အခြေခံအားဖြင့်တော့ ရာသီစက်ဝန်း တစ်နည်းအားဖြင့် နောက်ထပ် ရာသီလာမယ့်ရက်ကို အတိအကျမသိပဲ အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၂၁ ရက်အတွင်းမှာ ကိုယ်ဝန်ရှိမရှိကို စစ်ဆေးမှု လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့အတွက် လွယ်ကူတဲ့ Pregnancy Test Kits တွေ ရှိသလို သဘာဝနည်းလမ်းတွေနဲ့လည်း စစ်ဆေးလို့ ရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Pregnancy Test Kits တွေ မပါပဲ အိမ်မှာသဘာဝနည်းအတိုင်း ကိုယ်ဝန် ရှိမရှိ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။

(၁) ဆား

Photo : Vegetarian Society

အမျိုးသမီးရဲ့ ဆီးနဲ့ အိမ်သုံးဆားကို ရောစပ်ပြီး ကိုယ်ဝန်ရှိမရှိ စစ်ဆေးလို့ ရပါတယ်။ ဆီးကို ဆားနဲ့ ရောမွှေလိုက်ချိန်မှာ ပုံပန်းသဏ္ဌာန် ပြောင်းလဲမှု ရှိတယ်ဆိုပါက ကိုယ်ဝန်ရှိတယ်လို့ ယူဆလို့ ရပါတယ်။ သို့သော် ဒီနည်းလမ်းက သိပ္ပံနည်းကျသက်သေပြထားတဲ့အထောက်အထားတွေတော့ မရှိသေးပါဘူး။

(၂) မုန့်ဖုတ်ဆိုဒါ

Photo : Medical News Today

အိမ်မှာပဲ ကိုယ်ဝန် ရှိမရှိကို အလွယ်တကူ စစ်ဆေးနိုင်ဖို့ မုန့်ဖုတ်ဆိုဒါကို သုံးနိုင်ပါတယ်။ ဆီးခွက်ကို မုန့်ဖုတ်ဆိုဒါနဲ့ ဆတူပမာဏနီးပါး ထည့်ပြီး မိနစ်အနည်းငယ်စောင့်ပါ။ ဆီးထဲမှာ Human Chorionic Gonadotropin (hCG) လို့ခေါ်တဲ့ ဟော်မုန်း ရှိတယ်ဆိုရင် မုန့်ဖုတ်ဆိုဒါနဲ့ ဓာတ်ပြုပြီး ပြိုကွဲခြင်းကို ဖြစ်စေပါတယ်။ အဲ့ဒီလို မဖြစ်ဘူး ဆိုရင်တော့ အမျိုးသမီးမှာ ကိုယ်ဝန်မရှိနိုင်ဘူးလို့ သိနိုင်ပါတယ်။

(၃) သကြား

Photo : Fine Dining Lovers

သန့်စင်တဲ့ သကြားအဖြူထဲ မနက်ခင်းမှာ သွားထားတဲ့ ဆီးကို လောင်းထည့်ကြည့်ပါ။ ထို့နောက် သကြားတွေ စုပုံလာမလာကို စောင့်ကြည့်ရပါမယ်။ အကယ်၍ သကြားတွေ စုပုံလာတယ်ဆိုရင်တော့ ကိုယ်ဝန် ရှိတယ်ဆိုတာ သိနိုင်ပါတယ်။

(၄) Basal Body Temperature (BBT)

Jillian Greaves

ခန္ဓာကိုယ်အပူချိန်ကို စောင့်ကြည့်တိုင်းတာတဲ့ နည်းလမ်းနဲ့ ကိုယ်ဝန် ရှိမရှိ စစ်ဆေးတဲ့နည်းပါ။ အကယ်၍ ကိုယ်ဝန်ရှိတယ်ဆိုရင် မျိုးဥထွက်ပြီးနောက် Progesterone ဟော်မုန်း ပမာဏ တိုးလာခြင်းကြောင့် Basal Body Temperature (BBT) ဟာ မြင့်တက်နေပါလိမ့်မယ်။ Basal Body Temperature (BBT) တိုင်းတာတဲ့နည်းက ၂ ပတ်လောက် နေ့စဉ်စောင့်ကြည့်တိုင်းတာရမှာ ဖြစ်ပြီး အပူချိန်လျှော့ကျသွားခြင်း မရှိဘူးဆိုရင်တော့ ကိုယ်ဝန်ရှိတာ သေချာပါတယ်။

Source : Healthshots

Featured Photo : My Expert Midwife