နေ့တိုင်း လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် ဘာမှထူးထူးခြားခြား ပြောင်းလဲသွားတာ မရှိဘူးဆိုရင်တော့ ကွီးတို့ရဲ့ Workouts Level ကို အနည်းငယ် အပြောင်းအလဲ လုပ်ဖို့ လိုပါပြီ။ ဆိုလိုတာကတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြောင်းလုပ်မှ ၊ အကြိမ်ရေတွေ တိုးလုပ်မှ မဟုတ်ပါဘူး။ နည်းစနစ်တကျနဲ့ အချို့သော အသေးစား ပြောင်းလဲမှုလေးတွေက ကွီးတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ပိုမိုထိရောက်အောင် ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Workouts လုပ်ချိန်မှာ ပိုမိုထိရောက်မှု ရှိစေဖို့ သိထားသင့်တဲ့ Tips လေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အသက်ရှုပါ

Photo : ProsourceFit

Gym မှာ အလေးတုံးတွေ ၊ စက်တွေနဲ့ ကစားတာ ဖြစ်ဖြစ် ၊ Cardio Exercises တွေ လုပ်တာဖြစ်ဖြစ် အသက်ရှုနည်းစနစ်ဟာ နံပါတ်တစ် အရေးကြီးဆုံး ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ဆောင်နေချိန်အတွင်း အသက်ကို ဖြည်းဖြည်းနဲ့မှန်မှန် ရှုသွင်းရှုထုတ် လုပ်ပေးဖို့ လိုပါတယ်။ ဒါက ကွီးတို့ရဲ့ ကြွက်သားတွေကို ပိုမိုပြေလျော့သက်သာ စေမှာဖြစ်သလို လေ့ကျင့်ခန်းလုပ်နေချိန်မှာ စွမ်းအင်ပိုမို ရရှိစေဖို့ ကူညီပေးပါလိမ့်မယ်။

(၂) နည်းစနစ်ပိုင်း လေ့လာပါ

Photo : Verywell Fit

လေ့ကျင့်ခန်း ကစားနည်းတစ်ခုက နည်းစနစ်ကျမှသာ ထိရောက်မှုကောင်းကောင်း ရှိတာပါ။ Push-ups ပဲလုပ်လုပ် ၊ Squat ပဲထိုင်ထိုင် နည်းစနစ် မှန်ကန်မှု ရှိဖို့က အရေးကြီးပါတယ်။ နည်းစနစ်ပိုင်း အားနည်းနေရင် နားလည်တက်ကျွမ်းတဲ့ နည်းပြတွေကို သေချာလေး သင်ကြားပြသခိုင်းပါ။ ကွီးတို့ ကိုယ်တိုင် အွန်လိုင်းကနေ Tutorial Video တွေကြည့်ပြီးလည်း လေ့လာနိုင်ပါတယ်။

(၃) အနှောင့်အယှက်တွေ ဖယ်ရှားပါ

Photo : Tribe Fitness

လေ့ကျင့်ခန်းလုပ်ရင် ဖုန်းသုံးတာ ၊ ဆိုရှယ်မီဒီယာ သုံးနေတာတွေ လုံးဝ(လုံးဝ) မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြားမှာ သင့်လျော်တဲ့ နားချိန်တစ်ခုယူဖို့ လိုပေမယ့် ၄၅ စက္ကန့် အများဆုံး ၁ မိနစ်လောက်ပဲ ယူသင့်တာပါ။ အချိန်အကြာကြီး နားနေမယ် ၊ ကစားနည်းတစ်ခုနဲ့ တစ်ခုကြားမှာ အချိန်ကြာကြာ အဆက်ပြတ်သွားမယ်ဆိုရင် ကြွက်သားလှုံ့ဆော်မှု အားလျော့စေမှာ ဖြစ်သလို ပျင်းရိစိတ်တွေ ပိုဖြစ်လာနိုင်ခြေ များတဲ့အတွက် Workouts လုပ်တဲ့အချိန်ဟာ ကြာတာပဲ ရှိပြီး ထိရောက်မှုကတော့ နည်းနေမှာ ဖြစ်ပါတယ်။

(၄) Workouts Plan တိတိကျကျ သတ်မှတ်ပါ

Photo : Eat This Not That

Weight Gain လား ၊ Weight Loss လား ၊ Muscles တက်ချင်တာလား ကွီးတို့မှာ တိကျတဲ့ Goals ရှိဖို့လိုပြီး သင့်တင့်လျောက်ပတ်တဲ့ Workouts Plan တစ်ခု သေချာဆွဲပြီး ကစားရမှာ ဖြစ်ပါတယ်။ ရက်အလိုက် ကစားရမယ့် Workouts တွေကို ကျွမ်းကျင် ထရိန်နာနဲ့ တိုင်ပင်ပြီး Plan ချပါ။ Workouts Plan နဲ့အတူ အစားအသောက်ပိုင်း Diet Plan ကိုလည်း သေချာလေး သတ်မှတ်ပြီး စားသောက်သင့်ပါတယ်။ ဒါမှသာ ရလဒ် ထိရောက်မှုဟာ သိသာစေမှာ ဖြစ်ပါတယ်။

Source : SELF Magazine

Featured Photo : The Independent