Wireless Power Consortium (WPC) ကနေ Qi2 Wireless Charging စံနှုန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲမှာ စတင် ကြေညာသွားခဲ့ပြီး အဲ့ဒီနှစ် ဧပြီလထဲမှာပဲ မိတ်ဆက်လာခဲ့ပါတယ်။ HMD Skyline ဟာ Qi2 Charging စနစ် Support ပေးထားတဲ့ ပထမဆုံး (တစ်ခုတည်းသော) Android စမတ်ဖုန်း ဖြစ်ပါတယ်။ လက်ရှိမှာ ဟော့ဖြစ်နေတဲ့ Google ရဲ့ Pixel 9 စီးရီး စမတ်ဖုန်းတွေမှာလည်း Qi2 Charging စနစ် Support ပေးထားမယ်လို့ တော်တော်များများ မျှော်လင့်ခဲ့ပေမယ့် ထင်ထားသလို မဖြစ်လာခဲ့ပါဘူး။

Photo : Android Authority

Pixel 9 စီးရီးစမတ်ဖုန်းတွေ ဖြစ်တဲ့ Google Pixel 9 ၊ Pixel 9 Pro နဲ့ Pixel 9 Pro XL ဖုန်းတွေဟာ Qi Standard အဟောင်းကိုသာ Support ပေးထားတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အဆိုပါ Pixel 9 စီးရီးစမတ်ဖုန်းတွေဟာ Pixel Stand နဲ့ 23W အထိ ကြိုးမဲ့အားသွင်းစနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပေမယ့် Qi2 Support ပေးထားတဲ့ 15W အစား Qi-Certified EPP Wireless Charger နဲ့ 12W အထိသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Qi2 ဟာ ခေါက်ဖုန်း မဟုတ်တဲ့ Pixel 9 စမတ်ဖုန်းတွေနဲ့ MagSafe ကဲ့သို့ သံလိုက် ဆက်စပ်ပစ္စည်းတွေကိုလည်း အသုံးပြုနိုင်မှာ မဟုတ်ဘူးပဲ ဖြစ်ပါတယ်။ Pixel 9 စီးရီး စမတ်ဖုန်းတွေမှာ Qi2 Charging မရတာနဲ့ပတ်သတ်ပြီး Android Authority ကနေ Google ကိုမေးမြန်းခဲ့ရာမှာတော့ ” Qi အဟောင်း ပရိုတိုကောက ဈေးကွက်ထဲမှာ အလွယ်တကူ ရနိုင်သလို Qi2 ကို ပြောင်းလဲအသုံးပြုလိုက်တာ ဘာမှအရမ်းကြီး သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ရှိမှာမဟုတ်ဘူး ” လို့ ဖြေကြားသွားခဲ့ပါတယ်။

တကယ်တော့ Qi2 Charging ရဲ့ အထင်ရှားဆုံး အကျိုးကျေးဇူးကတော့ အားသွင်းနှုန်းကို မြှင့်တင်ပေးပြီး Chargers တွေနဲ့ Devices တွေ ကြားမှာ စွမ်းအင်စနစ်ကို ပိုမိုကောင်းမွန်အောင် ချိန်ညှိပေးသလို မလိုလားအပ်တဲ့ စွမ်းအင်ဆုံးရှုံးမှုတွေကိုလည်း လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။

Photo : RM Update

လက်ရှိ Google ရဲ့ Pixel 9 စီးရီးမှာ Qi2 Support မပေးပေမယ့် လာမယ့် Pixel 10 စီးရီး စမတ်ဖုန်းတွေနဲ့ အခြား Brands တွေရဲ့ နောက်ထပ် အသစ်ထွက်ရှိလာမယ့် Flagships ဖုန်းတွေမှာတော့ Qi2 Charging Support ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်အထိတော့ HMD Skyline ဟာ Qi2 Support ရရှိထားတဲ့ တစ်ခုတည်းသော Android စမတ်ဖုန်းတစ်လုံးအဖြစ် ဆက်လက်ရပ်တည် နေပါတယ်။

Source : GSMArena.com

Featured Photo : Gizmochina