ဘိုင်ယန်မြူးနစ်အသင်း ဂန္ထဝင်ကစားသမား သောမက်စ်မူလာ ကတော့ အခုလာမယ့် နွေရာသီမှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက သတင်းတွေ ထွက်ပေါ်လာ ခဲ့ပါတယ်။

Photo : Bavarian Football Works

နာမည်ကြီး ဂျာမန် သတင်းစာရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ် အသင်းဟာ အသက် ၃၅ နှစ်အရွယ် ကစားသမားကို ဆက်ထိန်းထား ချင်ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ညှိနှိုင်းခဲ့ရာမှာ ကစားသမားနဲ့ အဆင်မပြေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

သောမက်စ်မူလာ ဟာ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာ စာချုပ်သက်တမ်း အနည်းငယ်သာ ကျန်ရှိတော့ပြီး စာချုပ်အသစ် ချုပ်ဆိုဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

ဂျာမန်သားဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ၁၇ နှစ်ကြာ ဖြတ်သန်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတစ်လျှောက်လုံးကို အသင်းမှာပဲ ကုန်ဆုံးခဲ့တဲ့ ဘိုင်ယန်ဂန္ထဝင် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Photo : Bavarian Football Works

ဒီရာသီမှာတော့ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ပါဝင် ကစားနိုင်ခဲ့ပြီး လက်ရွေးစင် ကစားသမားဘဝ တစ်လျှောက်မှာတော့ ဂျာမနီအသင်းအတွက် ပွဲပေါင်း ၁၃၁ ပွဲ ၊ သွင်းဂိုး ၄၅ ဂိုး သွင်းယူထားပါတယ်။ လက်ရှိမှာ သောမက်စ်မူလာ ကို မေဂျာလိဂ်ထံကနေ ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Source : KOHA. net

Featured Photo : Bavarian Football Works