စာရေးသူတို့ ယောကျာ်းလေး အများစုက Bodybuilding လုပ်ကြပြီဆိုရင် Six-Pack ကြွက်သားတွေကို ဦးစားပေး ကစားချင်ကြပါတယ်။ တကယ်တော့ Abs ကြွက်သားတွေအပြင် ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်မှု ပိုရှိစေတာဟာ ရင်အုပ် မာဆယ်တွေပါပဲ။ ယောကျာ်းပီသမှု အပြည့်ရှိတဲ့ ရင်အုပ်ကျယ်ကျယ် ပခုံးကားကား ဘော်ဒီမျိုးကတော့ ပျိုမဒီတွေသာမက ယောကျာ်းလေးချင်းပါ လည်ပြန်ကြည့်ရတာမျိုးလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရင်အုပ်ကြွက်သား အမိုက်စားကြီးရချင်တဲ့ ကွီးတို့အတွက် ကစားသင့်တဲ့ လေ့ကျင့်ခန်းနည်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) Push-Ups

Photo : Men’s Journal

ရင်အုပ် ကြွက်သားတွေအတွက်ဆို ဘယ်တော့မှ မရိုးနိုင်တဲ့ လေ့ကျင့်ခန်းကတော့ Push-Ups ပါပဲ။ လွယ်ကူရိုးရှင်းတယ် ၊ ကိရိယာလွတ် ကစားနိုင်တဲ့အတွက် ကွီးတို့ အချိန်နေရာမရွေး ကစားလို့ အဆင်ပြေပါတယ်။

(၂) Dips

Photo : Men’s Journal

Dips လေ့ကျင့်ခန်းကိုတော့ အားလုံးပဲ သိပြီးသား ဖြစ်မှာပါ။ ရင်အုပ် ကြွက်သားတွေကို ကြီးထွားသန်မာစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်သလို အပေါ်ပိုင်းဘော်ဒီကို တောင့်တင်း ကြံ့ခိုင်လာစေမှာ ဖြစ်ပါတယ်။ Dip Machine ဒါမှမဟုတ် ခိုင်ခံ့တဲ့ Parallel Bars တန်းတစ်ခု ရှိရုံနဲ့ ကစားလို့ ရပါတယ်။

(၃) Star Plank

Photo : Men’s Journal

Plank လို့ပြောရင် ဗိုက်ကြွက်သားတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းလို့ လူသိများပါတယ်။ Star Plank ကတော့ ပုံမှန် Plank လေ့ကျင့်ခန်းနဲ့ မတူပဲ လက်ကို ပခုံးအကျယ်အထက် အနည်းငယ်ပိုချဲ့ကားပြီး ထောက်ပေးရမှာပါ။ Star Plank က ဗိုက်ကြွက်သားတွေရော ရင်အုပ် မာဆယ်တွေကိုပါ ထိစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

(၄) Plank Reach Under

Photo : Men’s Journal

ဒီလေ့ကျင့်ခန်းကလည်း Plank ကိုမှ မတူညီတဲ့ ပုံစံနဲ့ ကစားရမှာ ဖြစ်ပါတယ်။ Plank Position အတိုင်း ပုံစံယူပြီး လက်ကို ရင်အုပ် အောက်ဘက်ကနေ ဆန့်ကျင်ဘက်လားရာ ဆီသို့ ဆန့်ထုတ်ပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ ပြောင်းလဲပြီး ကစားပေးရပါမယ်။

(၅) Wide-Grip Pushup

Photo : Men’s Journal

နောက်ဆုံးဖော်ပြပေးချင်တဲ့ ကိရိယာလွှတ်ကစားနိုင်တဲ့ အကောင်းဆုံး ရင်အုပ် လေ့ကျင့်ခန်း ကတော့ Wide-Grip Pushup ပါ။ ပုံမှန် Pushup လေ့ကျင့်ခန်းနဲ့ မတူပဲ လက်ကို ပခုံးအကျယ်အထက် အနည်းငယ်ပိုချဲ့ကားပြီး ဒိုက်ထိုးရမှာ ဖြစ်ပါတယ်။

Source : Men’s Journal

Featured Photo : Boss Hunting