ဘာစီလိုနာ အသင်းကတော့ နည်းပြ ဟန်စီဖလစ် ကို စာချုပ်သစ်ချုပ်ဆိုဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။ ဂျာမန်သားနည်းပြရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၆ မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် စပိန်ဘီလူးကြီးတွေကတော့ ဟန်စီဖလစ်ကို အသင်းမှာ နောက်ထပ် ၁ နှစ် ဆက်ရှိနေစေချင်တာ ဖြစ်ပါတယ်။

Photo : Barca Blaugranes

နည်းပြ ဟန်စီဖလစ် ဟာ လက်ရှိ ဘာစီလိုနာအသင်းမှာ ရလဒ်ကောင်းတွေကို ပြသနိုင်နေပြီး သူ့အနေနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ ဆန္ဒမရှိပေမယ့်လည်း အသင်းမှာ ဆက်လက်နေလိုကြောင်း ပြောကြားခဲ့ပါတယ်။

Sky Germany သတင်းဌာနရဲ့ အဆိုအရ ဘာစီလိုနာအသင်းနဲ့ ဟန်စီဖလစ် တို့ကြား စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုဟာ အတော်လေး အလားအလာကောင်းနေပြီး ဂျာမန်သား နည်းပြအနေနဲ့ အသင်းမှာ နောက်ထပ် ၂ နှစ် ဆက်နေဖို့ သေချာသလောက် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒီရာသီ နည်းပြ ဟန်စီဖလစ်ရဲ့ ကိုင်တွယ်မှုအောက်မှာ စပိန်ဘီလူးကြီးတွေ အနေနဲ့ ဆုဖလားတွေ သိမ်းပိုက်ဖို့ အခွင့်အရေးတွေလည်း များစွာရှိနေတာကြောင့် စာချုပ်သက်တမ်း တိုးနိုင်ရေးအတွက် အသင်းနဲ့ နည်းပြကြား သဘောတူညီမှု ရှာတွေ့နိုင်ဖို့ဟာ သိပ်တော့ အခက်အခဲရှိမှာ မဟုတ်ပါဘူး။

Photo : Barca Blaugranes

ဘာစီလိုနာ အသင်းဟာ နည်းပြဇာဗီနေရာမှာ ဂျာမန်သား နည်းပြကို အစားထိုး ခန့်အပ်ပြီးနောက် စပိန်စူပါဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီး ဖြစ်သလို ကိုပါဒယ်ရေးဖိုင်နယ်နဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့ကာ ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေနဲ့အတူ ဒီရာသီ လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာလည်း ဦးဆောင်နေပါတယ်။

Source : Barca Blaugranes

Featured Photo : Barca Blaugranes