက သွင်းဂိုး (၂)ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ တကယ်တော့ မက်ဆီ က ဘူးစကွက်နဲ့ ပိုပြီး တွဲဖက်မိမိ ကစားနိုင်ခဲ့ရာကနေ အခု ဖင်လန် ကစားသမား ရောဘတ် တိုင်လာနဲ့ပါ အချိတ်အဆက်တွေ ကောင်းလာခဲ့ရင်း အတ္တလန်တာ ယူနိုက်တက်နဲ့ ပွဲမှာပဲ မက်ဆီ နဲ့ တိုင်လာတို့ အပြန်အလှန် ဂိုးဖန်တီးရင်း နှစ်ယောက်လုံးလည်း ဂိုး (၂)ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Youtube

မက်ဆီ မိုင်ယာမီအသင်းဆီ ရောက်လာချိန်မှာ အသင်းအတွက် ပထမဆုံး ပွဲစဉ် ကစားပြီးချိန်မှာပဲ သူရဲ့အသင်းဖော်သစ်တွေ အားလုံးအတွက် ပန်းရောင် beats by Dre တံဆိပ် headphones တွေကို လက်ဆောင်ပေးသွားခဲ့တယ်လို့ မိုင်ယာမီ နောက်ခံလူ ယက်ဒလင်းက ပြောဆိုသွားခဲ့ပါတယ်။ ဒီလို ပြုမှုပေးတာကြောင့် မက်ဆီ နဲ့ သူ့အသင်းဖော်တွေကြား ကွင်းအတွင်း ကွင်းအပြင် ဆက်ဆံရေးကောင်းတွေ ပိုမို ရရှိလာနိုင်ပြီး အသင်းအတွက်ကိုလည်း အကောင်းဆုံး အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

Featured Photo : SPORTbible