ကွီးတို့ရေ မိတ်ဆွေသူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့အတွက် ဘာကိုရွေးချယ်ရမလဲဆိုတာ ခေါင်းရှုပ်နေပြီလား။ ဒါမှမဟုတ် ဝိုင်ကို လက်ဆောင်အဖြစ် ပေးရတာ ရိုးနေပြီလား။ ဒါဆိုရင်တော့ လက်ဆောင်ပေးဖို့ ရမ် ကို ရွေးချယ်ကြည့်ရအောင်။ မတူညီတဲ့နိုင်ငံများက ထုတ်လုပ်သော ပုံစံအမျိုးမျိုး ၊ အမှတ်တံဆိပ်အမျိုးမျိုးနဲ့ တစ်ခုချင်းစီမှာ ထူးခြားသော အရသာမျိုးစုံရှိတဲ့ ရမ် အမျိုးအစားများစွာ ရှိပါတယ်။ ကွီးတို့အတွက် လက်ဆောင်ပေးဖို့ အကောင်းဆုံးသော ရမ်များ ထဲကအချို့ကို ရွေးချယ်ရာမှာ လွယ်ကူစေရန် ဖော်ပြပေးလိုက်ပါတယ်။

၁။ Mount Gay Black Barrel

Photo : Imbibe Magazine

လက်ဆောင်ပေးဖို့ အကောင်းဆုံးသော ရမ်များ ထဲက ပထမဆုံးတစ်ခုကတော့ အယ်လ်ကိုဟောပါဝင်နှုန်း ၄၃ ရာခိုင်နှုန်းရှိတဲ့ Mount Gay Black Barrel ပဲဖြစ်ပါတယ်။ Mount Gay Black Barrel ဟာ ဘာဘေးဒိုးစ် ကျွန်းနိုင်ငံက ထုတ်လုပ်ပါတယ်။ အရသာက Gingerbread, Vanilla, Toffee ပေါင်းစပ်ထားပါတယ်။

၂။ Ten To One White Rum

Photo : Ten To One Rum

ဂျာမေကာနိုင်ငံက ထုတ်လုပ်တဲ့ Ten To One White Rum မှာ အယ်လ်ကိုဟော ၄၅ ရာခိုင်နှုန်းပါဝင်ပြီး ငှက်ပျော၊ မြက်မျိုးနဲ့ အချဉ်ဓါတ်ပေါင်းစပ် အရသာကို ပေးပါတယ်။ ဒီ ရမ်ဖြူကို ရမ် ကော့လ်တေး လုပ်တဲ့အခါ ထည့်သွင်း‌လေ့ရှိပါတယ်။

၃။ Plantation Xaymaca Special Dry

Photo : Galumbi

Plantation Xaymaca Special Dry ရမ် ကတော့ အယ်လ်ကိုဟော ၄၃ ရာခိုင်နှုန်းပါဝင်တဲ့ ဂျာမေကာ ရမ်ဖြစ်ပါတယ်။ ဒီရမ်ကတော့ သစ်သားစည်ထဲမှာ အချိန်အတိုင်းအတာတစ်ခုထိ ထည့်ထားတဲ့အတွက် Dark Rum အဖြစ် နာမည်ကြီးပါတယ်။

၄။ Barrell Rum

Photo : Axis of Whiskey

Barrell Rum ဟာသက်တမ်းရင့် ရမ်အမျိုးအစား ဖြစ်ပါတယ်။ အယ်လ်ကိုဟော ၆၆.၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။ နာမည်ကျော် ဂျာမေကာ ရမ် ဖြစ်ပါတယ်။ အပူပိုင်းဒေသထွက် သစ်သီး၊ ဂရိတ်ဖရုသီးနဲ့ မီးသင်းအရသာမျိုး ဖန်တီးထားပါတယ်။

၅။ Kōloa Kaua’i

Photo : Imbibe Magazine

လက်ဆောင်ပေးဖို့ အကောင်းဆုံးသော ရမ်များ ထဲက နောက်တစ်ခုကတော့ ဟာဝိုင်ယီထုတ် ရမ် ဖြစ်တဲ့ Kōloa Kaua’i ပဲဖြစ်ပါတယ်။ ကြံသကြားရည်မှ ထုတ်လုပ်ထားပြီး အုန်းသီးအရသာနဲ့ အခြားလတ်ဆတ်သော အသီးအရသာများ ပါဝင်အောင် ထုတ်လုပ်ထားပါတယ်။ အယ်လ်ကိုဟော ပါဝင်မှုက ၄၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၆။ Plantation 3 Stars

Photo : Galumbi

Plantation 3 Stars ရမ် ကိုတော့ ဂျာမေကာနိုင်ငံနဲ့ အခြားနိုင်ငံအချို့မှာ ထုတ်လုပ်ပါတယ်။ ချစ်သူ၊ သူငယ်ချင်းတို့ကို လက်ဆောင်ပေးဖို့အတွက် အထူးသင့်တော်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှု ၄၁.၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ကြည်လင်တဲ့ ရမ် အမျိုးအစားဖြစ်ပြီး သကြားညို၊ Vanilla နဲ့ ဘယဆေး၊ အသီးအရွက် အရသာမျိုး ရနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် လက်ဆောင်ပေးဖို့ အကောင်းဆုံးသော ရမ်များ ပဲ ဖြစ်ပါတယ်။ အရသာမျိုးစုံ၊ အယ်လ်ကိုဟော ပါဝင်မှုအနည်းအများကိုကြည့်ပြီး ကွီးတို့စိတ်ကြိုက် ရွေးချယ်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

Source: Liquor .com

Featured Photo : Mountgayrum