ကွီးတို့ရေ ဘီယာ က အခြားအရက်တွေလို လျှင်မြန်စွာ မမူးတဲ့အတွက် လူမှုရေးနှင့်ဆိုင်တဲ့ ပွဲအခန်းအနားတွေ၊ ပေါင်းသင်းဆက်ဆံရေးအတွက် သောက်ကြပါတယ်။ ကျန်းမာရေးကို အကျိုး ပြုပါတယ်။ ဒါကြောင့် ဘီယာ သောက်သူတွေ များလာတာကို တွေ့ရပါတယ်။ထုတ်လုပ်တဲ့ နည်းစနစ် ပါဝင်ပစ္စည်းတွေ လိုက်ပြီး အနံ့အရသာ အရောင် အမျိုးမျိုး၊ မတူတဲ့စတိုင်တွေ၊ အပျော့စားဘီယာကနေ အပြင်းစားဘီယာအထိ ကွီးတို့ရွေးချယ်စရာ ဘီယာမျိုးစုံရှိပါတယ်။ ကွီးတို့ရွေးချယ်နိုင်အောင် ဒီနှစ်အတွက် အကောင်းဆုံးသော ဘီယာ တွေကို ဖော်ပြလိုက် ပါတယ်။

(၁) Peace Tree Blonde Fatale Belgian-Style Blonde Ale

Photo : Foundary Distilling Companary

ဒီဘီယာ ကတော့ အမေရိကန် အိုင်အိုဝါဒေသ ဘီယာဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှု (၈.၅) ရာခိုင်နှုန်း၊ သစ်သီး၊ ဟော့ နဲ့ အချဉ်အရသာ အရသာ ခံစားနိုင်ပါတယ်။ နေရာတိုင်းမှာ မရနိုင်တဲ့ အကောင်းဆုံးသော ဘီယာ လို့ ပြောကြပါတယ်။

(၂) Estrella Inedit Damm

Photo : NTUC FairPrice

စပိန် ထုတ် အယ်လ်ကိုဟော(၄.၈) ရာခိုင်နှုန်းပါ ဘီယာဖြစ်ပါတယ်။ နံနံ၊ လိမ္မော်နဲ့ ဟင်းခတ်အမွှေး အကြိုင် အရသာမျိုးဖန်တီးထားပါတယ်။ စပိန်နိုင်ငံ Damm Brewery ကနေ မုယောစပါးနှင့် ဂျုံကို အခြေခံထုတ်တဲ့ လေဂါ ဘီယာ ဖြစ်ပါတယ်။ ညစာစားတဲ့အခါ ထည့်သွင်းဖို့ သင့်တော်တဲ့ဘီယာ ဖြစ်ပါတယ်။

(၃) Lagunitas DayTime IPA

Photo : Foxtrot

Lagunitas DayTime IPA ကတော့ ကယ်လီဖိုးနီးယားမှ ဖန်တီးထားသော Ale ဘီယာ ဖြစ်ပါတယ်။ အယ်လ်ကိုဟော (၄) ရာခိုင်နှုန်း ပါတဲ့အတွက် အကောင်းဆုံးသော နွေရာသီနဲ့ လိုက်ဖက်တဲ့ ဘီယာ လည်းဖြစ်ပါတယ်။ ရှောက် သရက်နဲ့ ဟော့ အရသာ ခံစားနိုင်ပါတယ်။

(၄) Weihenstaphaner Hefe Weissbier

Photo : HEB

သက်တမ်းအရှည်ဆုံး အတွေ့အကြုံအများဆုံး ဘီယာထုတ်လုပ်သူ ဂျာမနီ Weihenstaphaner ဘီယာစက်ရုံက ထုတ်လုပ်တဲ့ ရွှေရောင်ဘီယာ ဖြစ်ပါတယ်။ အယ်လ်ကိုဟော(၅.၄) ရာခိုင်နှုန်းပါဝင်ပြီး ငှက်ပျောသီး၊ သံပုရာနဲ့ တဆေး အရသာရှိပါတယ်။ ဝက်အူချောင်း ၊ ဒိန်ခဲ တို့နဲ့ တွဲဖက်ဖို့ ကောင်းပါတယ်။

(၅) Toppling Goliath King Sue

Photo : Norfolk Wine & Spirits

အိုင်အိုဝါထွက် အကောင်းဆုံး India Pale Ale ဘီယာ ဖြစ်ပါတယ်။ အယ်ကိုဟော (၇.၈) ရာခိုင်နှုန်း ပါဝင်ပြီး ၊ ရှောက် သရက်နဲ့ ဟော့ အရသာ ခံစားနိုင်တယ်။

ဒါတွေအပြင် Dogfish Head SeaQuench Ale, Samuel Smith’s Organic Chocolate Stout, Bell’s Two-Hearted Ale, Pilsner Urquell, St. Bernardus Abt 12, Hitachino Nest White Ale, Modelo Negra, Miller High Life စတဲ့ ဘီယာ အမျိုးမျိုးဟာ ဒီနှစ်အတွက် အကောင်းဆုံးသော ဘီယာ များ ဖြစ်ပါတယ်။

Source : Liquor

Featured Photo : Inedit Damm