ဒီတစ်ပတ် ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ဆုံပြီး ပျော်ပျော်ရွှင်ရွှင် အချိန်တွေကုန်ဆုံးရင်း တစ်ပတ်တာ အမောတွေကို‌ ဖြေဖျောက်ဖို့ စဉ်းစားနေတဲ့ ကွီးတို့ ရှိပါသလား။ ဘော်ဒါတွေနဲ့ဆုံပြီး ကိုယ်ကြိုက်နှစ်သက်ရာ အဖျော်ယမကာများကို သုံးဆောင်ရင်း Chill ချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့က အလန်းစား ဘားများ ကိုဝေမျှပေးချင်ပါတယ်။

AQ Bar & Bistro

Photo : AQ Bar & Bistro Facebook Page

ပထမဆုံးဖော်ပြပေးချင်တဲ့ ရန်ကုန်မြို့က ဘားများ ထဲက တစ်ခုကတော့ မြို့ထဲက ကွီးတွေအတွက် ဘော်ဒါတွေနဲ့ Chill လို့ရမဲ့ AQ Bar & Bistro လေးပဲ ဖြစ်ပါတယ်။ လိပ်စာကတော့ အမှတ် ၇၆၊ လမ်း ၅၀၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်၊ ပုဇွန်တောင်မြို့နယ်ပဲ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၂ နာရီကနေ ည ၁၁ နာရီထိဖွင့်ပါတယ်။ ညနေခင်း ရုံးဆင်းချိန် ဘော်ဒါတွေနဲ့ ဆုံပြီး ပျော်ရွှင်စရာအချိန်လေးတွေ ကုန်ဆုံးဖို့ ကွက်တိပါပဲ။

Level 2

Photo : Level 2 Facebook Page

တေးဂီတများကို ခံစားရင်း ဘော်ဒါတွေနဲ့ဆုံပြီး Chill လို့ကောင်းတဲ့ ရန်ကုန်မြို့က ဘားများ ထဲက တစ်ခုကတော့ Level 2 ဘားပဲဖြစ်ပါတယ်။ ဒီအလန်းစား ဘားလေးရဲ့ လိပ်စာကတော့ ကန်သာယာ Center ၊ ကန်ရိပ်သာလမ်း၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ ဒီဘားလေးကတော့ နေ့လည် ၁၂ နာရီကနေ ည ၁၀ နာရီခွဲ အထိဖွင့်ပါတယ်။

The Envoy Bar & Bistro

Photo : The Envoy Bar & Bistro Facebook Page

ကွီးတို့ ဘော်ဒါတွေနဲ့ အတူ အရသာရှိတဲ့ အစားအသောက်တွေ စားရင်း အဖျော်ယမကာများနဲ့အတူ အေးအေးဆေးဆေး ထိုင်ချင်တယ်ဆိုရင်တော့ The Envoy Bar & Bistro ဆိုတဲ့ ဘားလေးရှိပါတယ်။ လိပ်စာကတော့အမှတ် ၁၀၈၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်) ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့မှာ ရှိပါတယ်။ မနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီထိ ဖွင့်လှစ်ထားပါတယ်။

Inya View Rooftop Bar

Photo : Inya View Rooftop Bar Facebook Page

လေနုအေးလေးတွေကို ခံစားရင်း အင်းယားကန်ရဲ့ အလှကို ခံစားချင်တဲ့ ကွီးတို့ ဘော်ဒါတစ်သိုက်အတွက် Inya View Rooftop Bar လေးရှိပါတယ်။ ညနေခင်း နေဝင်ဆည်းဆာ ခံစားရင်း ထိုင်လို့ကောင်းတဲ့ ဘားလေးလည်း ဖြစ်ပါတယ်။ အထဲမှာပဲ အေးဆေးထိုင်ချင်တဲ့ ကွီးတို့အတွက်လည်း မှန်ခန်းလေးရှိပါတယ်။ လိပ်စာကတော့ အမှတ် ၁၂၊ ဘီ-၇၊ ကန်လမ်း၊ ၅၁/၂ မိုင်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

ဘော်ဒါတွေနဲ့ ပိတ်ရက်မှာ ဆုံပြီး Chill ချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့က ဘားများ ထဲမှအချို့ကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ အခြားထိုင်လို့ကောင်းတဲ့ ဘားလေးတွေလည်း ရှိတာကြောင့် ကွီးတို့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

Featured Photo : Naiids