Sex Toys လို့ခေါ်တဲ့ လူကြီးကစားစရာ အရုပ်တွေဟာ ကွီးတို့ရဲ့ လိင်မှုဘဝမှာ ပုံမှန်နဲ့ မတူတဲ့ လိင်မှုဆိုင်ရာ ခံစားမှု အတွေ့အကြုံ အသစ်အဆန်းတွေကို ယူဆောင်ပေးမယ့် အရာတွေပါ။ Sex Toys အမျိုးအစားတွေကတော့ ရာနဲ့ချီ အများအပြားရှိပြီး လိင်တံထိုးသွင်းဆက်ဆံရတဲ့ ကစားစရာတွေ ၊ တုန်ခါမှုပါတဲ့ အရုပ်တွေအပြင် အခြားသော ပုံစံမျိုးစုံ ၊ Modes မျိုးစုံနဲ့ လာပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ အမျိုးသားတွေ စမ်းသုံးကြည့်သင့်တဲ့ Sex Toys အမျိုးအစားတွေ အကြောင်းပါ။

(၁) Vibrating Masturbators

Photo : MensXP

တုန်ခါမှုနဲ့ ကွီးတို့ရဲ့ လိင်တံကို လှုံ့ဆော်ပေးမယ့် လူကြီးကစားစရာ အရုပ်တစ်မျိုး ဖြစ်ပါတယ်။ ပုံမှန် လက်နဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းအစား Vibrating Masturbators တွေကို သုံးပြီး ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါတယ်။ တုန်ခါမှု အမြန်နှုန်း အနိမ့်အမြင့်ကို စိတ်ကြိုက်ချိန်ညှိနိုင်ပြီး မတူညီတဲ့ တုန်ခါမှု ပုံစံကွဲတွေ ပါဝင်တဲ့အတွက် အထွတ်အထိပ် ခံစားမှုကို ကောင်းကောင်း ရောက်ရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

(၂) Masturbation Eggs

Photo : MensXP

Non-electric လူကြီးကစားစရာ အရုပ်တွေ သုံးချင်တယ်ဆိုရင် မှော်ဆန်တဲ့ ဥလေးကို ကွီးတို့ ရွေးချယ်နိုင်ပါတယ်။ Masturbation Eggs က ပျော့ပျောင်းပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ ဆီလီကွန် Sex Toy တစ်ခုဖြစ်ပြီး တစ်ယောက်တည်း တစ်ကိုယ်ရည် အာသာဖြေချိန်မှာ သုံးနိုင်သလို ပါတနာနဲ့အတူနေချိန်မှာလည်း ဆန္ဒပြီးမြောက်ဖို့အတွက် ဖြည့်စွက်ကိရိယာတစ်ခုအနေနဲ့ အသုံးပြုလို့ ရနိုင်ပါတယ်။

(၃) Prostate Massagers

Photo : MensXP

အမျိုးသားတွေကို အထွတ်အထိပ် ခံစားမှုကောင်းကောင်း ရစေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းနေရာဟာ ဆီးကျိတ်ဆိုတာ မမေ့ထားသင့်ပါဘူး။ ဆီးကျိတ်ဟာ ဆီးအိမ်နဲ့ လိင်တံကြားမှာရှိတဲ့ သေးငယ်တဲ့ ဂလင်းတစ်ခုဖြစ်ပြီး P-spot လို့လည်း ခေါ်ကြပါတယ်။ ၎င်းနေရာကို နှိပ်နယ်နှိုူးဆွပေးတာဟာ ခံစားမှု အင်မတန်ကောင်းမွန်တာကြောင့် Prostate Massagers လူကြီးကစားစရာ အရုပ်တွေကို အသုံးပြုပြီး အကောင်းဆုံး အော်ဂဇင် ခံစားမှုကို ရယူနိုင်ပါတယ်။

(၄) Butt Plugs & Beads

Photo : MensXP

အဓိက စအိုကို ထိုးသွင်းနှိုးဆွတဲ့အခါ အသုံးပြုတဲ့ Sex Toys တွေပါ။ အမျိုးသမီးတွေ တင်မကပါဘူး။ အမျိုးသားတွေလည်း အသုံးပြုနိုင်ပါတယ်။ Prostate Massagers လိုပဲ ဆီးကျိတ်ကို လှုံ့ဆော်ပေးပြီး ခံစားမှုကောင်းကောင်း ရရှိစေဖို့နဲ့ အထွတ်အထိပ် ခံစားမှုကို ရနိုင်ဖို့အတွက် ကူညီပေးပါတယ်။ Butt Plugs နဲ့ Anal Beads တွေကို သုံးမယ်ဆိုရင်တော့ ချောဆီနဲ့အတူ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

Source : MensXP

Featured Photo : Indiana Steel Fabricating