လက်ရှိငွေဈေးနဲ့ လက်ပ်တော့ လည်သာအိတ်ကောင်းကောင်း တစ်လုံးရဲ့ တန်ဖိုးက ဒေါ်လာ ၁၅၀ နဲ့ အထက်မှာ ရှိပါတယ်။ ဒါတောင် ကိုယ်ချင်တဲ့ ဒီဇိုင်းကာလာ အနေအထား ကွက်တိရချင်မှ ရမှာပါ။ ဆို‌တော့ တန်ဖိုးအားဖြင့်လည်း ငွေ အဲ့လောက် မကုန်ပဲ ကွီးတို့စိတ်ကြိုက် ဒီဇိုင်းကို ဖန်တီးနိုင်မယ့် DIY လည်သာအိတ် ပြုလုပ်နည်း လေးကို ပြောပြပေးချင်ပါတယ်။ လက်မှုပညာကို ချစ်မြတ်နိုးပြီး ကိုယ်တန်ဖန်တီးရတာ ကြိုက်နှစ် သက်တဲ့ ကွီးတို့အတွက် လက်ပ်တော့ထည့်ဖို့ လည်သာအိတ်ပြုလုပ်နည်း အဆင့်ဆင့်ကို ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးလိုက်ပါတယ်နော်။

လိုအပ်သည့် ပစ္စည်းများ

Photo : Rachel Teodoro

  • လည်သာ (စိတ်ကြိုက်အရောင်/ဒီဇိုင်း) ၂ ကိုက်ခန့်
  • အပ်ချည်
  • လည်သာကြိုး
  • Binder ကလစ်အနည်းငယ်

ဒါပါပဲ။

Photo : Rachel Teodoro

အဆင့် (၁) – ကွီးတို့ရဲ့ လက်ပ်တော့ အရွယ်အစားပေါ် မူတည်ပြီး အလျားကို တစ်လက်မခွဲ နဲ့ အနံကိုတော့ ၂ ဆ တိုးပြီး လည်သာ သားကို ညှပ်ထားရပါမယ်။ ဥပမာအားဖြင့် ကွီးတို့လက်တော့ပ်က အလျားက ၁၄ လက်မ / အနံ ၉ လက်မခွဲ ဆိုပါက လည်သာသားကို အလျား ၁၅ လက်မခွဲ နဲ့ အနံကိုတော့ ၁၉ လက်မခန့် ညှပ်ပေးရမှာ ဖြစ်ပါတယ်။ နောက်တဖက် အိတ်ဖြစ်အောင် ကပ်ချုပ်ဖို့ လည်သာသား နောက်တစ်ဖက်ကိုတော့ အလျား/အနံကို လက်မခွဲခန့်စီပဲ တိုးပြီး ညှပ်ပေးပါ။ ဥပမာ လျား ၁၅ လက်မခွဲ နဲ့ အနံ ၁၁ လက်မခန့် ဖြတ်ထားရပါမယ်။

Photo : Rachel Teodoro

အဆင့် (၂) – နောက်တဆင့်ကတော့ ဖြတ်တောက်ထားတဲ့ လည်သာစတွေကို ချုပ်ဖို့ပါ။ မချုပ်ခင်မှာ နေရာအတိုင်းအတာ မရွေ့သွားစေဖို့ Binder ကလစ်နဲ့ အစွန်းတွေကို ညှပ်ထားပေးရပါမယ်။

Photo : Rachel Teodoro

အဆင့် (၃) – ပြီးရင်တော့ စချုပ်လို့ ရပါပြီ။ အစွန်းကို ၁ စင်တင်မီတာလောက် ချန်ပြီး ချုပ်ပေးပါ။ ဒါက အိတ်ကို ပိုခိုင်ခံ့အကြမ်းခံစေမှာ ဖြစ်ပါတယ်။

Photo : Rachel Teodoro

အဆင့် (၄) – ဖြတ်တောက်ထားတဲ့ လည်သာစတွေကို အဖုံးပိတ် အိတ်ပုံစံလေး ချုပ်ပြီးပြီဆိုရင်တော့ ကြိုးချည်ပိတ်ဖို့ အစွန်းနှစ်ဖက်ကို အပေါက်ဖောက်ပြီး လည်သာကြိုးစ ထည့်ပေးရပါမယ်။

Photo : Rachel Teodoro

ဒါဆိုရင်တော့ ရိုးရှင်းပြီး လွယ်ကူတဲ့ လက်ပ်တော့ ထည့်ဖို့အတွက် ကိုယ်တိုင်လုပ် လည်သာအိတ် လေးတစ်လုံး ရပါပြီ။ အရှေ့ဘက်မှာ ပစ္စည်းသေးသေးမွှားမွှားလေးတွေ ထည့်ဖို့ အိတ်ကပ်လေးတွေကိုတော့ ကွီးတို့စိတ်ကြိုက် ထည့်ချုပ်လည်းရသလို ၊ မထည့်ပဲ ရိုးရိုးရှင်းရှင်း ဗြောင်ဒီဇိုင်းပဲ ထားလို့ ရပါတယ်။

ဘာမှ သပ်ခက်ခက်ခဲခဲ အဆင့်တွေမပါပဲ လွယ်ကူးရိုးရှင်းပြီး လူတိုင်းလုပ်ကြည့်လို့ရနိုင်တဲ့ DIY နည်းလေး ဖြစ်တာကြောင့် ကွီးတို့ Try ကြည့်လိုက်ပါ။

Source : Rachel Teodoro

Featured Photo : Rachel Teodoro