ကွီးတို့ နေ့စဉ်ဘဝထဲမှာ အကြောင်းကြောင်းကြောင့် လောင်ရတဲ့ အလောင်တွေ ၊ အညစ်တရားတွေ အနည်းနဲ့အများတော့ ရှိကြမှာပါ။ လောင်ရတာက ဘာမှကောင်းတာရယ်လိုတော့ မရှိပါဘူး။ တစ်ခုပါပဲ။ ကယ်လိုရီလောင်ကျွမ်းတာက လွဲရင်ပေါ့။ ကယ်လိုရီ လောင်ကျွမ်းတာကတော့ ခန္ဓာကိုယ်က အဆီပိုတွေကို လျော့ချပေးပြီး ကျန်းကျန်းမာမာနဲ့ ကျစ်လစ်သွယ်လျတဲ့ ဘော်ဒီကို ရရှိပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လောင်လေကောင်းလေလို့ ဆိုရမယ့် ကယ်လိုရီတွေကို များများနဲ့ မြန်မြန် လောင်ကျွမ်းစေဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) Dynamic Movement Training (DMT) Circuit

Photo : Steel Supplements

DMT လို့ အတိုကောက်ခေါ်တဲ့ Dynamic Movement Training Circuit ဆိုတာကတော့ ကယ်လိုရီ များများ လောင်ကျွမ်းမှုကို ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးတဲ့ အကောင်းဆုံး လေ့ကျင့်ခန်း ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ Dynamic Movement Training (DMT) Circuit မှာ Burpees ၊ Mountain Climbers ၊ Squat Jumps နဲ့ High Knees ဆိုတဲ့ လေ့ကျင့်ခန်း အမျိုးအစား ၄ ခု ပါဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို အချိန်တိုအတွင်းမှာ မြန်မြန်နဲ့ ဆက်တိုက် ကစားသွားရမှာ ဖြစ်ပါတယ်။

(၂) Fat Burnout

Photo : BetterMe

Fat Burnout ဆိုတဲ့ လေ့ကျင့်ခန်း ပရိုဂရမ်ဟာလည်း ခန္ဓာကိုယ်ပေါ်က အဆီပိုတွေကို ဖယ်ရှားဖို့ ပစ်မှတ်ထားပြီး ကိုယ်အလေးချိန် ကျစေဖို့အတွက် သေချာဒီဇိုင်းထုတ်ပြင်ဆင်ထားတဲ့ လေ့ကျင့်ခန်း အစီအစဉ်တစ်ခုပါ။ Fat Burnout ပရိုဂရမ်မှာ ပြင်းထန်တဲ့ Cardio လေ့ကျင့်ခန်းနည်းတွေ ပါဝင်ပြီး ခွန်အားနဲ့ ကြံ့ခိုင်မှုကို အခြေခံထားတဲ့ လှုပ်ရှားမှုတွေကို ပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ Fat Burnout လေ့ကျင့်ခန်း အစီအစဉ်မှာ Jumping Jacks ၊ Running in Place ၊ Box Jumps ၊ Kettlebell Swings ၊ Dumbbell Squats နဲ့ Medicine Ball Slams စတဲ့ လေ့ကျင့်ခန်းနည်းတွေ ပါဝင်ပြီး ဒီလေ့ကျင့်ခန်းတွေကို အချိန်အကန့်အသတ် အပိုင်းအခြား တစ်ခုအတွင်းမှာ ဆက်တိုက် ဆော့ကစား ရမှာပါ။ ပြင်းပြင်းထန်ထန်နဲ့ ခွန်အားသုံး ကစားရတာဖြစ်တာကြောင့် ကယ်လိုရီ လောင်ကျွမ်းမှု များသလို သက်လုံစွမ်းအားနဲ့ ကြံ့ခိုင်မှုကို တိုးတက်လာစေဖို့ အထောက်အကူ ပြုပါတယ်။

(၃) Strength And Conditioning

Photo : JEFIT

Strength Training တွေက ကယ်လိုရီ လောင်ကျွမ်းမှုနဲ့ ကြွက်သား ကျစ်လစ်သန်မာချင်သူတွေအတွက် မပါမဖြစ်တဲ့ လေ့ကျင့်ခန်း ပရိုဂမ်တစ်ခု ပါပဲ။ Strength And Conditioning လေ့ကျင့်ခန်း အစီအစဉ်မှာ Squats ၊ Deadlifts ၊ Bench Presses နဲ့ Pull-Ups တို့လို ကြံ့ခိုင်မှုကို တည်ဆောက်ပေးမယ့် လေ့ကျင့်ခန်းနည်းတွေ ပါဝင်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းနည်းတွေကို ပေါင်းစပ်လုပ်ဆောင်ပေးတာဟာ ကယ်လိုရီ ကို အမြောက်အများ လောင်ကျွမ်းစေနိုင်သလို ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအုပ်စု တော်တော်များများကိုလည်း ကျစ်လစ်သန်မာ လာစေဖို့ အထောက်အကူ ပြုပါတယ်။

ဒီလေ့ကျင့်ခန်း ပရိုဂရမ်တွေကို လုပ်ဆောင်မယ်ဆိုရင်တော့ ကယ်လိုရီတွေ လောင်ပြီးရင်ကို လောင်နေမှာ အသေအချာပါပဲ။

Source : magicpin

Featured Photo : Muscle & Fitness