ဖက်ရှင်ကို စိတ်ဝင်စားပြီး သေချာဝတ်စားဆင်ယင်တတ်သူဖြစ်စေ၊ ဝတ်စားဆင်ယင်မှုကို သိပ်မစဉ်းစားဘဲ အဆင်ပြေတာကိုပဲ ရွေးချယ်ဝတ်ဆင်တတ်သူဖြစ်ပါစေ၊ ဘယ်လိုလူပဲဖြစ်ပါစေ အမျိုးသားတစ်ယောက်ရဲ့ အဝတ်ဘီရိုထဲမှာ လုံးဝကို ရှိသင့်တဲ့ အဝတ်အထည် အမျိုးအစားကတော့ အနက်ရောင်တီရှပ် တစ်ထည်ပဲဖြစ်ပါတယ်။ တီရှပ်အရောင်မျိုးစုံထဲမှာမှ အနက်ရောင်တီရှပ်က ဘာကြောင့် ရှိသင့်တာလဲဆိုတာ လေ့လာကြည့်ရအောင်။

Photo : BASSKYA BLOGS

(၁) အနက်ရောင်ဟာ လူတိုင်းအတွက် အရမ်းကိုအဆင်ပြေတဲ့ အရောင်ဖြစ်ပါတယ်။ ထို့အပြင် အနက်ရောင်ဟာ လေးနက်တဲ့ အသွင်အပြင်ရှိပြီး ဘယ်အရောင်နဲ့မဆို တွဲဖက်ဝတ်ဆင်လို့ရတဲ့အတွက် ကြားနေအရောင်လို့ သတ်မှတ်လို့ရပါတယ်။ အသားအရောင်မရွေး ဝတ်ဆင်လို့ရပြီး ပိန်သူနဲ့ဖြစ်စေ၊ ဝသူနဲ့ဖြစ်စေ၊ လိုက်ဖက်တဲ့အရောင်ပါ။ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်လာရင်တော့ အနက်ရောင်ဟာ ကွီးတို့ကို လုံးဝစိတ်ပျက်စေမှာ မဟုတ်ပါဘူး။

(၂) အနက်ရောင်ဟာ ကွီးတို့ကိုလေးနက်မှုကိုပေးတဲ့အပြင် သန့်စင်ခမ်းနားသော ခံစားချက်နဲ့ အသွင်အပြင်ကိုပါ ပေးစွမ်းနိုင်စွမ်းရှိပါတယ်။

(၃) အနက်ရောင်ဟာ ကွီးတို့ကို အနည်းငယ်ပိန်တဲ့ပုံ ပေါ်စေပါတယ်။ အနက်ရောင်ကြောင့် ကွီးတို့မှာရှိတဲ့ တချို့သောဝတဲ့နေရာများကို မှေးမှိန်သွားစေပါတယ်။

(၄) ကွီးတို့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ရာတွင်လည်းကောင်း၊ ပွဲအခမ်းအနားများတွင် ဝတ်ဆင်ဖို့ အရောင်ရွေးချယ်ရာတွင်လည်းကောင်း အနက်ရောင်ဟာ ဘယ်တော့မှ မမှားစေပါဘူး။ တစ်ခါတစ်ရံ သွားစရာရှိလို့ ကွီးတို့ အရောင်ရွေးချယ်ရခက်နေလျှင် အနက်ရောင်ကိုသာ ရွေးချယ်လိုက်ပါ။

ကဲကွီးတို့ရေ အနက်ရောင်ကတော့ တကယ်ကို စွယ်စုံရတဲ့အရောင်ပဲ ဖြစ်ပါတယ်။ ကွီးတို့ အမျိုးသားတွေ အနေနဲ့လည်း အနက်ရောင်ကို ကြိုက်နှစ်သက်သူများလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် တီရှပ်တွေက ဝတ်ရတာ ပေါ့ပါးလွယ်ကူပြီးပုံစံမျိုးစုံဝတ်ဆင်လို့ရပါတယ်။ ထို့အတူ အနက်ရောင်တီရှပ်တွေဟာ ခေတ်ဆန်ပြီး မကြာခဏဝတ်ဆင်လည်းလုံးဝ မရိုးသွားတဲ့ Timeless ဖက်ရှင် ပဲဖြစ်ပါတယ်။ ပေါ့ပါးတဲ့ အသွင်အပြင်၊ လေးနက်တဲ့ အသွင်အပြင်၊ ပွဲအခမ်းအနား စသည်တို့ကိုလည်း အနက်ရောင်တီရှပ်နဲ့ တွဲဖက်ဝတ်ဆင်ပြီး အထက်တန်းကျကျ စတိုင်လ်ကျစေရန် ပုံစံမျိုးစုံကိုဖန်တီး ဝတ်ဆင်လို့ရပါတယ်။

ကွီးတို့ရဲ့ အဝတ်ဘီရိုမှာ လုံးဝကို ရှိသင့်တဲ့ အနက်ရောင်တီရှပ် နဲ့ တွဲဖက်ဝတ်ဆင်လို့ရတဲ့ ပုံစံအမျိုးမျိုးက ဘာတွေပါလဲ

(၁) အနက်ရောင်တီရှပ်နဲ့ Blazers

Photo : DMARGE

အနက်ရောင်တီရှပ်နဲ့ Blazers တွဲဖက်ဝတ်ဆင်တာက ကွီးတို့ကို စတိုင်လ်ကျစေပြီး ပွဲအခမ်းအနား အချို့မှာပါ တင့်တယ်စေပါတယ်။

(၂) အနက်ရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီ

Photo : DMARGE

‌ပေါ့ပေါ့ပါးပါးနဲ့ Street Styles ဖက်ရှင်မျိုး လိုချင်ပါသလား။ ဒါဆိုရင်တော့ အနက်ရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီ မျိုးစုံကို တွဲဖက်ဝတ်ဆင်လိုက်ပါ။

(၃) အနက်ရောင်တီရှပ်နဲ့ ဘောင်းဘီတို

Photo : DMARGE

အနက်ရောင်တီရှပ်နဲ့ ဘောင်းဘီတို ကို တွဲဖက်ဝတ်ဆင် ခြင်းကလည်း ကွီးတို့ကို ပေါ့ပါးတဲ့ Daytime Look ကိုရစေမှာပါ။

(၄) အနက်ရောင်တီရှပ်နဲ့ အရောင်မျိုးစုံ ဒီဇိုင်းမျိူးစုံ ဘောင်းဘီရှည်များ

Photo : Municipalidad de Almafuerte

ဖက်ရှင်အတွက်ဘာမှ မစဉ်းစားချင်တော့ဘူးဆိုရင်တော့ အနက်ရောင်တီရှပ်ကို ကွီးတို့မှာ ရှိပြီးသား ဘောင်းဘီရှည် တစ်ထည်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

(၅) အနက်ရောင်တီရှပ်နဲ့ ဂျက်ကတ် မျိုးစုံ

Photo : JPM Group

ပိုပြီး မိမိုက်တဲ့ စတိုင်လ်ရချင်ရင်တော့ ကွီးတို့ ရွေးချယ်ရမှာ အနက်ရောင်တီရှပ်နဲ့ ဂျက်ကတ်ကို တွဲဖက်ဝတ်ဆင်ဖို့ပါပဲ။

ကဲ ကွီးတို့ရဲ့ အဝတ်ဘီရိုမှာ လုံးဝကို ရှိသင့်တဲ့ အနက်ရောင်တီရှပ် နဲ့ ဖက်ရှင်အမျိုးမျိုးပြောင်းပြီး ဝတ်ဆင်လိုက်ပါ။

Source : BASSKYA BLOGS

Featured Photo : Men