ယနေ့အချိန်မှာ ပျော်ရွှင်စရာ အထိမ်းအမှတ်ပွဲတွေ ဖြစ်တဲ့ နှစ်ပတ်လည် အခမ်းအနားတွေ၊ မင်္ဂလာဧည့်ခံပွဲတွေ၊ ဂုဏ်ပြုအခမ်းအနားတွေမှာ ရှန်ပိန် ကိုပါ အလေးထား ထည့်သွင်းဧည့်ခံလေ့ ရှိလာပါတယ်။ လူအများစုက ရှန်ပိုင်ကို အဖျော်မကာ အဖြစ်သာ သောက်သုံးသင့်တယ်လို့ ထင်ကြပေမဲ့ ဒါဟာ တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ပါဘူး။ ရှန်ပိန်ကို ငါး၊ အသားကင် ၊ ဟင်သီးဟင်းရွက် ၊ အီတလီ အစာတွေ နဲ့ သောက်မယ်ဆိုရင် ထူးကဲတဲ့ အရသာကို ခံစားနိုင်မှာပါ။ ရှန်ပိန်တွေဟာ သောက်သုံးသူတွေ တန်ဖိုးထားမှု နဲ့ ကြိုက်နှစ်သက်မှုကြောင့် နာမည်ကျော်ကြားသလို ဈေးနှုန်းမျိုးစုံနဲ့ Brands မျိုးစုံလည်းရှိပါတယ်။ ကျန်းမာရေး အနေနဲ့ပြောရရင် ရှန်ပိန်မှာ ‌ပေါ်လီဖီနော ဓါတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်တဲ့အတွက် နှလုံးကျန်းမာရေး ကို အားကောင်းစေပါတယ်။ ကမ္ဘာပေါ်မှာ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇလန် တို့ဟာ ရှန်ပိန် အသောက်ဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ ကွီးတို့နှစ်သက်တဲ့ ရှန်ပိန်ကိုရွေးချယ်လို့ ရအောင် ကမ္ဘာ့ အကောင်းဆုံး ရှန်ပိန် Brands တွေထဲက အချို့ကို ရွေးချယ် တင်ပြပေးလိုက်ပါတယ်။

(၁) Moet & Chandon

Photo : Luxe Digital

ကမ္ဘာ့ အကောင်းဆုံး ရှန်ပိန် Brands တွေထဲက တစ်ခု ကတော့ ပါတီပွဲ များအတွက် အကောင်းဆုံး Moet & Chandon ရှန်ပိန် ဖြစ်ပါတယ်။ LVMH (ပြင်သစ်) ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ ဈေးနှုန်းကတော့ ၇၅၀ မီလီလီတာ တစ်လုံးကို အမေရိကန်ဒေါ်လာ (၅၀) ဖြစ်ပါတယ်။ နာမည်ကျော် Moet & Chandon MCIII (၇၅၀) မီလီလီတာ တစ်လုံး ဟာ အမေရိကန်ဒေါ်လာ( ၃၄၂) ထိ ရှိပါတယ်။

(၂) Veuve Clicquot

Photo : Luxe Digital

Veuve Clicquot ကတော့ ရိုမန်တစ် ဖြစ်တဲ့ အချိန်အခိုက်အတန့်တွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ (၇၅၀) မီလီလီတာတစ်လုံးကို (၇၀) မှ (၁၂၅) ဒေါ်လာဈေးရှိပါတယ်။ သူကလည်း ပြင်သစ် LVMH ကုမ္ပဏီက ထုတ် ရှန်ပိန်ဖြစ်ပါတယ်၊။ ကွီးတို့ရဲ့ ချစ်သူလေးနဲ့ အတူ မြည်းစမ်း ကြည့်ပါဦးနော်။

(၃) Dom Perignon

Photo : Luxe Digital

Dom Perignon ကတော့ အမှတ်တရ လက်ဆောင်ပေးဖို့ကောင်းတဲ့ ရှန်ပိန်ဖြစ်ပါတယ်။ တစ်နှစ်အတွင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ စပျစ်သီးကနေ ထုတ်ထားတာ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ (၁၈၅) ဒေါ်လာ ဈေးရှိပါတယ်။ ပြင်သစ် LVMH ကုမ္ပဏီက ထုတ် ရှန်ပိန်ဖြစ်ပါတယ်၊။

(၄) Nicolas Fauillatte

Photo : Luxe Digital

ကွီးတို့ မိသားစုအတူသောက်ဖို့ အကောင်းဆုံး ရှန်ပိန်ကတော့ Nicolas Fauillatte ဖြစ်ပါတယ်။ Centre Vinicole de la Champagne ကနေ ထုတ်လုပ်ပါတယ်။ ပျှမ်းမျှ ( ၃၅ ) ဒေါ်လာ ဈေးပေါက်ပါတယ်။

(၅) G.H. Mumm

Photo : Luxe Digital

G.H. Mumm က‌တော့ Five-Star Dinning အတွက် နာမည်ကျော် ရှန်ပိန်ဖြစ်စ်ပါတယ်။ G.H. Mumm & Cie ( France) မှ ထုတ်လုပ်ပါတယ်။ ပျှမ်းမျှ ( ၄၀ ) ဒေါ်လာ ဈေးပေါက်ပါတယ်။

အခု မျှဝေပေးလိုက်တာကတော့ ကမ္ဘာ့ အကောင်းဆုံး ရှန်ပိန် Brands တွေထဲက အချို့ပဲ ဖြစ်ပါတယ်။ ကွီးတို့ ရွေးချယ်ဝယ်ယူတဲ့ ရှန်ပိန် အမျိုးအစားနဲ့ ဝယ်ယူတဲ့ နေရာဒေသ၊ Websites အလိုက် စျေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါတယ်။ ကွီးတို့ စိတ်ကြိုက် ရွေးချယ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

Source : Luxe Digital

Featured Photo : Luxatic