ဝိုင်စည် အဟောင်းတွေကို အသုံးပြုပြီး ခပ်မိုက်မိုက် အိမ်သုံးပစ္စည်းတွေ ဖန်တီးလို့ ရတယ်ဆိုတာ ကွီးတို့ သိပြီးပြီလား ? DIY ပရော့ဂျက်တွေ ဖန်တီးရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ဝိုင်စည် အဟောင်းတွေနဲ့ ဘယ်လို အမိုက်စားပစ္စည်းတွေ ဖန်တီးလို့ ရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) မျက်နှာသစ် ဘေစင်

Photo : Alpine Wine Design

ဝိုင်စည်တွေနဲ့ အမိုက်စား မျက်နှာသစ် ဘေစင်လေးတစ်ခု ဖန်တီးလို့ ရပါတယ်။ ကွီးတို့က Vintage ဆန်ဆန် ၊ ခေတ်ဟောင်းပစ္စည်း ဒီဇိုင်းတွေ ကြိုက်တယ်ဆိုရင်တော့ သေချာပေါက် လုပ်ကြည့်လိုက်ပါ။

(၂) မျက်နှာကျက် မီးဆိုင်း

Photo : Black Sea Lighting

အိမ်တွင်းအလှဆင်ဖို့ ဝိုင်စည်တွေနဲ့ လှပတဲ့ မျက်နှာကျက် မီးဆိုင်းတစ်ခု ဖန်တီးလို့ ရပါတယ်။ ဝိုင်စည်ကို လိုအပ်သလို ဖြတ်တောက်ပြီး မီးလုံးတွေနဲ့ တွဲဆက်ကာ မီးဆိုင်းလှလှလေးတစ်ခု ပြုလုပ်နိုင်ပါတယ်။

(၃) ဘား စားပွဲဝိုင်း

Photo : King Barrel

ရိုးရှင်းပြီး ဆွဲဆောင်မှု ရှိတဲ့ ဘား စားပွဲဝိုင်းတစ်ခု ဖန်တီးချင်တယ် ဆိုရင်တော့ ဝိုင်စည်တွေက ကွက်တိပါပဲ။ စားပွဲဝိုင်း မျက်နှာပြင်ကို သစ်သား သို့မဟုတ် ဖန် စသည်ဖြင့် ကွီးတို့ နှစ်သက်ရာကို အသုံးပြုလို့ ရပါတယ်။ အိမ်သုံး အတွက်သာမက စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်သုံး စားပွဲဝိုင်းတွေ အဖြစ်ပါ သုံးလို့ အဆင်ပြေပါတယ်။

(၄) ပန်းအိုး

Photo : Homestead and Chill

အကုန်အကျ သက်သာစွာနဲ့ ပန်းအိုးလှလှလေးတွေ ဖန်တီးကြည့်လိုက်ပါဦး။ ဝိုင်စည် ကို အလယ်ကနေ ထက်ပိုင်းဖြတ်လိုက်မယ်ဆိုရင် ရိုးရှင်းလှပတဲ့ ပန်းအိုးလေးတွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၅) ထီး Stands

Photo : Alpine Wine Design

ခြံဝန်းထဲမှာ အနားယူအပန်းဖြေဖို့အတွက် ဝိုင်စည်နဲ့ ထီး Stands မိုက်မိုက်လေးတစ်ခု ဖန်တီးလို့ ရတယ်နော်။ ထီး Stands အနေနဲ့ သာမက အအေးခွက်တွေ ဒါမှမဟုတ် ဘီယာပုလင်းတွေ တင်ဖို့ စားပွဲဝိုင်း တစ်ခုအနေနဲ့ပါ တွဲဖက်အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Source : DIY Projects

Featured Photo : Country Living Magazine