Smartphone ထုတ်လုပ်သူတွေဟာ တစ်နှစ်ပြီးတစ်နှစ် ဆန်းသစ်တည်ထွင်မှုများတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ နည်းပညာ အသစ်တွေနဲ့ ထုတ်လုပ်လိုက်တဲ့ Smartphone တွေကို အားလုံးက ကြိုက်ကြပါတယ်။ အသစ်သစ်သော Smartphone တွေကို ကွီးတို့ တတ်နိုင်တဲ့ ငွေနဲ့ ရွေးချယ်ဝယ်ယူ သုံးနေကြပါတယ်။ ကွီးတို့ဝယ်မဲ့ Smartphone တွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဘယ်လို နည်းပညာ အသစ်တွေ ထည့်ပေးထားသလဲဆိုတာ သိဖို့တော့ လိုပါတယ်။ ဒါကြောင့် ကွီးတို့ကို ဖမ်းစားနိုင်လောက်အောင် လန်းတဲ့ Smartphone နည်းပညာ အသစ်တွေကို လေ့လာကြည့်ရအောင်။

(၁) ဉာဏ်ရည်တုနည်းပညာ AI

Photo : AiThority.com

ကွီးတို့‌ရေ ပထမဆုံးအနေနဲ့ တကယ်ကို လန်းတဲ့ Smartphone နည်းပညာ ကတော့ Artificial intelligence (AI)လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာပဲဖြစ်ပါတယ်။ Apple, Samsung, Huawei စသည်တို့က ထုတ်တဲ့ Smartphone တွေမှာ အားကောင်းတဲ့ ဉာဏ်ရည်တုနည်းပညာချစ်ပ်တွေကို ထည့်ထားပါတယ်။ တစ်စက္ကန့်အတွင်း လုပ်ဆောင်မှု (၅) ထရီလီယံထိ လုပ်ဆောင်ပေးနိုင်ပါတယ်။ Siri, Alexa, Social media, E –Payment, Chatbots, Facial Detection, Google Map စတာတွေဟာ ဉာဏ်ရည်တုနည်းပညာအတွက် မြင်သာတဲ့ နည်းပညာ တွေဘဲ ဖြစ်ပါတယ်။

(၂) တည်နေရာပြ နည်းပညာ (Locale Based Technology)

Photo : AiThority.com

ကွီးအနေနဲ့ ခွင့်ပြုချက်ပေးထားမယ်ဆိုရင် ကွီးတည်ရှိနေသော နေရာကို အလွယ်တကူခြေရာခံနိုင်သော နည်းပညာဖြစ်ပါတယ်။ တည်နေရာပြ အက်ပ်ပလီကေးရှင်းတွေဟာ ဖောက်သည်များကို အလွယ်တကူ ချိတ်ဆက်ပေးနိုင်ပါတယ်။ ဥပမာ -Uber, Grab စသည်တို့ ဖြစ်ပါတယ်။

(၃) မိုဘိုင်းလ်အက်ပလီကေးရှင်းများ (Mobile Applications)

Photo : The APP Company

Smartphone တွေ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဆော့ဝဲလ် အပလီကေးရှင်းတွေဖြစ်ပါတယ်။ သုံးစွဲသူများတဲ့အတွက် သတင်းအချက်အလက်၊ ထုတ်ကုန် ဝန်ဆောင်မှု စတာတွေကို လွယ်ကူလျှင်မြန်စွာ ရရှိစေတဲ့အတွက် မိုဘိုင်းလ် အက်ပလီကေးရှင်းများမှ ဝင်ငွေကောင်းကောင်းရရှိကြပါတယ်။ ဥပမာ- Weather, Google drive, Google translate စသည်တို့ ဖြစ်ပါတယ်။

(၄) မိုဘိုင်းလ်လုံခြုံရေး (Mobile Security)

Photo : Security Magazine

ကွီးတို့အတွက် မိုဘိုင်းလ်လုံခြုံရေးဟာ အရေးကြီးပါတယ်။ လုံခြုံရေးအစီအမံ မကောင်းတဲ့ မိုလ်ဘိုင်းလ် Devices တွေကို အသုံးပြုမိရင် ကွီးတို့ ကိုယ်ရေးအချက်အလက်တွေ၊ ဘဏ်ငွေစာရင်း အချက်အလက် ဆုံးရှုံးနိုင်ပါတယ်။ လုံခြုံ စိတ်ချမှု အတွက် မိုလ်ဘိုင်းလ် အက်ပ်ပလီကေးရှင်း ကုမ္ပဏီတွေက အထူးသတိပြုလာကြပါတယ်။

(၅) အသေးစားလုပ်ငန်းဆိုင်ရာ အက်ပ်လီကေးရှင်း (Applications for Small Enterprise )

Photo : microsoft-onedrive-feature

အသေးစားလုပ်ငန်းရှင် ကွီးတို့အတွက် အလွယ်အကူ အသုံးပြုနိုင်ပါတယ်။ ပြောင်းလဲနေသော ဈေးကွက်အခြေအနေကို ပြိုင်ဆိုင်နိုင်ဖို့၊ အသုံးစရိတ်စီမံခန့်ခွဲဖို့ နဲ့ ဝင်ငွေတိုးတက်ဖို့ အသုံးပြုနိုင်ပါတယ်။ ဥပမာ – Fresh Book, Microsoft One Drive, Google Workspace စသည်တို့ ဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ကို ဖမ်းစားနိုင်လောက်အောင် လန်းတဲ့ Smartphone နည်းပညာ များပဲဖြစ်ပါတယ်။ ကွီးတို့ရေ နည်းပညာခေတ်ကြီးမှာ ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ဖို့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံဖို့ အပြင် စမတ်ကျကျ နေနိုင်သူဖြစ်ဖို့ဆိုရင် Smartphone နည်းပညာအသစ်သစ်တွေကို မျက်ခြေမပြတ်ဖို့ အကြံပြုလိုက်ပါတယ်။

Featured Photo : Edgy