အာဆင်နယ် နဲ့ ဆောက်သမ်တန်။ ဘယ်သူမဆို ဒီပွဲ ဘယ်လိုရလဒ် ထွက်မလဲဆိုတာ အလွယ်တကူပဲ မှန်းဆနိုင်ပါလိမ့်မယ်။ အာဆင်နယ် နိုင်မယ်ဆိုပြီးပေါ့။ ဒါပေမယ့် လက်တွေ့မှာ ဆင်ပျံကြီးတို့က (1-3) ဆိုတဲ့ ရလဒ်ကနေ မရှုံးသွားရအောင် ချေပဂိုးတွေ အသည်းအသန် လိုက်သွားရင်း နောက်ဆုံး (3-3) နဲ့ အဆုံးသတ်သွားပါတယ်။

Photo Credit : Twitter

လီဗာပူးလ်နဲ့ပွဲ ဝက်စ်ဟမ်းနဲ့ပွဲ အဲ့ဒီ (၂)ပွဲလုံး (၂)ဂိုးပြတ်နဲ့ သမထားပြီး (၂)ဂိုး ပြန်ခွင့်ပြုရင်း သရေကျခဲ့ရတယ်။ စုစုပေါင်း (၄)မှတ် ဆုံးရှုံးခဲ့တယ်။ အဲ့လို အမှတ်လျော့ထားရာကနေ အကောင်းဆုံး bounce back လုပ်နိုင်ဖို့က ဇယားအောက်ခြေမှာ ပျားတုပ်နေတဲ့ ဆောက်သမ်တန်ကို အနိုင်ကစားဖို့ပါပဲ။ ပိုပြီး အနိုင်ရသင့်တာကလည်း ဒီတစ်ပတ်မှာ စီးတီးက FA Cup ရှိနေလို့ လိဂ်ပွဲ ရွှေ့ထားချိန် အမှတ်ဖြတ်ထားနိုင်သင့်လို့ပါပဲ။ ခုကတော့ (၃)ပွဲဆက် သရေနဲ့ (၆)ပွဲအထိ ဆုံးရှုံးလိုက်ရတာက ဆင်ပျံအတွက် ရင်ခံချင်စရာပါပဲ။

Photo Credit : Twitter

အမှတ်ပေးဇယား အောက်ခြေမှာ ရှိနေပြီး ရလဒ်တွေကလည်း ဘာမှ မက်လောက်စရာ မရှိတဲ့ ဆောက်သမ်တန်ဆီကနေ အာဆင်နယ်က လုံးဝကို အမှတ်ပြည့် ရယူထားသင့်ပေမယ့် ဆောက်သမ်တန်ရဲ့ ဦးဆောင်မှုတွေ အနောက်ကသာ လိုက်ကစားရင်း မရှုံးအောင် မနည်း အားထုတ် ကစားလိုက်ရပါတယ်။ only premier league ကိုသာ အာရုံစိုက်ထားရချိန်မှာ အာဆင်နယ်က title pressure ဒဏ်ကို မခံနိုင်ပဲ ပန်းဝင်ခါနီးမှ ဆက်တိုက်ကို ခြေချော်နေရပါတယ်။

Photo Credit : Twitter

အခုတော့ အာဆင်နယ် နဲ့ မန်စီးတီးတို့ကြား (၅)မှတ်သာ ကွာဟနေတော့ပြီး ဒီတစ်ပတ်ရဲ့ကြားရက်မှာပဲ ထိပ်တိုက် အီတီဟတ်မှာ တွေ့ဆုံပါမယ်။ စီးတီးက ဒီအခြေအနေမှာ သူ့ကြမာ သူဖန်တီးခွင့်လည်း ရှိနေပြီဖြစ်လို့ လုံးဝ အမှားခံမှာ မဟုတ်ပဲ အဲ့ဒီပွဲကိုလည်း ရလဒ်ကောင်းတစ်ခု မဖြစ်နေ ရယူပါလိမ့်မယ်။ တကယ်လို့ အာဆင်နယ်က စီးတီးကို နိုင်ခဲ့မယ်ဆိုရင်လည်း စီးတီးက ပွဲကျန် (၂)ပွဲတောင် ရှိနေသေးသလို အာဆင်နယ်ရဲ့ ခြေချော်မှုဟာလည်း ထပ်မံ မြင်ကောင်းမြင်ရနိုင်သေးတာမို့ အာဆင်နယ်အနေနဲ့ အရေးကြီး လုပ်စရာက စီးတီးကို မဖြစ်ဖြစ်အောင် အနိုင်ကစားဖို့ပါပဲ။

Featured Photo : Twitter