ဘီယာဟာ ကမ္ဘာအရပ်ရပ်မှာ လူကြိုက်အများဆုံး ယမကာတွေထဲမှာ ထိပ်ဆုံးက ရှိတဲ့ အဖျော်ယမကာတစ်ခုပါပဲ။ တချို့နိုင်ငံတွေမှာ ဘီယာဟာ နိုင်ငံ့ယဉ်ကျေးမှုနဲ့ပါ တစ်နည်းနည်းနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဈေးကွက်အင်အားကြီးလှတဲ့ ဘီယာ တွေထဲမှာ ကမ္ဘာ နဲ့ချီ လူကြိုက်များတဲ့ အမှတ်တံဆိပ် တွေအကြောင်း ကြည့်လို့ရအောင်ပါ။

(၁) Snow Lager

Photo : The Grocer တရုတ်နိုင်ငံ Shenyang City မှာ ၁၉၉၃ ခုနှစ်က စတင် ဖြန့်ချိခဲ့တဲ့ Snow Lager ဟာ ကမ္ဘာပေါ်မှာ အရောင်းရဆုံးဘီယာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဖြူရောင် အမြှုပ်လေးတွေကြောင့် Snow Lager လို့ နာမည်ပေးထားတာပါ။ တရုတ်နိုင်ငံ ပြင်ပမှာ ဒီ Lager ဘီယာအကြောင်း လူသိနည်းပေမယ့် အရှေ့မြောက်ပိုင်း တရုတ်ဒေသမှာတော့ အလွန်ပဲ လူကြိုက်များကြတယ်လို့ ဆိုပါတယ်။ ဈေးသက်သာပြီး လူကြိုက်များတဲ့ ဘီယာဖြစ်ပြီး တစ်နှစ်ကို Snow Lager လီတာပေါင်း သန်း ၁ သောင်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(၂) Heineken

Photo : Heineken

ကမ္ဘာတလွှား လူသိအများဆုံး ဘီယာ အမှတ်တံဆိပ် တွေအကြောင်းပြောရင် Heineken လည်း ပါဝင်ပါတယ်။ နယ်သာလန်ဘီယာအမှတ်တံဆိပ်ကို နိုင်ငံတကာမှာ ထုတ်လုပ်နေပြီး နိုင်ငံပေါင်း ၁၇၀ ကျော်ကို ဈေးကွက်ဖြန့်ချိထားပါတယ်။ ၁၈၆၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ သက်တမ်းရင့် အမှတ်တံဆိပ်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဝင်ငွေ ယူရို ၂၃.၇၇ ဘီလျံ ရရှိထားပါတယ်။

(၃) Budweiser

Photo : eatthis

ဘယ်လ်ဂျီယံဘီယာကုမ္ပဏီ AB InBEV ရဲ့ အမှတ်တံဆိပ် Budweiser ကလည်း ဘီယာ လောကမှာ နာမည်ကြီးပါတယ်။ အမေရိကန်ဈေးကွက်အပြင် တောင်အာဖရိက ၊ ဩစတြေးလျ နဲ့ တရုတ်ဈေးကွက်တွေမှာလည်း ရောင်းအားကောင်းတဲ့ ဘီယာ ဖြစ်ပါတယ်။

(၄) Skol

Photo : Behance

ဆွီဒင်အမှတ်တံဆိပ် Skol ဘီယာတွေဟာ စကင်ဒီနေးဗီးယန်းရနံ့နဲ့ ကျော်ကြားတဲ့ ဘီယာတွေ ဖြစ်ပြီး အစောပိုင်းက စကော့တလန်မှာ ထုတ်လုပ်ခဲ့တာပါ။ ဘရာဇီးမှာ လူကြိုက်များလွန်းလို့ Skol ကို ဘရာဇီးဘီယာလို့လည်း အသိအမှတ်ပြုထားပါတယ်။ Skol Lager ဘီယာကို အာဖရိကနဲ့ တောင်အမေရိကဈေးကွက်က လွဲပြိး ကမ္ဘာတလွှားကို Carlsberg က ထုတ်လုပ်ဖြန့်ဖြူးပေးပါတယ်။

Featured Photo : tasteatlas