စာရေးသူတို့ ဘဝမှာ ပြန်မရနိုင်တဲ့ အဖိုးတန်အရာတွေထဲမှာ အချိန်ဟာ တစ်ခုအပါအဝင်ပါ။ လူတစ်ယောက်ရဲ့ ဘဝမှာ အချိန်တွေဟာ အလကားရနေတယ်လို့ ထင်ရပေမယ့် အသုံးချရင်ချတက်သလို သင့်ဘဝကို အများကြီး ပြောင်းလဲပေးနိုင်မယ့် ရွှေပါပဲ။ အောင်မြင်တိုးတက်နေတဲ့ လူတိုင်းနီးဟာ သူတို့ဘဝထဲက အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ကြတာကို တွေ့ရပါတယ်။ အချိန်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းဟာ လုပ်ရည်ကိုင်ရည်နဲ့ Productivity ကိုမြှင့်တင်ပေးနိုင်သလို စိတ်ဖိစီးမှု နည်းပါးစေတဲ့အတွက် ဘဝမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ဘဝထဲက ရွှေ လို အဖိုးတန်တဲ့ အချိန် တွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အချိန်ပိုထွက်လာမယ်

Photo : Harvard Business Review

အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ရင် သင့်ရဲ့ နေ့စဉ်ဘဝထဲမှာ အချိန် ပိုတွေ အတော်အတန် ထွက်လာနိုင်ပါတယ်။ အလုပ်အချိန် ၊ ကိုယ်ပိုင်အချိန် စသည်ဖြင့် သေချာခွဲခြားသတ်မှတ်ပြီး လုပ်စရာရှိတာတွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လုပ်ဆောင်တဲ့အခါ အလုပ်ပြီးမြောက်မှု မြန်ဆန်သလို ကိုယ်ပိုင်သီးသန့် အားလပ်ချိန် ပိုထွက်လာပြီး အခြား ဝါသနာပါတဲ့ အရာတွေ ၊ စိတ်ဝင်စားတဲ့ အရာတွေအတွက် အချိန်ခွဲပေးနိုင်မှာ ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှု လျှော့လာမယ်

Photo : The Best of Health – Advice for the over 50s

ဘာပဲလုပ်လုပ် Schedule တစ်ခုအခိုင်အမြဲ ရေးဆွဲပြီး လုပ်တာဟာ စိတ်ဖိစီးမှု သက်သာစေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ ဘယ်အချိန်မှာ ဘာလုပ်မယ် ၊ ဘယ်သူနဲ့တွေ့မယ် စတာတွေကို သေချာသတ်မှတ် Plan ဆွဲထားမယ်ဆိုရင် သင်လုပ်ဆောင်စရာ ရှိတာတွေအားလုံးကို အစီအစဉ်တကျ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်သလို စိုးရိမ်ပူပန်မှုကင်းကင်း ၊ စိတ်ဖိစီးနည်း သက်သက်သာသာနဲ့ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ လုပ်စရာရှိတာတွေ ပြီးပြတ်အောင် လုပ်နိုင်မှာပါ။

(၃) ကောင်းတဲ့ အခွင့်အလမ်းတွေ ရလာမယ်

More opportunities Photo : Michelle Joyce Speakers

လူတော်တော်များများဟာ သူတို့ဘဝထဲမှာ ကိုယ်တိုင်မသိလိုက်ပါပဲ ဖြုန်းတီးပစ်လိုက်တဲ့ အချိန်တွေ အများကြီး ရှိပါတယ်။ ဒါဟာ ဘဝတိုးတက်အောင်မြင်မှုကို ကြန့်ကြာနှောင့်နှေးစေတဲ့ အချက်တစ်ခုပဲ မဟုတ်လား။ အချိန် ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မယ် ဆိုရင်တော့ သင့်ရဲ့အရည်အသွေးဟာလည်း ပိုမိုတောက်ပြောင်နေမှာဖြစ်ပြီး ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ၊ အသီးအပွင့်တွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

(၄) ပန်းတိုင်တွေကို အကောင်အထည် ဖော်နိုင်မယ်

Photo : LinkedIn

စနစ်တကျ လုပ်ကိုင်တက်ခြင်းရဲ့ အကျိုးရလဒ်ကတော့ အောင်မြင်မှုအပြင် ဘာရှိနိုင်မလဲ ? မှန်ပါတယ်။ သင့်ဘဝထဲက အဖိုးတန် အချိန်တွေကို စနစ်တကျနဲ့ ကောင်းမွန်စွာ စီမံခန့်ခွဲတတ်မယ်ဆိုရင် သွားချင်တဲ့ ပန်းတိုင်တွေ ၊ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေကို အချိန်တစ်ခုအတွင်း ပြည့်မှီအောင် လုပ်ဆောင်နိုင်စေမှာ ဖြစ်ပြီး စိတ်ကူးအိပ်မက်ထဲက အောင်မြင်မှု ပန်းတိုင်တွေကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကွီးတို့ ဘဝထဲက အဖိုးတန် အချိန် တွေကို သေချာ စီမံခန့်ခွဲ ဖြစ်ပါရဲ့လား ???

Source : Corporate Finance Institute

Featured Photo : Forbes