အာရှမြေကို ရောက်ရှိနေတဲ့ ကွီးတို့ရဲ့ အချစ်တော်ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ မနေ့ညက အယ်လ်ဝါဒါနဲ့ အယ်လ်နာဆာအသင်းတို့ ယှဥ်ပြိုင်ကစားသွားခဲ့ကြတဲ့ ဆော်ဒီအမှတ်ပေးလိဂ်ပွဲစဥ်အတွင်း သူရဲ့အယ်လ်နာဆာအသင်းအတွက် သွင်းဂိုး(၄) ဂိုး စလုံးကို တစ်ဦးတည်း ဒိုင်ခံ သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

ရော်နယ်လ်ဒိုဟာ သူရဲ့အသင်းသစ် အယ်လ်နာဆာအတွက် တတိယမြောက်အဖြစ် ပါဝင်ကစားခဲ့တဲ့ ပွဲစဥ်မှသာ သွင်းဂိုး စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း အဲ့ဒီသွင်းဂိုးက ရော်နယ်လ်ဒိုရဲ့ ဂိုးတွေ ထပ်မံ မြင်တွေ့လာရမယ့် နိဒါန်းတစ်ခုလို ဖြစ်သွားခဲ့ပါတယ်။ အခု အယ်လ်နာဆာက (၀-၄) ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ အသင်းရဲ့ ဂိုးအားလုံးကို ရော်နယ်လ်ဒို တစ်ဦးတည်းကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဂိုး စရတော့လည်း ပင်နယ်တီကလို့ ဝေဖန်နေသူတွေ အများကြီး ရှိနေပေမယ့် ရော်နယ်လ်ဒို ကတော့ အခု သွင်းယူခဲ့တဲ့ (၄)ဂိုးထဲမှာ ပင်နယ်တီကနေ တစ်ဂိုးသာ ရယူခဲ့တာဖြစ်လို့ ဝေဖန်မှုတွေကိုလည်း အသံတိတ်သွားစေမှာ သေချာပါတယ်။

Photo Credit : Twitter

အခုဆိုရင် ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်မှာ (၃) ပွဲကစားအပြီး (၅) ဂိုး သွင်းထားပြီးပြီ။ ဆော်ဒီလိဂ်ကလည်း အခုမှ ရာသီဝက်ပဲ ရှိသေးတာဆိုတော့ ဂိုးသွင်းဘုရင်ဆုတောင် မျှော်လင့်လို့ရမယ့် အခြေအနေပါပဲ။ ဒါတွေတင်မကသေးပဲ ရော်နယ်လ်ဒိုဟာ ကစားသမားဘဝ အတွင်းမှာပါ လိဂ်ဂိုး (၅၀၀)အထိ ပြည့်မြောက်သွားခဲ့ ရပါသေးတယ်။ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် သူ သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ် အကြိမ်ရေပေါင်းကလည်း (၆၁)ကြိမ်ထိတောင် ရှိလာခဲ့ပါတယ်။ ဒီလို ကြောက်ခမန်းလိလိ စွမ်းဆောင်ရည်တွေနဲ့ အယ်လ်နာဆာအသင်းကို ဆော်ဒီလိဂ် ချန်ပီယံ ဖြစ်လာအောင် ကူညီပေးသွားနိုင်မလား ဆိုတာကတော့…

Featured Photo Credit : Twitter