နည်းပညာတွေ တိုးတက်လာတဲ့အမျှ ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှာ နည်းပညာ ကို အသုံးချပြီး လူသားများရဲ့ ဘဝအတွက် ပိုမိုလွယ်ကူစေဖို့ လုပ်ဆောင်လာကြပါတယ်။ ထို့အတူ မိုဘိုင်းလ်နည်းပညာများ ကလည်း တစ်နေ့တစ်ခြား တိုးတက်ဖွံဖြိုးလာတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးရှိရုံနဲ့တင် ဆက်သွယ်ဖို့တင်သာမက ကျွန်တော်တို့ အသုံးချလို့ရတာ တော်တော်များများ ရှိပါတယ်။ Ericsson & The Radicati Group ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ စမတ်ဖုန်းအသုံးပြုသူဦးရေမှာ ၆.၆၄ ဘီလီယံရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတိုးတက်လာမဲ့ ဖုန်းအသုံးပြုသူများသာမက မိုဘိုင်းလ်ဖုန်း နည်းပညာများကလည်း တိုးတက်လာဖို့ပဲ ရှိပါတယ်။ ဆက်လက်ပြီးတော့ ဒီဆောင်းပါးလေးမှာ ကွီးတို့ကို ဝိုးကနဲ့ ဖြစ်သွားစေမဲ့ ဖွံဖြိုးလာတဲ့ မိုဘိုင်းလ်ဖုန်း နည်းပညာ တွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

Cloud-Based Mobile Applications

Photo : Cloud Awards

ပထမဆုံးဖော်ပြပေးချင်တဲ့ မိုဘိုင်းလ် နည်းပညာ တစ်ခုကတော့ Cloud-Based Mobile Applications ပဲဖြစ်ပါတယ်။ AI၊ Machine Learning စတဲ့ အဆင့်မြင့်နည်းပညာများ ပေါင်းစပ်ထားသည့် အက်ပ်များက မိုဘိုင်းလ်စက်ပစ္စည်းရဲ့ အတွင်းမှတ်ဉာဏ်တွင် သိုလှောင်မှုများစွာ လိုအပ်ပါတယ်။ သို့သော် ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Gigabyte အရွယ် သုံးစွဲသူများအတွက် ရွေးချယ်မှုတစ်ခုတော့ မဟုတ်ပါဘူး။ ဒီနည်းပညာက Cloud computing ကို အသုံးပြုပြီး ထိုပြဿနာကို လွယ်ကူစွာဖြေရှင်းနိုင်ပါတယ်။ အဝေးထိန်းဆာဗာများက ဒေါင်းလုဒ်လုပ်ထားသော အက်ပ်တစ်ခုရဲ့ လုပ်ဆောင်မှုအတွက် လိုအပ်သောသိုလှောင်မှုနေရာကို ပေးစွမ်းပြီး ကွီးတို့ရဲ့ မိုဘိုင်းလ်စက်ပစ္စည်းရဲ့ အတွင်းမှတ်ဉာဏ်ကို မထိခိုက်စေပါ။ ဒီအချက်က ဖုန်းများအတွက် တကယ်ကို အဆင်ပြေတဲ့ အချက်ပါပဲ။

Mobile Payments

Photo : Das ist Visa

လက်ရှိတွင် eCommerce ဟာ ကမ္ဘာပေါ်တွင် အလျင်မြန် ဆုံးဖွံ့ဖြိုးဆဲစျေးကွက်များထဲမှ တစ်ခုဖြစ်ပြီး မိုဘိုင်းလ်စျေးဝယ်ခြင်းက ထိပ်တန်း ခေတ်ရေစီးကြောင်းများထဲမှ တစ်ခု ဖြစ်လာပါတယ်။ ထို့ကြောင့် မိုဘိုင်းငွေပေးချေမှု လိုအပ်ချက်ကလည်း ကြီးထွားလျက်ရှိပါတယ်။ ကမ္ဘာတစ်လွှားမှာ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် မိုဘိုင်းငွေပေးချေမှု အက်ပ်အသုံးပြုသူ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဘဏ်လုပ်ငန်းဆိုင်ရာ အပလီကေးရှင်းများစွာအပြင် ၊ ကမ္ဘာပေါ်မှာ အသုံးအများဆုံး ငွေပေးချေမှုအက်ပ်များမှာ Apple Pay၊ Google Pay၊ PayPal၊ AliPay၊ WeChatPay နှင့် Zelle တို့ပါဝင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ မိုဘိုင်းငွေပေးချေမှုများအတွက် eCommerce အက်ပ်များကို တီထွင်ထုတ်လုပ်သည့် လမ်းကြောင်းများသည် ကမ္ဘာတစ်လွှားမှာ ဆက်လက် တိုးတက်နေမှာ ဖြစ်ပါတယ်။

5G Connectivity

Photo : Daily Sabah

အင်တာနက် မြန်နှုန်းများအနေဖြင့် 3G ကနေ 4G စသည်ဖြင့် တိုးတတ်ပြောင်းလဲလာရာ ယခုခေတ်တွင် 5G အဖြစ်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ 5G စံနှုန်းသည် 4G ထက် အဆ ၁၀၀ ပိုမြန်ပါတယ်။ 5G သည် ဆယ်လူလာဖုန်းကုမ္ပဏီများမှ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းတွင် စတင်ဖြန့်ကျက်အသုံးပြုခဲ့သည့် Broadband ဆယ်လူလာကွန်ရက်များအတွက် ပဉ္စမမျိုးဆက် နည်းပညာစံနှုန်း ဖြစ်ပါတယ်။ 5G ကွန်ရက်များကို ၂၀၂၄ ခုနှစ်တွင် ကမ္ဘာရဲ့ ၄၀ ရာခိုင်နှုန်းခန့် လွှမ်းခြုံနိုင်မည်ဖြစ်ပြီး မိုဘိုင်းအသွားအလာ ဒေတာအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Enhanced Mobile Security

Photo : Quixxi Security

ယနေ့ခေတ်တွင် ဘဏ်များ သို့မဟုတ် လေကြောင်းလိုင်းကုမ္ပဏီများ အစရှိတဲ့ လုပ်ငန်းများမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင်မိုဘိုင်းလ် အက်ပလီကေးရှင်းများ ရှိပါတယ်။ အသုံးပြုသူများက ထိုအက်ပ်များတွင် လျှို့ဝှက်အချက်အလက်များကို ထည့်သွင်းပြီးမှ အသုံးပြုခြင်းများ ပြုလုပ်ရတာကြောင့် ၎င်းအက်ပ်များမှာ ကောင်းမွန်သော လုံခြုံရေးအစီအမံများ လိုအပ်ပါတယ်။ ယခုအချိန်မှာလည်း ထိုလုံခြုံရေးကို အလေးထား လုပ်ဆောင်ထားသော်လည်း သတိထားရမဲ့ ပြဿနာ ဖြစ်နေပါသေးတယ်။ မဝေးတော့သော အနာဂတ်အတွက် မိုဘိုင်းဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးသည် အပလီကေးရှင်းများတွင် တပ်ဆင်ထားသော လုံခြုံရေးအင်္ဂါရပ်များကို ဖန်တီးရန် ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့အပြင် Blockchain ဟာ မိုဘိုင်းလ်ဒေတာကာကွယ်မှု သေချာစေရန်အတွက် အသုံးပြုမည့် အဓိကနည်းပညာဖြစ်လာမှာ ထင်ရှားတယ်လို့ ဆိုပါတယ်။

Voice Recognition

Photo : Appen

ကွီးတို့ကို ဖော်ပြပေးချင်တဲ့ နောက်ထပ် မိုဘိုင်းလ် နည်းပညာ တစ်ခုကတော့ Voice Recognition ပဲဖြစ်ပါတယ်။ Voice Recognition က မိုဘိုင်းလ်အက်ပ်များနှင့် မျက်နှာပြင်ကို ပွတ်ဆွဲခြင်း သို့မဟုတ် ထိခြင်းထက် ပိုပြီး သဘာဝကျတဲ့အပြင် စိတ်ကျေနပ်စေသော နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းပညာကလည်း အက်ပ်များတွင် ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ မဝေးတော့သော အနာဂတ်တွင် Artificial Intelligence ဉာဏ်ရည်တုကို အခြေခံပြီး ပိုမိုခိုင်မာပြီး ကောင်းမွန်သော ပရိုဂရမ်များကို ကျွန်တော်တို့ ထိတွေ့လာနိုင်ပါတယ်။

ကွီးတို့ရေ နည်းပညာရဲ့ တိုးတက်မှုကတော့ တကယ်ကို ဝိုးကနဲ့ ဖြစ်သွားစေလောက်အောင် အံ့မခန်းပါပဲနော်။ မိုဘိုင်းလ်နည်းပညာ တိုးတက်မှုတွေ အများကြီးရှိသေးတာကြောင့် ဆက်လက်ပြီးတော့ ကွီး Page ကနေ ဖော်ပြပေးပါဦးမယ်။

Source : Sam Solutions

Featured Photo : Maruti tech