ဆံပင်ပုံစံဟာ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို လုံးလုံးလျားလျား ပြောင်းလဲစေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ရုပ်ရည်ကို အသားနားဆုံး ဖြစ်ချင်သူတွေဟာ Hair Stylist တွေဆီ ငွေကုန်ကြေးကျခံပြီး ဆံပင်ပုံစံကောင်းရအောင် ညှပ်ကြတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရုပ်ရည်ကို အကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့ ဆံပင်ပုံစံအထားမမှားရအောင် ရှောင်သင့်တဲ့ ဆံပင်ပုံစံ တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) The Rat Tail

Photo : nextluxury

ကြွက်မြီးတန်းဆံပင်ပုံစံဟာ အရုပ်ဆိုးဆုံး ခေတ်ဟောင်းဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေက လေလွင့်လူငယ်တွေ ထားလေ့ရှိတဲ့ ဆံပင်ပုံစံမျိုး ဖြစ်ပြီး နောက်တော့ ဒီဆံပင်ပုံစံဟာ အရာမဝင်တော့တဲ့ ဖက်ရှင် ဖြစ်လာခဲ့ပါတယ်။

(၂) The Short Man Bun

Photo : nextluxury

မဖြစ်စလောက် ဆံပင်လေး လက်တစ်ဆုပ်ကို အဟုတ်လုပ်ပြီး ဆံပင်စည်း Bun ထားတဲ့ဆံပင်ပုံစံကလည်း ယောကျာ်းတစ်ယောက်ရဲ့ ဥပဓိရုပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်တိုတိုနဲ့ Hair Bun ထားတာဟာ ကလက်တက်တက်နိုင်ပြီး ဘယ်လို အဝတ်အစား ၊ ပွဲလမ်းသဘင်နဲ့မှ မလိုက်ဖက်တဲ့ ဆံပင်ပုံစံလည်း ဖြစ်ပါတယ်။

(၃) The Ronaldo

Photo : nextluxury

၂၀၀၂ ကမ္ဘာ့ဖလားပွဲတုန်းက လူပြောများခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ငယ်ထိပ်ကွက်ကွက်ပဲ ဆံပင်ထားတဲ့ပုံစံဟာ The Ronaldo ရော်နယ်ဒိုကေလို့ နာမည်ကြီးပါတယ်။ ကမ္ဘာ့ဖလားဂိုးအများဆုံး သွင်းခဲ့တဲ့ ရွှေခြေထောက်ပိုင်ရှင်ရဲ့ ဒီဆံပင်ပုံစံမျိုးက ကလေးတွေကြားထဲမှာတင် ပြီးပြီးပျောက်ပျောက်နဲ့ ကွယ်ပျောက်သွားခဲ့ပါတယ်။

(၄) The Bowl Cut

Photo : nextluxury

မြန်မာလိုဆို အုန်းမှုတ်ခွက်ကေလို့ ဆိုနိုင်မယ့် ဆံပင်ပုံစံမျိုးပါ။ ဒီဆံပင်ပုံမျိုးက ခေတ်ရှိခဲ့ပြီး Dumb And Dumber ကားထဲမှာ မင်းသားဂျင်မ်ကာရေးကို The Bowl Cut နဲ့ မြင်ခဲ့ရပါတယ်။ တစ်ခေတ်တစ်ခါက ခေတ်အလျောက် ရေပန်းစားခဲ့ပေမယ့် အခုခေတ် ဖက်ရှင်အမြင်က ယောကျာ်းတစ်ယောက်အဖို့ ဘယ်လိုမှ မထားသင့်တဲ့ ဆံပင်ပုံစံလည်း ဖြစ်ပါတယ်။

(၅) The Boris Johnson

Photo : nextluxury

ဗြိတိန်ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်ကြီးတစ်ယောက်မှာ အားကျစရာတွေ အပုံကြီး ရှိပေမယ့် ဒီထဲမှာ ဆံပင်ပုံစံတော့ မပါပါဘူး။ ဘောရစ်ဂျွန်ဆင်ရဲ့ ဆံပင်ပုံစံဟာ သမ္မတထရမ့်ရဲ့ ဆံပင်ပုံစံထက်တောင် အရုပ်ဆိုးတယ်လို့ ဆိုပါတယ်။ အမြဲရှုပ်ပွနေပြီး အခုမှ အိပ်ရာက ထလာတဲ့ ဆံပင်ပုံစံမျိုးဟာ ရုပ်ချောလှတဲ့ ယောကျာ်းတစ်ယောက်ကိုတောင် ဆွဲဆောင်မှု ကျဆင်းစေနိုင်ပါတယ်။

Featured Photo : atozhairstyles