ဘရိုက်တန်ဆိုတာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကမှ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ အသင်းပါ။ ပရီးမီးယားလိဂ်လို့ စတင် ခေါ်ဝေါ် သုံးစွဲခဲ့တဲ့ အချိန်အခါတုန်းက ပရီးမီးယားလိဂ်ရဲ့အောက် ဒုတိယတန်းအဆင့်ထိ ရောက်ရှိနေရတဲ့ ဘရိုက်တန် ဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ချန်ပီယံရှစ် ပြိုင်ပွဲအတွင်း ဒုတိယနေရာ ရရှိခဲ့လို့ ပရီးမီးယားလိဂ်ဆီ တက်လှမ်းခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Football365

လက်ရှိမှာ ဘရိုက်တန်က ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ကျင်လည်လာခဲ့တာ ဘောလုံးရာသီ (၆)ရာသီ ရှိပါပြီ။ ပရီးမီးယားလိဂ်ကို စတင် ရောက်ရှိပြီး (၄) ရာသီဆက်တိုက်အတွင်း တစ်ရာသီမှာ နိုင်ပွဲ (၉)ပွဲသာ ရယူနိုင်ကာ ၂၀၁၈-၂၀၁၉ ရာသီမှာတော့ ရှုံးပွဲပေါင်း (၂၀)အထိ ရှိခဲ့လို့ ပရီးမီးယားလိဂ်ကနေ တန်းပြန်ဆင်းလုနီးပါးတောင် ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီရာသီ ဆုံးခန်းတိုင်ချိန်မှာပဲ ဘရိုက်တန်ဟာ နည်းပြ ခရစ္စ ဟောက်တန်ရဲ့နေရာမှာ ဂရေဟမ် ပေါ်တာနဲ့ အစားထိုးခဲ့ပါတယ်။

Photo Credit : Sky Sports

ပေါ်တာ လက်ထက်မှာ ဘရိုက်တန်က ချက်ချင်းကြီး ပြောင်းလဲလာခဲ့တာ မဟုတ်ပေမယ့်လည်း တစ်စ တစ်နဲ့တော့ တိုးတတ်မှု အရိပ်အယောင်တွေ ပြလာနိုင်ခဲ့တယ်။ သူရဲ့ ဘရိုက်တန် နည်းပြဘဝ တတိယမြောက် ဘောလုံးရာသီမှာပဲ ဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့် (၉)နေရာထိ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပေါ်တာကို ကလပ်အသင်းတွေက အပြိုင် စိတ်ဝင်စားခဲ့ကြသလို ဘရိုက်တန် ကစားသမားတွေဟာလည်း အသင်းကြီးတိုင်း အလိုရှိတဲ့ players တွေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sussex Live

ဒီရာသီအစမှာ ပေါ်တာက ချယ်လ်ဆီးကို ရောက် ၊ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကူကူရယ်လာ ဘစ်ဆူးမား ထရိုဆက်ဒ်တို့ကို ရောင်းချ ၊ အသင်းမှာ အားထားရတဲ့ ကွင်းလယ်လူ Mwepu ကလည်း နှလုံးပြသာနာကြောင့် ဘောလုံးသမားဘဝက အနားယူ ဒီလိုတွေနဲ့ ရင်ဆိုင်ရပေမယ့် ဘရိုက်တန် က နည်းပြသစ် ဒီဇာဘီ အသင်းကနေ ပြန်လည် ဖြည့်တင်းလိုက်တဲ့ ကစားသမားသစ်တွေနဲ့ အသင်းအနေအထားက အားကောင်းလာခဲ့ပြီး သွားရှုပ်လို့ မရနိုင်တဲ့ အနေအထားထိပါ ရောက်ရှိသွားခဲ့ပါတယ်။ ဆိုတော့ ဒီလို အခြေအနေကနေ အပိုဆုအနေနဲ့ ဥရောပဝင်ခွင့်ပါ ရယူသွားနိုင်မလားဆိုတာ…

Featured Photo : Twitter