ဒီနှစ်ထဲမှာ ကွီးတို့ရဲ့ အသွင်အပြင်ကို ပြန်လည်ပြင်ဆင်ဖို့ စဉ်းစားထားလား ? ဒါဆိုရင်တော့ အရင်ဆုံး ချိန်းရမှာက ဆံပင်စတိုင်ပါပဲ။ ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ ပြောကြသလိုပါပဲ ဆံပင်ပုံစံက ကွီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စတိုင်ကို များစွာ ကိုယ်စားပြုသလို ကွီးတို့ရဲ့ ရုပ်ရည်အသွင်အပြင်ကိုလည်း အများကြီး ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံပင် ကေအသစ် ချိန်းဖို့ တွေးထားတဲ့ ကွီးတို့အတွက် ရွေးချယ်စရာ အမိုက်စား ဆံပင်စတိုင် အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) Shaggy Haircut

Photo : The Right Hairstyles

Shaggy Haircut ကတော့ ဆံပင်အရှည် စတိုင်ကိုမှ သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး ရှိတဲ့ ပုံစံမျိုး ကြိုက်တဲ့ ကွီးတို့အတွက်ပါ။ လှိုင်းတွန့် ဆံပင်ကောက်သားကိုမှ ခပ်ပြေပြေလေးနဲ့ အထပ်ထပ် ပုံစံလေး ပုံသွင်းထားပြီး အထူးတလည် ကေ သ,နေရတာမျိုး မဟုတ်ပဲ သဘာဝဆန်ဆန်လေး ထားရတာ ဖြစ်ပါတယ်။ ဆံပင်အရှည်လည်း ကြိုက်တယ် ၊ ပေါ့ပေါ့ပါးပါးနဲ့ Cool ဖြစ်တဲ့ Vibe မျိုး ကြိုက်တယ်ဆိုရင်တော့ Shaggy Haircut က သေချာပေါက် ရွေးချယ်စရာတစ်ခုပါ။

(၂) Buzz Cut

Photo :The Fashionisto

Buzz Cut ကတော့ ယောကျာ်းလေးတွေအတွက် ဘယ်တော့မှ ရိုးမသွားတဲ့ ဆံပင်စတိုင် တစ်ခုပါပဲ။ Buzz Cut လည်း မညှပ်ဖူးဘူး ၊ ဆံပင် ကေအသစ် ချိန်းဖို့လည်း တွေးနေရင်တော့ ဒီဆံပင်စတိုင်က နှစ်ခါပြန် စဉ်းစားစရာမလိုပဲ သေချာပေါက် Try ကြည့်သင့်ပါတယ်။ Buzz Cut ဆံပင်စတိုင်က Low-Maintenance ဖြစ်တယ် ၊ ရှင်းသန့်ပြီး အထာကျတဲ့ Clean-Cut Style မျိုး ပေးစွမ်းသလို လူတိုင်းနဲ့ လိုက်ဖက်တဲ့ အကောင်းဆုံး ဆံပင်ပုံစံတွေထဲက တစ်ခုဖြစ်ပါတယ်။

(၃) Fade Mullet

Photo : XO Salon & Spa

လက်ရှိ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဆံပင်စတိုင်တစ်ခုကတော့ Mullet ပါ။ Mullet ကိုမှ ခေတ်ဟောင်းနဲ့ ခေတ်ပေါ်စတိုင် ၂ ခုကို ပေါင်းစပ်ထားတဲ့ Fade Mullet ဆံပင် ကေအသစ် ကတော့ အခုခေတ် လူငယ်ပိုင်းတွေမှာ ပိုပြီး အညှပ်များလာတဲ့ Haircut တစ်ခုလို့ ပြောရင် မမှားပါဘူး။ ထူးခြားပြီး စွဲမက်ဖွယ်အသွင်အပြင် Mullet Shape ကိုမှ Faded Undercut ပုံစံနဲ့ ပေါင်းစပ် ညှပ်ထားတဲ့အတွက် တော်တော်လေး Unique ဖြစ်သလို ဆွဲဆောင်မှုလည်း ပိုရှိပါတယ်။

(၄) Side Part

Photo : The Mailroom Barber Co

Classic ဖြစ်ဖြစ်နဲ့ ဘယ်တော့မှ ရိုးမသွားမယ့် Timeless ဆံပင်စတိုင်မျိုး လိုချင်ရင်တော့ Side Part က သေချာပေါက် ရွေးချယ်စရာ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ ဆံပင်ဘေးနောက် အားလုံးကို ခပ်တိုတို ပါးပါး ပုံသွင်းထားပြီး သပ်သပ်ရပ်ရပ်နဲ့ သန့်ပြန့်တဲ့ အသွင်အပြင်မျိုး ပေးစွမ်းပါတယ်။ Formal ရော Casual Occasions အတွက်ပါ အဆင်ပြေပြီး ဘယ်နေရာရောက်ရောက် အထာကျကျနဲ့ သန့်ပြန့်ပြီး တည်ကြည်ခန့်ညားတဲ့ ကွီးတစ်ယောက်ဖြစ်စေမယ့် Haircut တစ်ခုပါပဲ။

ကွီးတို့ ဆံပင် ကေအသစ် ချိန်းဖို့တွေးနေတယ် ဆိုရင်တော့ အခုပြောပြခဲ့တဲ့ Haircuts တွေက လုံးဝနှစ်ခါပြန် စဉ်းစားစရာမလိုပဲ ညှပ်လို့အဆင်ပြေတဲ့ ဆံပင်စတိုင်တွေပါပဲ။

Source : magicpin

Featured Photo : Men’s Journal