ရှော်တီလေးနဲ့ အခုမှ ပထမဆုံး ဒိတ်လုပ်မယ် ဆိုရင်တော့ ဖက်ရှင်ပိုင်း လုံးဝဂွမ်းနေလို့တော့ မရပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ပထမဆုံးတွေ့ဆုံချိန်မှာ ဝတ်စားဆင်ယင်မှုဟာ သိပ်ကိုအရေးပါပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ ရှော်တီလေး နဲ့ ပထမဆုံးဒိတ်မှာ လုံးဝလန်းနေစေဖို့ ဘယ်လိုဖက်ရှင်တွေ ဝတ်ရမလဲဆိုတာ အကြံပေးချင်ပါတယ်။

(၁) သန့်ပြန်မိမိုက်နေဖို့ Polo Shirts တွေကို ရွေးပါ

Photo : Ape to Gentleman

ရိုးရှင်းပြီး စမတ်ကျတဲ့ ဖက်ရှင်အသွင်အပြင်ကို ဖော်ဆောင်ဖို့ Polo Shirts တွေရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါပါတယ်။ Polo Shirts တွေက ရုံးတက်ကျောင်းတက် Daily Wear အနေနဲ့ ဝတ်ဆင်နိုင်ရုံသာမက ရှော်တီလေး နဲ့ ပထမဆုံးဒိတ်လုပ်တဲ့ အချိန်မှာလည်း ဖက်ရှင်ကျကျနဲ့ သန့်ပြန်မိမိုက်နေစေဖို့ Polo Shirts တွေကို ရွေးလို့ အဆင်ပြေပါတယ်။ Polo Shirts တွေကို Jeans ၊ Chinos တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်သလို အောက်က Sneakers သို့မဟုတ် Dress Shoes တွေနဲ့လည်း တွဲဖက်ရှိုးထုတ်လို့ ရပါတယ်။

(၂) ပေါ့ပါးလွတ်လပ်တဲ့ T-Shirt တွေကို ရွေးပါ

Photo : Lifestyle Asia

ရှော်တီလေး နဲ့ ပထမဆုံးဒိတ် လုပ်ချိန်မှာ အရမ်းကြီး ဖက်ရှင်တွေ ဆင်မသွားချင်ဘူး ၊ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ဖြစ်ဖြစ်ပဲ သွားတွေ့ချင်တယ်ဆိုရင်တော့ ပေါ့ပါးလွတ်လပ်မှု အပြည့်အဝပေးမယ့် T-Shirt တွေက အကောင်းဆုံးပါပဲ။ T-Shirt တွေထဲမှာတော့ ရွေးချယ်စရာများပါတယ်။ ရိုးရှင်းတဲ့ ဗြောင် T-Shirt တွေဝတ်နိုင်သလို လူငယ်ဆန်ဆန် Graphic Tees သို့မဟုတ် Oversized T-Shirts တွေ စသည်ဖြင့် နှစ်သက်ရာကို ဝတ်နိုင်ပါတယ်။

(၃) Pro တစ်ယောက်လို အသွင်အပြင်ရစေဖို့ အပေါ်ထပ် Layer တွေကို ရွေးပါ

Photo : DMARGE

ဖက်ရှင်ပိုင်းမှာ ပိုပြီးအထာကျ ဆရာကျတဲ့ Pro အသွင်အပြင်ကို ရစေဖို့ အပေါ်ထပ် Layer တွေကတော့ မပါမဖြစ်ပါပဲ။ အပေါ်ထပ်တွေထဲမှာလည်း ရွေးချယ်စရာတွေ အရမ်းကိုများပါတယ်။ ရာသီဥတု အခြေအနေ ၊ သွားမယ့်နေရာအပေါ် မူတည်ပြီး Jackets တွေ အမျိုးမျိုး ၊ ရွေးချယ်နိုင်သလို ပေါ့ပေါ့ပါးပါးရှိတဲ့ Flannel Shirts တွေ ဒါမှမဟုတ် အခုနောက်ပိုင်း လူတွေကြားမှာ ရေပန်းစား ခေတ်ထနေတဲ့ Windbreaker Jackets တွေကိုလည်း စိတ်ကြိုက်ရွေးချယ် ဝတ်လို့ရပါတယ်။

(၄) ညနေခင်းဒိတ်လုပ်ဖို့ Blue Suit တွေကို ရွေးပါ

Photo : Real Men Real Style

ညနေခင်းဒိတ်တွေ ၊ Dinner ဒိတ်တွေအတွက်ဆိုရင်တော့ နည်းနည်းလေးပိုပြီး စမတ်ကျတဲ့ဘက်ကိုသွားဖို့ လိုပါတယ်။ ဒီအတွက် သေချာပေါက် ရွေးချယ်သင့်တာကတော့ လုံးဝအထာကျတဲ့ Blue Suit တွေပါပဲ။ Blue Suit တွေကို အရမ်းကြီး Formal ဆန်တဲ့ဘက်မသွားချင်ဘူး ၊ သက်တောင့်သက်သာနဲ့ စမတ်ကျချင်တယ်ဆိုရင်တော့ White T-shirts / White Sneakers တွေနဲ့ တွဲဝတ်ပြီး Fresh & Modern ဖြစ်တဲ့ Look ကို ဖန်တီးနိုင်ပါတယ်။ ဝတ်စုံပြည့် Suit ဝတ်ရတာ တစ်မျိုးဖြစ်နေရင်တော့ Blue Blazer ကို Jeans နဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။

Source : magicpin

Featured Photo : DMARGE