အမျိုးသားတွေရဲ့ စားသောက်မှုပုံစံပေါ်မူတည်ပြီး သုတ်ရည်ရဲ့ အနံ့အရသာဟာ ပြောင်းလဲနိုင်ပါတယ်။ သုတ်ရည်မှာ သဘာဝအတိုင်း အနံ့အရသာတို့ ရှိပြီးသားပါ။ သို့သော် တစ်ခါတစ်လေမှာတော့ ကွီးတို့ စားလိုက်တဲ့ အစားအစာတွေအပေါ် မူတည်ပြီး ရွှေပြွန် ကနေ စွန့်ထုတ်လိုက်တဲ့ သုတ်ရည်ရဲ့ အနံ့နဲ့ အရသာဟာ နဂိုရှိရင်းစွဲအနံ့ထက် ပိုမိုဆိုးရွား သွားစေတက်သလို ကောင်းမွန်တဲ့ သုတ်ရည် အနံ့အရသာကို ရရှိအောင်လဲ ကွီးတို့ စားတဲ့ အစားအစာတွေကနေဆင့် ပြောင်းလဲနိုင်ပါတယ်။

Photo : The Lowdown

အမေရိကန်နိုင်ငံ Kinsey Institute ရဲ့ ထုတ်ဝေတဲ့ လေ့လာမှု စစ်တမ်းတစ်ခုမှာတော့ အမျိုးသားတွေရဲ့ သုတ်ရည် အနံ့အရသာကို ပိုကောင်းစေဖို့ လတ်ဆတ်တဲ့ သဘာဝသစ်သီးတွေကို များများ စားပေးနိုင်တယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် လိမ္မော်သီး ၊ ငှက်ပျောသီး ၊ ဖရဲသီးနဲ့ သင်္ဘောသီးတို့လို သစ်သီးတွေဟာ အမျိုးသားတွေရဲ့ သုတ်ပိုး ကျန်းမာရေးကို အကျိုးပြုပြီး သုတ်ရည်ရဲ့ အနံ့အရသာကို ပိုကောင်းစေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဒါတင်မက သေးပါဘူး။ သစ်ကြံပိုးခေါက် ၊ နံနံပင်နဲ့ ငရုတ်ကောင်းမှုန့် တို့လို ဟင်းခတ်အမွှေးအကြိုင်တွေဟာလည်း သုတ်ရည်ရဲ့ အနံ့အရသာကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အမျိုးသားတွေရဲ့ သုတ်ပိုး ကျန်းမာရေးကို ထိခိုက်စေပြီး သုတ်ရည်ရဲ့ အနံ့အရသာကို ပိုဆိုးစေတဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်။ ဒီအစားအစာ တွေကတော့……….

  • စီးကရက်
  • အရက်
  • ကော်ဖီ (ကဖိန်းဓာတ်)
  • အနီရောင်အသား
  • ကညွှတ်
  • ဆလဖာ ပါဝင်တဲ့ ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ်တို့လို Cruciferous ဟင်းသီးဟင်းရွက်များ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ

တို့ ဖြစ်ပါတယ်။

Photo : skin elements

အထက်ဖော်ပြပါ အစားအသောက် List ကတော့ အမျိုးသားတွေရဲ့ သုတ်ပိုးကျန်းမာရေးကို ကျဆင်းစေရုံသာမကပဲ ကွီးတို့ ရွှေပြွန် ကနေ စွန့်ထုတ်လိုက်တဲ့ သုတ်ရည်ရဲ့ အနံ့အရသာကို ပိုမိုဆိုးရွား သွားစေတက်တာကြောင့် သတိထား ရှောင်ကြဉ်သင့်ပါတယ်။

Source : Lifehacker

Featured Photo : Times of India