ဝီစကီ Whiskey များကို ဆေးဖြစ်ဝါးဖြစ်မှီဝဲပါက အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ နှလုံးရောဂါ ခံစားရခြင်းတို့မှ ကာကွယ်ပေးပြီး ခန္ဓာကိုယ်တွင် သွေးခဲခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဝီစကီချစ်သူများအတွက် ကမ္ဘာပေါ်တွင် ရွေးချယ်သောက်သုံးစရာ ဝီစကီ Whiskey မူကွဲ (၉) မျိုးရှိပါတယ်။

ထို ဝီစကီ Whiskey မူကွဲ (၉) မျိုးကတော့ …

အိုင်းရစ်ရှ်ဝီစကီ Whiskey

Photo: Uproxx

အိုင်းရစ်ရှ် ဝီစကီ Whiskey တွေကတော့ အခြားသော ဝီစကီ Whiskey တွေထက် ပိုပြီး Smooth ဖြစ်တဲ့အရသာမျိုး ပိုင်ဆိုင်ထားပါတယ်။ အိုင်းရစ်ရှ်ဝီစကီ Whiskey တစ်မျိုးရလာဖို့အတွက် ကျိုချက်ပြီးတဲ့နောက်မှာတော့ သူ့ကို သစ်သားစည်ထဲတွင် သုံးနှစ်ကြာအောင် ထိန်းသိမ်းပေးထားဖို့လိုအပ်ပါတယ်။ ဒါမှ အရသာပြီးပြည့်စုံတဲ့ အိုင်းရစ်ရှ်ဝီစကီ Whiskey တစ်မျိုးရရှိမှာပါ။

စကော့ချ်ဝီစကီ Whiskey

Photo: Gearpatrol

စကော့ချ်ဝီစကီ Whiskey ကတော့ သူ့ရဲ့နာမည်အတိုင်း စကော့တလန်နိုင်ငံမှာ ပြုလုပ်တာဖြစ်ပါတယ်။ စကော့လူမျိုးများသည် သူတို့ရဲ့ ရိုးရာနည်းပညာကိုအသုံးပြုကာ သူတို့ရဲ့ ဝီစကီ Whiskey ကို ရရှိအောင် ပြုလုပ်ကြပါတယ်။ ထိုဝီစကီ Whiskey လေးကိုတော့ ညစာ စားပြီးတဲ့နောက်မှာ သောက်သုံးပေးမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ခံစားချက်လေးကို ရရှိမှာဖြစ်ပါတယ်။

ဂျပန်ဝီစကီ Whiskey

Photo: Bloomberg

အိုင်းရစ်ရှ်ဝီစကီ Whiskey ၊ စကော့ချ်ဝီစကီ Whiskey ပြီးရင် တတိယနာမည်အကြီးဆုံး ဝီစကီ Whiskey ကတော့ ဂျပန်ဝီစကီ Whiskey ပဲဖြစ်ပါတယ်။ ဂျပန်ဝီစကီ Whiskey တွေရဲ့ အရက်ချက်နည်းကတော့ စကော့ချ်ဝီစကီ Whiskey နည်းနဲ့ နည်းနည်းဆင်တူပါတယ်။ ဒါ့ကြောင့်မို့လို့လည်း သူ့ရဲ့ဝီစကီ Whiskey က လူကြိုက်များနေရခြင်းဖြစ်ပါတယ်။

ကနေဒါဝီစကီ Whiskey

Photo: Pastemagazine

ကနေဒါဝီစကီ Whiskey သည်လည်း အိုင်းရစ်ရှ်ဝီစကီ Whiskey လိုမျိုးပဲ သစ်သားစည်ထဲတွင် သုံးနှစ်ကြာအောင် ထိန်းသိမ်းထားရတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထဲမှာတော့ ပြောင်းဖူးပါဝင်နှုန်းက ရာခိုင်နှုန်းပိုမြင့်ပါတယ်။ ထိုအချက်ကတော့ အခြားသောဝီစကီ Whiskey တွေနဲ့ ကွဲပြားခြားနားနေအောင် ကူညီပေးတာဖြစ်ပါတယ်။

ဘူဘွန်ဝီစကီ Whiskey

Photo: Winemag

ဒီဝီစကီ Whiskey လေးကတော့ အမေရိကန် ဝီစကီ Whiskey မူကွဲ တစ်မျိုးဖြစ်ပါတယ်။ သူ့ကိုလည်း စည်ထဲတွင် သေသေချာချာ ထိန်းသိမ်းထားရတာပါ။ ပြောင်းဖူးစေ့ ပါဝင်မှုနှုန်း ၅၁ ရာခိုင်နှုန်းခန့် ပါဝင်ပြီး သူ့အရောင်ကတော့ နီညိုရောင်လိုလို၊ လိမ္မော်နီရောင်လိုလိုလေးနဲ့ လှပခန့်ညားနေတာဖြစ်ပါတယ်။

Tennessee စတိုင်လ်ဝီစကီ Whiskey

Photo: Reddit

Tennessee စတိုင်လ်ဝီစကီ Whiskey ကတော့ ဘူဘွန်ဝီစကီ Whiskey မျိုးကွဲတစ်မျိုးပဲဖြစ်ပါတယ်။ သူတို့နှစ်ခုကြား အဓိကကွာခြားချက်ကတော့ အရသာပဲဖြစ်ပါတယ်။ Tennessee စတိုင်လ်ဝီစကီ Whiskey ပြုလုပ်တဲ့အခါ Charcoal Filtering Process ကို မဖြစ်မနေပြုလုပ်ရပါတယ်။ ဒါ့ကြောင့်လည်း သူ့အရသာက ဘူဘွန်အရသာနဲ့ယှဉ်ရင် ပိုပြီး နူးညံ့နေတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ စူးစူးရှရှအရသာလေး သောက်ချင်တယ်ဆိုရင်တော့ Tennessee စတိုင်လ်ဝီစကီ Whiskey အစား ဘူဘွန်ဝီစကီ Whiskey ကို အသုံးပြုနိုင်ပါတယ်။

Rye စတိုင်လ်ဝီစကီ Whiskey

Photo: Luxrowdistillers

Rye စတိုင်လ်ဝီစကီ Whiskey ကတော့ သူ့ရဲ့နာမည်အတိုင်းပဲ Rye လို့အမည်ရတဲ့ Cereal တစ်မျိုးကို အသုံးပြုထားတာဖြစ်ပါတယ်။ သူ့ကို ပြုလုပ်ဖို့အတွက်ဆိုရင်တော့ ၂ နှစ်နှင့်အထက် သိုလှောင်ထားရတာဖြစ်ပါတယ်။

Blended စတိုင်လ်ဝီစကီ Whiskey

Photo: Forbes

Blended ဝီစကီ Whiskey လေးကတော့ မတူညီတဲ့ ဝီစကီ Whiskey အမျိုးအစားအများအပြားကို တစ်ခုတည်းဖြစ်သွားအောင် ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီဝီစကီ Whiskey လေးကတော့ ကော့တေးဖျော်ရည်များ ဖျော်စပ်ချင်တယ်ဆိုရင်တော့ အသုံးတည့်ပါတယ်။

Single Malt စတိုင်လ်ဝီစကီ Whiskey

Single Malt စတိုင်လ်ဝီစကီ Whiskey ကတော့ အဓိကအားဖြင့် Barley တစ်ခုတည်းကိုပဲ အဓိကထားကာ ကျိုချက်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့ကိုလည်း ၃ နှစ်ခန့် အနည်းဆုံး သိုလှောင်ထားပြီးမှသာလျှင် ပြီးပြည့်စုံတဲ့ ဝီစကီ Whiskey တစ်ပုလင်းကို ပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်။ အမေရိကမှာ ထုတ်လုပ်လေ့ရှိတဲ့ Single Malt စတိုင်လ်ဝီစကီ Whiskey များကတော့ Barley အစား Rye ကို အသုံးပြုတာများပါတယ်။

ကွီးတို့အကြိုက်ဆုံး ဝီစကီ Whiskey အမျိုးအစားကရော ဘယ်အမျိုးအစားဖြစ်မလဲ။

Source: Tasteofhome

Featured Image: Eatthis