ရီးယဲလ် မက်ဒရစ်အသင်းဟာ အသင်းရဲ့ ဘယ်ခြမ်း ခံစစ် နေရာအတွက် လီဗာပူးလ်အသင်းရဲ့ စကော့တလန် ဘယ်နောက်ခံ ကစားသမား အန်ဒီ ရောဘတ်ဆန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : talkSPORT

ရီးယဲလ်အသင်းဟာ လီဗာပူးလ် လိုချင်နေတဲ့ ကစားသမားတွေဖြစ်သော ချူအာမန်နီ ဘယ်လင်ဟမ်တို့ကို ကြားဖြတ် ခေါ်ယူထားနိုင်ခဲ့သလို အခုလည်း လီဗာပူးလ်ရဲ့ အဓိက ကစားသမားဖြစ်သူ ရောဘတ်ဆန်ကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ ရီးယဲလ်က အသင်းရဲ့ ဘယ်နောက်ခံလူ ဖာလန်း မန်ဒီကို လာမယ့် ဈေးကွက်အတွင်း ရောင်းထုတ်သွားဖို့ ရှိနေပြီး မန်ဒီနေရာမှာ ပြန်လည် အစားထိုးဖို့အတွက်ကိုလည်း quality left-back player တစ်ဦး ရှာဖွေလာခဲ့ပါတယ်။

Photo Credit : Twitter

လက်ရှိမှာတော့ ရီးယဲလ်က လီဗာပူးလ်ရဲ့ စကော့ ဘယ်နောက်ခံလူ ရောဘတ်ဆန်ကို အလိုရှိလာခဲ့ပါတယ်။ ရောဘတ်ဆန်ဟာ လီဗာပူးလ်အသင်းမှာ အာနိုးနဲ့ တွဲဖက်ပြီး ဘယ်ခြမ်းရော ညာခြမ်းမှာပါ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသထားနိုင်တာ ဖြစ်သလို လီဗာပူးလ်နဲ့လည်း ဆုဖလားတွေ အားလုံးကို ရယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရောဘတ်ဆန်ကို ရီးယဲလ်က လိုချင်လာခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)လောက်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : Twiter

အသက်(၂၉)နှစ်အရွယ် ဘယ်နောက်ခံလူ ရောဘတ်ဆန်ဟာ ၂၀၁၄ခုနှစ်ကတည်းက ဟားလ်စီးတီးအသင်းကနေ လီဗာပူးလ်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကနေ လီဗာပူးလ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ရောဘတ်ဆန်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ဂိုးဖန်တီးမှုပေါင်း (၁၁)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး (၆)ရာသီအတွင်းမှာလည်း လီဗာပူးလ်အသင်းအတွက် သွင်းဂိုး (၈)ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု အကြိမ်ရေပေါင်း (၆၃)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Featured Photo : Daily Mail