အေးအေးဆေးဆေးလေးနဲ့ ဘားထိုင်ချင်တဲ့ ကွီးတို့အတွက် ရန်ကုန် မြို့တွင်းရှိ အကောင်းဆုံး ကော့တေး Bar များနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ရန်ကုန် မြို့ရဲ့ အချက်အချာကျတဲ့ နေရာတစ်ဝိုက်မှာ တည်ရှိတဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမယ့် အကောင်းဆုံး ကော့တေး Bar တွေဖြစ်မယ်ဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။

The Envoy Bar & Bistro

Photo: Facebook

ကွီးတို့အားလုံး အကြိုက်တွေ့စေမယ့် ပထမဦးဆုံး မိတ်ဆက်ပေးချင်တဲ့ ဆိုင်ကတော့ The Envoy Bar & Bistro ပဲဖြစ်ပါတယ်။ သူ့ရဲ့တည်နေရာလေးကတော့ အမှတ် ၁၀၈ ၊ ဗိုလ်အောင်ကျော်လမ်း၊ အောက်ဘလောက်၊ ရန်ကုန်မြို့မှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပါတယ်။

Photo: Facebook

အရောင်အသွေး စုံလင်လှပြီး အရသာ ယစ်မူးသွားစေမယ့် ကော့တေးမျိုးစုံအပြင် ကွီးတို့အသည်းစွဲ ဘီယာမျိုးစုံကိုလည်း မှာယူသောက်သုံးနိုင်ပါသေးတယ်။ Blue Dop ကော့တေး၊ Snow Night ကော့တေး၊ Envoy Goddess ကော့တေး အစရှိတဲ့ ကော့တေးတွေရဲ့ နာမည်ကလည်း ကော့တေးတွေ တစ်ခွက်ပြီးတစ်ခွက် သောက်ချင်လာအောင် ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။

Photo: Facebook

သင်္ဘောသီးထောင်း၊ လက်ဖက်သုပ်၊ Chicken Nuggets ၊ ကော်ပြန့်၊ မြေအိုးထမင်း၊ စတိပ်ခ် စတဲ့ အမျိုးအစားစုံလင်ပြီး အရသာရှိတဲ့ အစားအစာများကလည်း ကွီးတို့ကို ဆွဲဆောင်နေဦးမှာပါ။ ဒါတင်မကသေးပါဘူး။ ကွီးတို့ မပျင်းရလေအောင် Unplugged Band လေးနဲ့လည်း အေးဆေး Chill လို့ရပါသေးတယ်။ ဒီလောက် အမျိုးအစား စုံလင်နေမှတော့ ကွီးတို့အားလုံး လက်မလွတ်တမ်း သွားသင့်တာ အသေအချာပါပဲ။

Jazz Café & Bar

Photo: Facebook

ဘယ်နေ့ပဲ သွားသွား ပရိုမိုးရှင်းနဲ့ အတန်တကာ့ အတန်ဆုံးဖြစ်အောင် စီစဉ်ပေးနေတာကတော့ ရန်ကုန်မြို့ ၊ ညဈေးအနီး ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းထာင့်ရှိ ကော့တေး Bar လေးပဲ ဖြစ်ပါတယ်။ ဆိုင်နာမည်ကတော့ Jazz Café & Bar ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လယ် ၁၂ နာရီကနေ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

တနင်္လာနေ့မှာဆိုရင် Buy 1 Get 1 Gin & Tonic ပရိုမိုးရှင်း၊ အင်္ဂါနေ့မှာဆိုရင် 10% Off On Bottles ၊ ဗုဒ္ဓဟူးနေ့ ပရိုမိုးရှင်း၊ စသည်ဖြင့် တစ်ပတ်လာလုံးအတွက် ပရိုမိုးရှင်းအစုံအလင်ကို ကွီးတို့စိတ်ကြိုက် ဖြစ်အောင် ပြင်ဆင်ပေးထားပါတာကြောင့် မတန်ဘူး ဖြစ်မှာ စိုးရိမ်စရာမရှိပါဘူး။

Photo: Facebook

မွေးနေ့ပွဲ ဒါမှမဟုတ် ပါတီပွဲတွေကို ကိုယ့်ဘော်ဒါတွေအချင်းချင်းပဲ သီးသန့်ကျင်းပချင်တာမျိုးဆိုရင်လည်း Private Party Room တွေရှိသေးတဲ့အတွက်ကြောင့် အနှောင့်အယှက်ဖြစ်မှာ မစိုးရိမ်ရပါဘူး။ အခန်းက အသံလုံအခန်းလေးဖြစ်တာကြောင့် အေးအေးဆေးဆေးနဲ့ သက်သောင့် သက်သာ Chill လို့ရပါတယ်။ အမြည်းတွေကလည်း ပြောစရာမလိုအောင် ရှယ်ကောင်းတာကြောင့် တစ်ခါတစ်ခေါက်လောက် အရောက်သွားသင့်တဲ့ ရန်ကုန် မြို့တွင်းရှိ ကော့တေး Bar တစ်ခုပဲဖြစ်ပါတယ်။

BaobaBed Yangon

Photo: Facebook

ကွီးတို့အတွက် နောက်ထပ် နေရာဆန်းဆန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ ထိုနေရာလေးကတော့ ကော့တေးဘားနဲ့ Cozy ဖြစ်စေမယ့် ဟိုတယ်တို့ကို ပေါင်းစပ်ကာ ဖွင့်လှစ်ထားတဲ့ BaobaBed Yangon ပဲဖြစ်ပါတယ်။ တည်နေရာလေးကတော့ အမှတ် ၃၆ ၊ မဟာဗန္ဓုလပန်းခြံလမ်း (အောက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မှာ တည်ရှိတာဖြစ်ပါတယ်။

Photo: Facebook

အဆောက်အဦးအပြင်အဆင်ကလည်း ကိုလိုနီခေတ်နှောင်း အဆောက်အဦးကို ပြန်လည်ပြင်ဆင်ကာ အလှဆင်ထားတဲ့အတွက်ကြောင့် ဓာတ်ဖမ်းချင်တဲ့သူတွေအတွက်လည်း ကွက်တိပါပဲ။ ဒါ့အပြင် ဟိုတယ်အခန်းထဲက ထွက်လိုက်တာနဲ့ Barr Street Bar လေးက အသင့်စောင့်ကြိုနေမှာပါ။ ကော့တေးလား၊ ဘီယာလား၊ ရှီရှာလား။ အိုးသေး အိုးကြီး ဆိုဒ်ဆုံရနိုင်တာကြောင့် ငြိမ့်ငြိမ့်လေးနဲ့ လွှင့်နေစေပြီး အမိုက်စား ခံစားချက်တွေကို ခံစားရစေမှာဖြစ်ပါတယ်။

Photo: Facebook

ဘားထိုင်တဲ့သူတွေအတွက်လည်း Unplugged လေးနဲ့ ငြိမ့်လို့ရအောင် စီစဉ်ပေးပါသေးတယ်။ Open Mic အစီအစဉ်လည်းရှိတာကြောင့် ကွီးတို့အကြိုက်နဲ့ ကွက်တိကျသွားမှာပါ။

Featured Image: Arrivalguides