အမျိုးသားတွေအတွက် Daily Skincare Routine ထဲမှာ Eye Cream လိမ်း ဖို့ကိုပါ မပါမဖြစ် ထည့်သွင်းထားသင့်ပါတယ်။ Eye Cream ဟာ ကျွန်တော်တို့ရဲ့ မျက်လုံးအောက်မှာရှိတဲ့ အရေပြားကို တင်းရင်းစေပြီး အသက်အရွယ်ကြောင့် ဖြစ်ပေါ်တက်တဲ့ အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို လျော့ပါးသက်သာစေဖို့ ကာကွယ်တားဆီးပေးနိုင်တဲ့ အစွမ်းထက် အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ မျက်လုံးအောက်မှာရှိတဲ့ အရေပြားဟာ တခြားသောအရေပြားနေရာတွေထက် ပိုမိုပါးလွှာပြီး နူးညံ့ပျော့ပျောင်းတဲ့အပြင် လှုပ်ရှားမှုများတဲ့ အရေပြားဧရိယာတစ်ခု ဖြစ်တာကြောင့် အသားအရေခြောက်သွေ့တာ ၊ အသားအရေးတင်းကျပ်တာတွေ အဖြစ်လွယ်ပါတယ်။

အသက်အရွယ်အရလည်း မျက်လုံးအောက် အရေပြားရဲ့ Elasticity လျော့နည်းစေတာကြောင့် အရေးအကြောင်းနဲ့ လိုင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုပါ အိုမင်းခြင်းလက္ခဏာတွေကို သိသိသာသာ လျော့ပါးစေဖို့အတွက်ဆိုရင်တော့ Eye Cream ပုံမှန်လိမ်းပေးတာဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး မှန်ကန်တဲ့ Eye Cream လိမ်းပုံလိမ်းနည်း အဆင့်ဆင့်ကို အောက်မှာဆက်လက် လေ့လာကြည့်ရအောင်ပါ။

Photo : jesse jimz

ပထမအဆင့်အနေနဲ့ကတော့ မှန်ကန်တဲ့ ထုတ်ကုန်အမျိုးအစားကို ရွေးချယ်ဖို့ပါပဲ။ Eye Cream တွေမှာ အမျိုးအစားနဲ့ မတူညီတဲ့ အာနိသင်တွေ အများကြီး ရှိပါတယ်။ အရေးအကြောင်းတွေ သက်သာစေတာ ၊ အစ်မို့ရောင်းရမ်းတာ လျော့ကျစေတာ ၊ မျက်ကွင်းညိုခြင်းကို သက်သာစေတာနဲ့ အသားအရေခြောက်သွေ့ခြင်းကို သက်သာစေတာ စသည်ဖြင့် အများကြီးပါ။ ကိုယ်က ဘယ်လို Eye Cream အမျိုးအစားနဲ့ အာနိသင်မျိုးကို လိုချင်တာလည်းဆိုတာကို သေချာသိထားမှ ကိုယ့်အသားအရေအတွက် ကိုက်ညီတဲ့ အကောင်းဆုံး ထုတ်ကုန်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်ကတော့ လိမ်းရမယ့်ပမာဏပါ။ Eye Cream လိမ်းတဲ့အခါ ပဲစေ့လေ့ပမဏကိုပဲ လိမ်းပေးရမှာ ဖြစ်ပါတယ်။ အရမ်းအများကြီး လိမ်းဖို့မလိုပါဘူး။ မျက်လုံးအောက်နား ၂ ဖက်လုံးကို သေချာလိမ်းနိုင်ဖို့အတွက် လိုအပ်တာက ပဲစေ့အရွယ်ပမာဏပဲ ဖြစ်ပါတယ်။

တတိယအဆင့်ကတော့ လိမ်းနည်း Technique ပါပဲ။ Eye Cream လိမ်းတဲ့အခါ ဒါဟာသိပ်ကို အရေးကြီးပါတယ်။ Cream ကို ဗူးထဲကနေ လက်ချောင်းထိပ်လေးနဲ့ တို့ယူပြီး လက်ချောင်းထိပ် ၂ ခုနဲ့ Cream လေးတွေကို ညင်သာစွာ ပွတ်ချေပေးပါ။ ပြီးရင်တော့ မျက်လုံးအောက် အရေပြားပေါ်ကို တင်ပြီး Cream လေးတွေ အရေပြားထဲ စိမ့်ဝင်သွားတဲ့အထိ ညင်သာစွာ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ မျက်လုံးနဲ့အနီးဆုံး အရေပြားနေရာတွေကို မလိမ်းမိစေဖို့ သတိထားပါ။ လက်ချောင်းထိပ်လေးတွေနဲ့သာ မျက်လုံးအောက်အရေပြားပေါ် ခပ်ဖွဖွနဲ့ အားမပါပဲ မိနစ်အနည်းငယ်ကြာ ညင်ညင်သာသာ ပွတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။

Photo : jesse jimz

Eye Cream ကို ဘယ်အချိန်မှာ လိမ်းပေးတာ ပိုထိရောက်လဲဆိုရင်တော့ ညဘက်အိပ်ရာမဝင်ခင် မျက်နှာကို သေချာဆေးကြောသန့်စင်ပြီး လိမ်းတာဟာ အထိရောက်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။

ကွီးတို့ရော အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို ကာကွယ်ဖို့အတွက် Eye Cream သုံးဖြစ်ပါရဲ့လား ???

Source : Style Standard

Featured Photo : Tiege Hanley