လက်မောင်းအိုးကြီး ရှယ်ကြီးရှယ်ကိတ်ဖို့ ဘယ်လေ့ကျင့်ခန်းတွေ ကစားရမလဲ ခေါင်းစားနေပြီလား ? ဒါဆိုရင်တော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သားတွေကို အမြန်ဆုံး ကြီးထွားကျစ်လစ်လာစေမယ့် လေ့ကျင့်ခန်းတွေကို ပြောပြပါရစေ။ အထူးသဖြင့် Bicep ကြွက်သားတွေကို ကျစ်လစ်သန်မာစေပြီး ကြီးမားတဲ့ လက်မောင်းအိုးကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် အခုပြောပြမယ့် လေ့ကျင့်ခန်းတွေကို ကွီးတို့ ပုံမှန်ကစားပေး နိုင်ပါတယ်။
(၁) Barbell Bicep Curl

Photo : Men’s Health
Barbell Bicep Curl ကတော့ လက်မောင်း ကြွက်သားအတွက် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ မိမိနိုင်သလောက် ဝိတ်တန်းရဲ့ အလေးချိန်ကို ချိန်ဆပြီး ကစားပါ။ လက်မောင်းကြွက်သားတွေကို ညှစ်ပြီး ဖြည်းဖြည်းချင်း မ,တင် ကစားရပါမယ်။ ခပ်မြန်မြန်လုပ်ဖို့ မလိုပါဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး ကစားသွားရင်ပဲ Biceps ကြွက်သားတွေ ကျစ်လစ်သန်မာပြီး ကြီးထွားလာပါလိမ့်မယ်။
(၂) Incline Bicep Curl

Photo : Men’s Health
Incline Bench ပေါ်မှာ ထိုင်ပြီး ကစားပေးရပါမယ်။ ရင်အုပ်ကို မြှင့်ထားပြီး Bicep ကြွက်သားတွေကို ညှစ်ကာ Dumbbell ကို မ,တင်ပေးပါ။ Dumbbell ကို အပေါ့ဆုံး ဝိတ်တုံးကနေစတင် ကစားနိုင်ပါတယ်။ တဖြည်းဖြည်းချင်း ဝိတ်အလေးချိန်ကို တိုးပြီး ကစားပေးပါ။
(၃) Concentration Curl

Photo : Men’s Health
လက်မောင်း ထိပ်ဘက် Biceps ကြွက်သားတွေကို ထိစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပေါင်ပေါ် တံတောင်ဆစ် ထောက်ထားပြီး Dumbbell ကို မ, တင် ကစားပေးရမှာပါ။ နောက်ကျောကို ခပ်မတ်မတ် အနေအထားမှာ ရှိနေစေရပါမယ်။ လက်ကို ဘယ်/ညာပြောင်းပြီး ကစားပေးပါ။
(၄) Twisting Dumbbell Curl

Photo : Men’s Health
မတ်တပ်ရပ် အနေအထားနဲ့ ပုံစံယူပါ။ Dumbbell ကိုင်ထားတဲ့ လက်ကိုလှည့်ပြီး တစ်ဖက်ချင်း မ,တင်ပေးပါ။ ဒီလေ့ကျင့်ခန်းက Biceps ကြွက်သားတွေအပြင် ရင်အုပ်ကြွက်သားတွေကိုလည်း ကျစ်လစ်သန်မာ လာစေဖို့ အထောက်အကူ ပြုပါတယ်။
(၅) Leant-Forward EZ Bar Curl

Photo : Men’s Health
EZ Curl Bar နဲ့ ကစားရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒူးကိုအနည်းငယ် ကွေးညွှတ်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းကာ Bar ကို မ,တင်ပေးပါ။ ရင်အုပ်နဲ့ Biceps ကြွက်သားတွေကို ညှစ်ပြီး ကစားပေးရပါမယ်။
(၆) Reverse-Grip EZ Bar Curl

Photo : Men’s Health
ဒီလေ့ကျင့်ခန်းကတော့ EZ Curl Bar ကို လက်ပြောင်းပြန် အနေအထား ကိုင်ထားပြီး မ,တင် ကစားရမှာပါ။ ခြေထောက်တွေကို ပခုံးအကျယ်အထက် အနည်းငယ်ပိုကျဉ်းပြီး မတ်တပ်ရပ်ကာ အလေးတန်းကို ကိုင်ထားရပါမယ်။ ခါးကို ဖြောင့်ဖြောင့်မတ်မတ် အနေအထားမှာ ရှိနေစေရပါမယ်။ ထိုနည်းအတိုင်း ကစားပေးပါ။
Featured Photo : BOXROX

