အိမ်ထောင်ရေးသုခ ပြည့်ဝဖို့နဲ့ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ Libido လို့ခေါ်တဲ့ လိင်စိတ်ဆန္ဒဟာ အရေးကြီးပါတယ်။ Libido တိုးမြင့်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင်မှု ပုံစံတွေဟာ အရေးပါသလို Healthy ဖြစ်တဲ့ အစားအသောက် ရွေးချယ်မှုဟာလည်း အဓိကကျတယ်လို့ ပြောရမှာပါ။ ဒီတစ်ခေါက်တော့ သဘာဝအတိုင်း လိင်စိတ်ဆန္ဒ မြင့်တက်စေပြီး ပျော်ရွှင်ကျေနပ်စရာ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်စေဖို့ သောက်သုံးပေးသင့်တဲ့ Libido Booster Drinks အချို့ကို ဖော်ပြပေးပါမယ်။

(၁) လက်ဖက်စိမ်း

Photo : News-Medical

Green Tea ကိုတော့ ဝိတ်ကျချင်သူတွေ အများစု သောက်ဖြစ်တဲ့ Healthy အဖြစ်ဆုံး သောက်စရာတစ်မျိုးလို့ လူသိများပါတယ်။ တကယ်တော့ Green Tea ဟာ လိင်စိတ်ဆန္ဒ ကို မြှင့်တင်ပေးနိုင်တဲ့ Drink တစ်ခုဆိုလည်း မမှားပါဘူး။ Green Tea မှာ Catechins လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာ ပါဝင်ပြီး ၎င်းက သွေးစီးဆင်းမှုကို မြှင့်တင်ပေးတာကြောင့် လိင်စိတ်ဆန္ဒကို တိုးမြင့်စေဖို့ အထောက်အကူ ပြုပါတယ်။

(၂) Black ကော်ဖီ

Photo : Coffee Hero

ကွီးတို့ အားလုံးသိထားတဲ့အတိုင်း ကော်ဖီဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို မြှင့်တင်ပေးပြီး လိင်စိတ်နိုးကြားတက်ကြွမှုကို တိုးစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ အမျိုးသား/အမျိုးသမီးတွေရဲ့ လိင်မှုဘဝအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ထောက်ပံ့ပေးပါတယ်။ ဒါတင်မကသေးပါဘူး နေ့စဉ် ကော်ဖီတစ်ခွက် ပုံမှန်သောက်တဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညိုး ပြဿနာ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ University of Texas Health Science Center (UTHealth) ရဲ့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။

(၃) ဝိုင်နီ

Photo : Harvard Health

ဝိုင်နီကို သင့်တင့်မျှတစွာ သောက်သုံးမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိခံစား နိုင်ပါတယ်။ ဝိုင်နီဟာ လိင်မှုဘဝ ကျန်းမာရေးကိုလည်း အကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးပြီး အမျိုးသမီးတွေမှာဆိုရင် လိင်စိတ်နိုးကြားတက်ကြွမှုကို တိုးစေသလို အမျိုးသားတွေမှာတော့ ကျားဟော်မုန်း Testosterone ပမာဏကို တိုးမြင့်စေနိုင်ပါတယ်။

(၄) သလဲသီးဖျော်ရည်

Photo : Extreme Wellness Supply

သလဲသီးဖျော်ရည်ဟာ လိင်မှုဟော်မုန်းကို တိုးစေပြီး လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှုကို မြှင့်တင်ပေးတာကြောင့် အိမ်ထောင်ရှင် အမျိုးသားရော အမျိုးသမီးတွေပါ သောက်သုံးပေးသင့်တဲ့ သဘာဝဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ချစ်တင်းမနှောခင် သလဲသီးဖျော်ရည်တစ်ခွက် သောက်ပေးတာဟာ လိင်မှု စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုထားပြီး လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှုအပြည့်နဲ့ ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။

Source : Healthshots

Featured Photo : Base