အာဆင်နယ်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ နှောင်းပိုင်းလောက်မှာပဲ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကွာတလီ ကစားသမားကောင်းတစ်ဦး လိုအပ်လာပြီလို့ ယူဆလာခဲ့ပြီး ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို စတင် စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါကြောင့်လည်း အာဆင်နယ်က ရိုက်စ်ကို နွေဈေးကွက်ရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့ပြီး တရားဝင် ကမ်းလှမ်းမှုတွေကိုလည်း မရှေးမနှောင်းပဲ ပြုလုပ်လာခဲ့ပါတယ်။ ကနဦး အဖွင့် ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင် သန်း(၈၀)နဲ့ ကမ်းလှမ်းတယ်။ ဝက်စ်ဟမ်းက ပယ်ချတယ်။ ဒုတိယအကြိမ်အဖြစ် ပေါင် သန်း(၉၀)နဲ့ ထပ်ပြီး ကမ်းလှမ်းတယ်။ ဝက်စ်ဟမ်းက ထပ်ပြီး ပယ်ချတယ်။ အဲ့ဒီ ဒုတိယကမ်းလှမ်းမှု အပြီးမှာပဲ ဒက်ကလန်ရိုက်စ် လုပွဲထဲ မန်စီးတီးပါ တရားဝင် ပါဝင်လာခဲ့ပါတယ်။

Photo Credit : Sky Sports

မန်စီးတီးလို ဆုဖလားတွေအတွက် အာမခံချက် ရှိတဲ့ အသင်း။ ဂွာဒီယိုလာလို တကယ့် ထိပ်တန်းနည်းပြကြီးကို ပိုင်ဆိုင်ထားတဲ့ အသင်းက ဒီလို race ထဲ ပါဝင်လာချိန်မှာ အာဆင်နယ်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်မယ်လို့ ထင်ထားခဲ့ရပေမယ့်လည်း ဝက်စ်ဟမ်းက စီးတီးရဲ့ 1st bid ကိုပါ ပယ်ချခဲ့ပြန်ပါတယ်။ မန်စီးတီးရဲ့ ကနဦး ကမ်းလှမ်းချက်ကလည်း အာဆင်နယ်နဲ့ တန်ကြေးချင်း အတူတူဖြစ်ပြီး အာဆင်နယ်က ပေါင် (၇၅)သန်း + အပိုဆုကြေး ပေါင် (၇၅)သန်းကိုမှ စီးတီးက ပေါင် သန်း(၈၀) + အပိုဆုကြေး ပေါင် (၁၀)သန်းနဲ့ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီလိုအချိန်မှာတော့ အာဆင်နယ်က ရိုက်စ်အတွက် ပေါင် (၁၀၅)သန်းတန် package ကြီးနဲ့ တတိယအကြိမ် ထပ်မံ ကမ်းလှမ်းလာပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀) + အပိုဆုကြေး ပေါင် (၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုကိုလည်း ဝက်စ်ဟမ်းဘက်က ချက်ချင်း လက်မခံသေးပဲ မန်စီးတီးရဲ့ 2nd bid ကို ထပ်မံ မျှော်လင့်လျက် ရှိနေပြန်ပါတယ်။ ဝက်စ်ဟမ်းရဲ့ ဈေးကိုင်ချက်ကတော့ တကယ် လက်လန်စရာ ဖြစ်နေပြီး ဒီအခြေအနေမှာ အာဆင်နယ်ကပဲ ရိုက်စ်ကိုပဲ ရသွားမလား။ စီးတီးပဲ ရိုက်စ်ကို ထပ်တိုး ကမ်းလှမ်းပြီး အရ ခေါ်ယူသွားမလားဆိုတာ…

Featured Photo : Clutch Points