တစ်ဖက်သတ်အချစ်၊ မြင်မြင်ချင်း ချစ်မိသွားတဲ့အချစ်၊ အမြဲတမ်း အသည်းကွဲနေရတဲ့ အလွမ်းအဆွေးအချစ်၊ ကိုယ်ချိန်လိုက်တိုင်း ပါ ပါ သွားတဲ့ ချိန်ပါအချစ် စသည်ဖြင့် အချစ်ကို အမျိုးအစားအမျိုးမျိုး ခွဲခြားနိုင်ပါတယ်။ ထိုအချစ်မျိုးတွေထဲကမှ မြင်မြင်ချင်း အချစ် ပိုင်ဆိုင်ထားတဲ့ ကွီးတို့အနေနဲ့ ကိုယ့် Crush လေးကို ဖွင့်ပြောဖို့အတွက် မရဲတရဲဖြစ်နေတယ်ဆိုရင်တော့ ဒီ သီချင်း လေးတွေကနေတဆင့် ဖွင့်ဟပြောပြနိုင်ပါတယ်။

Photo: Naibuzz

Love At First Sight – Kylie Minogue

EDM သီချင်းမျိုးတွေကို နှစ်သက်တဲ့သူတွေအတွက်တော့ ဒီသီချင်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ အာမခံပါတယ်။

Call Me Maybe – Carly Rae Jepsen

ဒီသီချင်းလေးကတော့ မြူးမြူးကြွကြွနဲ့ သီဆိုလို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ Carly Rae Jepsen ရဲ့ Hit ဖြစ်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါပဲ။

Get Together – Madonna

Madonna ကတော့ ပေါ့ပ်ဘုရင်မလို့ တင်စားခံစားသူတစ်ယောက်ဖြစ်ပါတယ်။ ဒီသီချင်းလေးကဆိုရင် နားထဲမှာ စွဲနေစေမယ့် သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

I Knew I Loved You – Savage Garden

၂၀၀၀ ပြည့်နှစ် အစောပိုင်းတွေတုန်းက ထွက်ရှိခဲ့တဲ့ Rock & Roll သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

She Will Be Loved – Maroon 5

Pop အဆိုတော်တွေထဲမှာ Maroon 5 သည်လည်း နာမည်ကြီးကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ She Will Be Loved ကလည်း သူ့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ပါပဲ။

မြင်မြင်ချင်း အချစ် မျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက် ကိုယ့် Crush ကို သီချင်း ဆိုပြချင်တယ်ဆိုရင် ဒီသီချင်းကို နံပါတ် (၁) ဦးစားပေးအဖြစ် ဆိုပြဖို့ အကြံပေးချင်ပါတယ်။

Love At First Sight – Michael Buble

Jazz တေးဂီတအမျိုးအစား နားဆင်ခံစားချင်သူများကတော့ ဒီသီချင်းလေးကို ရွေးချယ်နိုင်ပါတယ်။

Love Story – Taylor Swift

Taylor Swift ရဲ့ Love Story ကလည်း မြင်မြင်ချင်း အချစ် မျိုး ပိုင်ဆိုင်ထားတဲ့ ကွီး တို့အတွက် နားဆင်ခံစားသင့်တဲ့ သီချင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။

Say You Won’t Let Go – James Arthur

ဒီသီချင်းလေးကတော့ ဂီတာအသံလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းလေးသီဆိုထားတာဖြစ်ပါတယ်။ James Arthur ရဲ့ အသံနဲ့ သီချင်းရဲ့ လိုက်ဖက်နေမှုကိုလည်း တွေ့မြင်ခံစားနိုင်ပါတယ်။

Déjà vu – J.Cole

ရက်ပ်သီချင်းများ ကြိုက်နှစ်သက်တဲ့ ကွီးတို့ကတော့ J.Cole ရဲ့ သီချင်းလေးကို နားဆင်ခံစားရင်း ပြန်လည်သီဆိုနိုင်ပါတယ်။ ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးချင်ပြီး လိုအပ်ပါက အသက်တောင် လဲပစ်ဖို့ ဝန်မလေးကြောင်း သီဆိုထားတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

You Had Me From Hello – Kenny Chesney

Country သီချင်းတွေကို နှစ်သက်တဲ့ကွီးတို့အတွက်တော့ ဒီသီချင်းလေးက နားထောင်လို့အကောင်းဆုံးပါပဲ။

မြင်မြင်ချင်း အချစ် မျိုး ပိုင်ဆိုင်ထာားတဲ့ ကွီး တို့လည်း ကိုယ့်ရဲ့ Crush ကို ဒီ သီချင်း လေးတွေနဲ့ ဖွင့်ဟပြောဆိုရင်း ကိုယ် လိုချင်တဲ့အဖြေမျိုး ရနိုင်ကြပါစေလို့ မျှော်လင့်မိပါတယ်။

Source: Tonestart

Featured Image: Instrumentio