ကြွက်သား မြန်မြန် ကြီးထွားချင်ရင် သိပ္ပံနည်းကျ ထောက်ခံထားတဲ့ Workout Plan နဲ့ အစားအသောက် စားသုံးနည်းစနစ်ကို လိုက်နာဖို့ လိုပါတယ်။ ကြွက်သားမြန်မြန် ကြီးထွားစေဖို့ Strength Training ကို အဓိက ကစားရပါတယ်။ ဒီအချက်နဲ့လည်း မလုံလောက်သေးပါဘူး။ ကြွက်သား ကြီးထွားမှု မြန်ချင်ရင် အခုပြောမယ့် အချက်တွေပါ လိုက်နာဖို့ လိုပါတယ်။

(၁) Protein တိုးစားပါ

Photo : menshealth

ပရိုတိန်းများများ စားလေလေ ကြွက်သား ပိုကြီးလေလေပါပဲ။ ခန္ဓာကိုယ်ဟာ ပရိုတိန်းပြိုကွဲခြင်းလို့ ခေါ်တဲ့ ပရိုတိန်းတွေကို ကြွက်သားအဖြစ် ပြောင်းတဲ့ ဖြစ်စဉ်လုပ်ဖို့ အသားဓါတ် လိုပါတယ်။ ပုံမှန်အားဖြင့် အားကစားလုပ်သူတစ်ယောက်ဟာ ခန္ဓာကိုယ်ရဲ့ အလေးချိန် ၁ ပေါင်တိုင်းမှာ ပရိုတိန်း ၁ ဂရမ် စားပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် ပေါင် ၁၆၀ ရှိတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်ရက် ပရိုတိန်း ဂရမ် ၁၆၀ အထိ စားပေးသင့်တယ်လို့ ဆိုပါတယ်။

ဝိတ်တင်ဖို့ အရင်ဆုံး များများ စားပေးဖို့ လိုပါတယ်။ အစားအသောက်အနေနဲ့ ၈ အောင်စရှိတဲ့ ကြက်ရင်အုပ်သား ၊ Cottage Cheese တစ်ခွက် ၊ အမဲသားဆန်းဒွပ်ချ် ၁ ချပ် ၊ ကြက်ဥ ၂ လုံး ၊ နို့တစ်ဖန်ခွက်နဲ့ မြေပဲ ၂ အောင်စတို့ စားပေးနိုင်ပါတယ်။ ကယ်လိုရီပိုများများ စားပေးရပါတယ်။ များများ စားသလို အားကစားလည်း များများ လုပ်ပေးဖို့ လိုပါတယ်။

(၂) ခပ်ပြင်းပြင်း လေ့ကျင့်ပါ

Photo : menshealth

Muscle တက်ချင်သူတွေအတွက် Multi-Joint Movement လို့ ခေါ်တဲ့ ခန္ဓာကိုယ်က အရိုးအဆစ် Joints နဲ့ ကြွက်သားတွေကို တစ်ချိန်တည်း ဆော့ပေးရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးရမှာပါ။ Dumbbell Row ဆွဲတာမျိုးကို Multi-Joint Movement လို့ ခေါ်ပါတယ်။ တခြားထဲကဆို Squats ၊ Bench Press ၊ Deadlift ၊ PullUp နဲ့ Bench Press တို့ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ကြွက်သား အုပ်စုအများကြီးကို တစ်ချိန်တည်း လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ Muscle Building လုပ်ရာမှာလည်း ကိုယ့်ကိုယ်ကိုယ် ပုံမှန် Challenge ခေါ်ပြီး ဝိတ်တိုးမ,ပေးသွားပေးဖို့လည်း အကြံပြုကြပါတယ်။

(၃) အရင်သောက်ပါ

Photo : menshealth

University Of Texas တက္ကသိုလ်ရဲ့ ၂၀၀၁ ခုနှစ်က လေ့လာမှုတစ်ခုမှာ ဝိတ်မ,သူတွေဟာ Workout မကစားခင် ကာဗွန်ဟိုက်ဒရိတ်နဲ့ အမိုင်နိုအက်ဆစ်ပါတဲ့ Shake ကို သောက်တာဟာ အားကစားလုပ်ပြီးမှ သောက်သူတွေထက် ကြွက်သား ကြီးထွားမှု ပိုမြန်တယ်လို့ ဖော်ပြထားပါတယ်။ ပရိုတိန်းရှိတ်ခ်တစ်ခွက်မှာ Essential Amino Acids ၆ ဂရမ် နဲ့ ကာဗွန်ဟိုက်ဒရိတ် ၃၅ ဂရမ်တို့ ပါဝင်ပါတယ်။ Wheat Bread ထက်စာရင် အရည်ပရိုတိန်းရှိတ်ခ်တွေကို ခန္ဓာကိုယ်က စုပ်ယူမှု ပိုကောင်းပါတယ်။ အားကစားမလုပ်ခင် နာရီဝက် ၁ နာရီလောက် ကြိုပြီး သောက်ပေးသင့်ပါတယ်။

Featured Photo : menshealth