ကွီးတို့ စားနေတဲ့ အစားအစာတွေက ကွီးတို့ရဲ့ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးအတွက်သာမက အသားအရေ ကျန်းမာရေးအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ နေ့စဉ် ကွီးတို့စားနေတဲ့ အစားအစာတွေထဲမှာ အရေပြားကျန်းမာရေးကို အကျိုးပြုတဲ့ အစားအစာတွေပါသလို ဝက်ခြံနဲ့ အိုမင်းရင့်ရော်မှုကို တွန်းအားဖြစ်စေတဲ့ အစားအစာတွေလည်း အများကြီး ပါဝင်နေပါတယ်။ ဒီတစ်ခေါက်မှာ ပြောပြပေးချင်တာကတော့ ဝက်ခြံ တွေကို ဖြစ်ပေါ်စေနိုင်တဲ့ အဆိုးဆုံး အစားအစာတွေအကြောင်း ဖြစ်ပါတယ်။

(၁) Oat Milk

Photo : Eat This Not That

အခုနောက်ပိုင်းမှာ Oat Milk တွေဟာ နွားနို့အစားထိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာ Drink တစ်ခုအဖြစ် ရေပန်းစားလာပါတယ်။ ဒါပေမယ့် များများသောက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ အရေပြား ကျန်းမာရေးအတွက် ဆိုးကျိုး ရှိပါတယ်။ ဘာလို့ဆို Oat Milk တွေမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု ပိုများတဲ့အတွက် ဝက်ခြံ ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

(၂) Whey Protein

Photo : Eat This Not That

Gym သမား ၊ အားကစားသမားတွေ သောက်ကြတဲ့ Whey Protein တွေမှာ Androgens နဲ့ Estrogen ဟော်မုန်းတွေကို တိုးစေတဲ့ အာနိသင်တွေ ပါပါတယ်။ ခန္ဓာကိုယ်မှာ Androgens ဟော်မုန်း တိုးပွားလာတာဟာ ဝက်ခြံ ပြဿနာကို ဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းအရင်း တစ်ခုပါပဲ။ အလားတူ Whey Protein တစ်ခွက်ဟာ နွားနို့ ၆ – ၁၂ လီတာ သောက်သုံးတာနဲ့ ညီမျှတဲ့အတွက် အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

(၃) Glycemic Index မြင့်တဲ့ အစားအစားများ

Photo : Eat This Not That

သကြားလုံး ၊ ကွတ်ကီး ၊ မုန့်အချို ၊ ဆန်နဲ့ ပေါင်မုန့်ဖြူတွေလို Glycemic Index မြင့်တဲ့ အစားအစားတွေဟာ သွေးတွင်း ဂလူးကို့စ်ဓာတ်ကို မြင့်တက်စေပါတယ်။ သကြားဓာတ်ဟာ အရေပြားရောင်ရမ်းမှုကို ဖြစ်ပေါ်စေပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ အရေပြား အဆီထုတ်လုပ်မှုကို တိုးစေပါတယ်။ ဒါကြောင့် Glycemic Index မြင့်တဲ့ အစားအစားတွေကို မကြာခဏ စားနေတာက ဝက်ခြံ အပါအဝင် အရေပြားဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်ပါတယ်။

(၄) ပဲပိစပ်အခြေခံ ပရိုတင်း

Photo : Eat This Not That

သားသတ်လွတ် သမားတွေ စားလေ့ရှိတဲ့ Soy Based Protein ခေါ် ပဲပိစပ် အခြေခံ ပရိုတင်းဓာတ်ပါ အစားအစာတွေ အလွန်အကျွံစားမယ်ဆိုရင် ဝက်ခြံတွေ ဖြစ်ပေါ်စေတက်ပါတယ်။ အကြောင်းကတော့ ပဲပိစပ်မှာ ပါဝင်တဲ့ Phytoestrogens ဓာတ်ဟာ ခန္ဓာကိုယ်အတွင်း Estrogen ဟော်မုန်းပမာဏကို တိုးစေတဲ့အတွက် ဝက်ခြံ ထွက်စေဖို့ တွန်းအား ဖြစ်စေသလို ဝက်ခြံပြဿနာကိုလည်း ပိုဆိုးစေတက်ပါတယ်။

Source : Eat This Not That

Featured Photo : Arviv Medical Aesthetics