ဒီနေ့ခေတ် AI တွေရဲ့ အသုံးဝင်မှုကတော့ လုံးဝ အံ့မခမ်းပါပဲ။ ကွီးတို့ သိချင်တဲ့ အကြောင်းအရာ မှန်သမျှကို စေ့စေ့ပေါက်ပေါက် မေးလို့ရသလို AI တွေကို ကောင်းကောင်း အသုံးချတက်ရင် ကွီးတို့ရဲ့ Daily Life မှာ အကျိုးကျေးဇူးတွေ အများကြီးကို ဖြစ်ပေါ်စေမှာပါ။ ဒီဆောင်းပါးမှာတော့ AI ကို အသုံးပြုပြီး ကွီးတို့ရဲ့ လိင်မှုဘဝ ကျန်းမာရေးအတွက် အပြုသဘောဆောင်တဲ့ ကောင်းခြင်းတွေကို ဘယ်လိုဘယ်ပုံ ရယူလို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) လိင်မှုဆိုင်ရာ သတင်းအချက်အလက်တွေ ရယူလို့ ရတယ်

Photo : Man For Himself

တစ်ခါတစ်ရံမှာ လိင်မှုကိစ္စနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို သိလိုစိတ်ပြင်းပြနေပေမယ့် အခြားလူတစ်ယောက်ကို မေးဖို့ခက်ခဲတဲ့ အခြေအနေမျိုး ကြုံဖူးကြပါလိမ့်မယ်။ ဒီပြဿနာကို AI တွေက အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ လူတိုင်းကို မေးဖို့မလွယ်တဲ့ လိင်မှုကျန်းမာရေး မေးခွန်းတွေ ၊ လိင်မှုဆိုင်ရာ သတင်းအချက်အလက်တွေကို ကွီးတို့ စိတ်ကြိုက် လွတ်လပ်ပေါ့ပါးစွာ မေးမြန်းသိရှိခွင့်ရမှာ ဖြစ်ပါတယ်။

(၂) Counselor တစ်ယောက်လို ဆွေးနွေးတိုင်ပင်လို့ ရတယ်

Photo : Fatherhood Channel

လိင်မှုဘဝ ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်ဖော် Counselor တွေ ၊ ကျွမ်းကျင် Therapist တွေနဲ့ ပြောဆိုဆွေးနွေးဖို့ အခက်အခဲ ရှိတဲ့သူတွေအနေနဲ့ AI ကို Counselor တစ်ယောက် Therapist တစ်ယောက်လို သဘောထားပြီး ဆွေးနွေးလို့ ရနိုင်ပါတယ်။ AI ဟာ ကျွမ်းကျင်ပညာရှင်တွေလောက်တော့ ကွီးတို့ကို ကုသပေးနိုင်မှာ မဟုတ်ပေမယ့် ကွီးတို့ ကြုံနေရတဲ့ လိင်မှုဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သတ်လို့ အကောင်းဆုံး ဆွေးနွေးတိုင်ပင်လို့ရပြီး ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို လမ်းညွှန်ပေးပါလိမ့်မယ်။

(၃) စိတ်လှုပ်ရှားစရာတွေ ရှာဖွေလို့ရတယ်

Photo : Interesting Engineering

ဒီဘက်ခေတ်လို စမတ်ဖုန်းတွေ ၊ နည်းပညာ Devices တွေနဲ့ပဲ အချိန်ကုန်ဆုံးနေကြတဲ့ အထီးကျန်မျိုးဆက် လူသားတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ ကွက်လပ်တွေကို AI ဟာ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်စွမ်း ရှိပါတယ်။ ကွီးတို့ AI သုံးပြီး ပုံမှန် လိင်မှုဘဝ လုပ်ရိုးလုပ်စဉ်တွေထဲက ကွဲထွက်နေတဲ့ မတူညီတဲ့ လိင်မှုဆိုင်ရာ စိတ်လှုပ်ရှားတွေ ၊ စိတ်အားထက်သန်မှုတွေကို နှိုးဆွရှာဖွေလို့ ရနိုင်ပါတယ်။ ဥပမာအားဖြင့် AI-generated Pornography တွေ ဖန်တီးတာ ၊ AI နည်းပညာသုံး လူကြီးကစားစရာတွေ အသုံးပြုတာ စတဲ့ အရာတွေနဲ့ အသစ်သစ်သော ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ရှာဖွေလို့ ရနိုင်ပါတယ်။

Source : Psychology Today

Featured Photo : Norbert Biedrzycki