ဘီယာ၊ ဝီစကီတွေ သောက်ရင်း လျှာလည်သွားစေမယ့် အမြည်းတွေလည်း စားသုံးချင်တယ်။ ပြီးတော့ အေးဆေးထိုင်လို့ကောင်းတဲ့ ဘားမျိုးကိုလည်း ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် လှိုင် မြို့နယ် အတွင်းရှိ ထိုင်လို့ကောင်းတဲ့ အမိုက်စား ဘား နှင့် စားသောက်ဆိုင် လေးတွေရှိပါတယ်။

ထိုဆိုင်လေးတွေသည် ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးလို့ကောင်းပြီး အလုပ်ထဲက စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်တဲ့ အကောင်းဆုံး နေရာတွေပဲဖြစ်ပါတယ်။

Kanote Rooftop Bar & Restaurant

Photo: Facebook

သဘာဝလေနုအေးရဲ့ တိုက်ခတ်တဲ့အရသာလေးကို ခံစားချင်ပြီး ဘီယာ၊ ဝီစကီများနဲ့ အေးဆေးငြိမ့်ချင်တဲ့ ကွီးတို့အတွက်ကတော့ Kanote Rooftop Bar & Restaurant က စောင့်ကြိုနေပါတယ်။ ဆိုင်ရဲ့ တည်နေရာကတော့ ယခင်က ဝင်းသူဇာအရောင်းပြခန်း အဆောက်အဦးရဲ့ အပေါ်ထပ်မှာ တည်ရှိတာဖြစ်ပြီး ဘာတာမှတ်တိုင်အရှေ့မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

Photo: Facebook

အမြည်းတွေကလည်း နာမည်ကြားရုံနဲ့တင် လျှာလည်သွားစေမယ့် အမြည်းတွေပဲဖြစ်ပါတယ်။ ဝက်နံရိုးမီးတောက်၊ ကနုတ်ဘဲပေါင်း၊ ကနုတ်စီချွန်မာလာငါးကင်၊ ရှူးရှဲပင်လယ်စာဗန်းကြီးအပြင် ပင်လယ်စာဟင်းလျာမျိုးစုံ၊ ငါးနဲ့ ပတ်သက်တဲ့ အမြည်းမျိုးစုံ၊ ထိုင်းစတိုင်လ်ဟင်းလျာများကိုလည်းမှာယူ မြည်းစမ်းနိုင်ပါတယ်။

Photo: Facebook

အယ်လ်ကိုဟောဖျော်ရည်တွေ အနေနဲ့ကတော့ ကော့တေးနဲ့ မော့တေးမျိုးစုံ၊ ဘီယာ၊ ဝီစကီ အစရှိတဲ့အမျိုးအစားတွေထဲကမှ မိမိကြိုက်နှစ်သက်ရာတစ်မျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။

Dynasty Rooftop Bar & Grill

Photo: Facebook

လှိုင် မြို့နယ်အတွင်းမှာပဲ နောက်ထပ်ထိုင်လို့ကောင်းတဲ့ ဘား နှင့် စားသောက်ဆိုင်ကတော့ Dynasty Rooftop Bar & Grill ပဲဖြစ်ပါတယ်။ တည်နေရာကတော့ Gemsy Hotel ရဲ့ Penthouse ပေါ်မှာ တည်ရှိတာဖြစ်ပြီး ရွာမကျောင်းလမ်း၊ လှိုင်မြို့နယ်မှာ တည်ရှိပါတယ်။

Henniken Tower ၊ ရှီရှား ၊ ကော့တေးဘူဖေးအပြင် အကင်မျိုးစုံ၊ အမြည်းမျိုးစုံကိုလည်း မှာယူကာ မြည်းစမ်းစားသုံးနိုင်ပါတယ်။ ဒါ့အပြင် Hip Hop DJ တွေနဲ့ မြူးတူးကခုန်ချင်သလား။ သီချင်းအေးအေးလေးတွေ နားထောင်ချင်သလား။ နားထောင်လို့ရအောင်လည်း အစီအစဉ်မျိုးစုံ ပြုလုပ်ပေးထားပါသေးတယ်။ ဒါ့အပြင် မွေးနေ့ပွဲများ၊ ပါတီပွဲများ ကျင်းပချင်သူများအတွက်လည်း အစီအစဉ်လေးတွေ စီစဉ်ပေးထားပါသေးတယ်။

Photo: Facebook

အမြည်းတွေကလည်း အရသာရှိ၊ အယ်လ်ကိုဟောဖျော်ရည်တွေကလည်း အမျိုးအစားစုံ၊ သီချင်းကဏ္ဍလေးပါ ထပ်ပေါင်းထည့်လိုက်တော့ လာရောက်သူများအဖို့ ကျေနပ်စရာအကောင်းဆုံး အတွေ့အကြုံကို ခံစားရစေမှာပါ။

Paramount Bar & Restaurant

Photo: Facebook

ဒီဆိုင်လေးကတော့ အမှတ် ၁၅၆ (A) ၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁၂ နာရီကနေ ည ၈ နာရီအထိဖြစ်ပါတယ်။ ငွေသား ထုတ်ရခက်လို့ Cashless ရှင်းလို့ရအောင်လည်း စီစဉ်ပေးထားပါသေးတယ်။

Photo: Facebook

ကော့တေး၊ ဘီယာမျိုးစုံအပြင် Unplugged လေးလည်းရှိတော့ သီချင်းနားထောင်လိုက်၊ စကားတပြောပြောဖြင့် ဘီယာလေး သောက်လိုက်ဖြင့် အေးဆေး Chill လို့ရတဲ့ လှိုင် မြို့နယ်က ဘား နှင့် စားသောက်ဆိုင် ပဲ ဖြစ်ပါတယ်။

ကွီးတို့ရော လှိုင်မြို့နယ်က ဘယ် ဘားနဲ့ စားသောက်ဆိုင် တွေမှာ ထိုင်ရတာ သဘောကျပါသလဲ။

Featured Image: Facebook