ခန္ဓာကိုယ်မှာ ဝမ်းဗိုက်ပြီးရင် အဆီပိုအများဆုံး စုဝေးနေတက်တဲ့ နေရာတစ်ခုကတော့ လက်မောင်းတွေပါပဲ။ လက်မောင်းဟာ ကြွက်သားမဟုတ်တဲ့ အဆီပိုတွေနဲ့ ပျော့ဖက်ဖက် ဖြစ်နေရင် လုံးဝကြည့်လို့ မကောင်းနိုင်ပါဘူး။ ဒါကြောင့် လက်မောင်းက အဆီပိုတွေကို လျှော့ချပေးပြီး ကျစ်ကျစ်လစ်လစ်နဲ့ ကြွက်သား တက်လာစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်း တချို့ကို ပြောပြပေးချင်ပါတယ်။
(၁) Counter Push Ups

Photo : 2bstronger.com
Counter Push Ups ကတော့ ဒိုက်ထိုးလေ့ကျင့်ခန်းကိုပဲ တည်ငြိမ်တဲ့ စားပွဲတစ်လုံး ဒါမှမဟုတ် ခုံတန်းလျားတစ်ခုကို အသုံးပြုပြီး ပြုလုပ်ရတာ ဖြစ်ပါတယ်။ စားပွဲ သို့မဟုတ် ခုံတန်းလျားပေါ်မှာ လက်ထောက်ပြီး ခန္ဓာကိုယ်ကို ၄၅ ဒီဂရီစောင်းကာ ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်ရမှာပါ။ လက်မောင်း အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတက်စေတဲ့အပြင် ပခုံးနဲ့ ရင်အုပ်ကြွက်သားတွေကိုပါ တောင့်တင်းသန်မာစေပါတယ်။
(၂) Dips

Photo : Men’s Health
Dips လေ့ကျင့်ခန်းကတော့ ဘားတန်းကို အသုံးပြုပြီး ကစားပေးရမှာ ဖြစ်ပါတယ်။ ဘားတန်းပေါ် လက်ကိုင်ထားပြီး ခန္ဓာကိုယ်ကို မြေပြင်ကနေ တွဲလောင်းခိုကာ လက်မောင်းကိုအကွေးအဆန့် ပြုလုပ်ပေးရမှာပါ။ အဓိကအားဖြင့် လက်မောင်း အနောက်ဘက်က အဆီပိုတွေကို လောင်ကျွမ်းစေမယ့် ထိရောက်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၃) Arm Circles

Photo : BuzzFeed
Arm Circles လေ့ကျင့်ခန်း ကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ်။ မတ်တပ်ရပ်အနေအထားနဲ့ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးတစ်ဖက် တစ်ချက်စီသို့ ဆန့်ထုတ်ပြီး စက်ဝိုင်းပုံစံ လှည့်ပေးရမှာ ဖြစ်ပါတယ်။
(၄) Triceps Kickback

Photo : Muscle & Strength
Triceps Kickback လေ့ကျင့်ခန်း ပြုလုပ်ဖို့ Dumbbells အလေးနှစ်တုံး လိုပါတယ်။ Dumbbells ကို လက်တစ်ဖက်စီမှာကိုင်ပြီး ဒူးကိုအနည်းငယ်ကွေး ၊ ခါးကို ၄၅ ဒီဂရီစောင်းကာ ပုံစံယူပါ။ ပြီးရင်တော့ အလေးတုံးတွေကို နောက်သို့ ဆန့်ထုတ်ပေးရမှာ ဖြစ်ပါတယ်။
(၅) Chair Dips

Photo : Men’s Health
Chair Dips ကတော့ ခုံတန်းလျား သို့မဟုတ် Box တစ်လုံးနဲ့ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းပါ။ ခုံတန်းလျား သို့မဟုတ် Box ပေါ် နောက်ပြန်လက်ထောက်ပြီး တံတောင်ကိုကွေးကာ ခန္ဓာကိုယ်ကို ထိုင်ချရမှာ ဖြစ်ပါတယ်။
Featured Photo : Men’s Health

