တစ်ပတ်တာလုံး ပင်ပန်းရသမျှတွေကို ဘားမှာ အေးဆေးထိုင်ရင်း Chill ကာ စိတ်ဖိစီးစရာများကို ဖြေဖျောက်နိုင်ပါတယ်။ ဘားထိုင်တဲ့အခါမှာလည်း သီချင်း ဖျော်ဖြေတင်ဆက်မှုကိုပါ တပါတည်း နားသောတ ဆင်ခြင်းသည် ပိုမိုစိတ်လက်ပြေပျောက်စေပါတယ်။ သီချင်း ဖျော်ဖြေတင်ဆက်မှုကို နားသောတဆင်ရင်း ဘားမှာ အေးဆေး Chill ချင်တဲ့ ကွီးတို့အတွက် ရန်ကုန်မြို့တွင်းရှိ အကောင်းဆုံး Bar များကို ဝေမျှပေးချင်ပါတယ်။

Iceland Rooftop Bar & Restaurant

Photo: Facebook

ဒီဆိုင်လေးကတော့ ပြည်လမ်း၊ ၁၀ မိုင်တွင် တည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ သီချင်း နားဆင်ချင်တဲ့ ကွီးတို့ကတော့ Iceland Rooftop Bar & Restaurant ဆီသို့ ညနေ ၆ နာရီကနေ ၉ နာရီအတွင်း လှမ်းလာနိုင်ပါတယ်။

ကွီးတို့အနေနဲ့ ဘီယာ၊ ကော့တေး၊ ဝိုင် အစရှိတဲ့ အယ်လ်ကိုဟောဖျော်ရည်များကို စိတ်ကြိုက်မှာယူသောက်သုံးနိုင်ပြီး အရသာရှိတဲ့ ထိုင်းအစားအစာများ၊ ဥရောပအစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။

Photo: Facebook

သဘာဝဆန်တဲ့ ညနေခင်းလေးကို ရင်သပ်ရှုမောစွာ ခံစားရင်း ဘားထိုင်ချင်တယ်ဆိုရင်တော့ ဒီ Rooftop ဘားလေးဆီသို့ အလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ Heineken နဲ့ Carlsberg အသည်းစွဲ ညိုကီတွေအတွက်လည်း ဇူလိုင် ၃၁ ရက်နေ့အထိ ပရိုမိုးရှင်းလေးရှိတဲ့အတွက်ကြောင့် အမြန်ဆုံးသွားရောက်ဖို့ လက်တို့လိုက်ရပါတယ်။

Night Life Bar

Photo: Facebook

ကွီးတို့ အသည်းစွဲ Night Life Bar သည်လည်း အမြည်းလက်ဆောင်အစီအစဉ်အပြင် အခြားသော အစီအစဉ်များလည်း ပြုလုပ်ပေးနေပါသေးတယ်။

ဘီယာ တာဝါ သောက်တာနဲ့ အမြည်းတစ်ပွဲ အော်တိုလက်ဆောင်ရမှာပါ။ ဘယ်လိုအမြည်းတွေလဲဆိုတော့ … ဝက်ဂုတ်သားကင်သုပ် (သို့) တုံယမ်း ဟင်းချို (သို့) ထိုင်းစတိုင်လ် ဟင်းသီးဟင်းရွက်သုပ် အစရှိတဲ့အမြည်းတွေထဲက ကွီးတို့ ကြိုက်တဲ့ အမြည်းတစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

Photo: Facebook

သီချင်း နားထောင်ရင်း အေးအေးဆေးဆေးလေး Bar ထိုင်ချင်တဲ့ ကွီးတို့ကတော့ တနင်္ဂနွေနေ့လေးမှာ Chill လို့ရပါတယ်။ အခြားသော ကံစမ်းမဲ အစီအစဉ်လေးတွေလည်း ပြုလုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် မှန်မှန်သွားထားမှ တော်ရာကျလိမ့်မယ်နော်။

ဆိုင်ရဲ့ တည်နေရာကတော့ ရန်ကုန်ညဈေး၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၃ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

Nova Bar & Chill

Photo: Facebook

ကွီးတို့ကို ညွှန်းပေးချင်တဲ့ နောက်ထပ်တစ်ဆိုင်ကတော့ အမှတ် (၆)၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်မှာ တည်ရှိတဲ့ Nova Bar & Chill ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၂ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။

အလန်းစား အမိုက်စား သီချင်းမြူးမြူးကြွကြွလေးတွေကို ခံစားချင်သူများအတွက်လည်း Live DJ ရက်များလည်း နေ့တိုင်း ရှိပါသေးတယ်။ အင်္ဂါနေ့ကနေ ကြာသပတေးနေ့တွေမှာဆိုရင် Live DJ လေးသည် ညနေ ၆ နာရီခွဲကနေ စတင်လေ့ရှိပြီး သောကြာနေ့ကနေ တနင်္ဂနွေနေ့တွေမှာတော့ ညနေ ၅ ခွဲမှာ အစပြုပါတယ်။

Photo: Facebook

အခြားသော ပရိုမိုးရှင်းများလည်း ရက်အလိုက် ပြုလုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် တန်မှတန် အစီအစဉ်တွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ကွက်တိပဲပေါ့။

Featured Image: Facebook