မနေ့ညက အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ သူတို့ရဲ့ အိမ်ကွင်းတွေမှာ ဖူလ်ဟမ် ၊ နော်တင်ဟမ် ဖောရက်စ်အသင်းတွေကို ဧည့်ခံခဲ့ရပါတယ်။ အာဆင်နယ်ရော မန်ယူနိုက်တက်ပါ ပွဲကစားချိန်အတွင်းမှာ အခွင့်အရေးတွေ တူညီစွာ ရရှိခဲ့ပေမယ့်လည်း နှစ်သင်းလုံးရဲ့ ရလဒ်တွေကတော့ တူညီခဲ့ခြင်း မရှိပဲ အာဆင်နယ်က သရေနဲ့ ကျေနပ်ခဲ့ရပြီး မန်ယူနိုက်တက်ကတော့ Comeback နိုင်ပဲကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Arsenal & Manchester United Twitter

အာဆင်နယ်ရော ယူနိုက်တက်ပါ ပွဲစစချင်းမှာပဲ ပြိုင်ဘက်အသင်းတွေရဲ့ ဦးဆောင်မှုတွေကို စောစောစီးစီး ခံလိုက်ရပါတယ်။ အာဆင်နယ်က ပရဲယားရဲ့ ဂိုးနဲ့ ပွဲစပြီး တစ်မိနစ်အကြာမှာပဲ ဦးဆောင်ခံခဲ့ရသလို ယူနိုက်တက်ကတော့ (၄)မိနစ်အတွင်းမှာပဲ အာဝိုနီယီ ဘိုလီတို့ရဲ့ ဂိုးတွေနဲ့ (၂)ဂိုးပြတ်အထိ ဦးဆောင်ထားခံခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ပထမပိုင်း မပြီးခင်လေးမှာပဲ ကွင်းလယ်လူ အဲရစ်ဆင်က ယူနိုက်တက်အတွက် ချေပဂိုးတစ်ဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Arsenal Twitter

ပထမပိုင်းမှာကတည်းက ချေပဂိုး မသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်က ဒုတိယပိုင်း ပွဲကစားချိန် မိနစ် (၇၀) နဲ့ (၇၃)မိနစ်တွေမှာပဲ ဆာကာ အန်ခယ်တီယာတို့ရဲ့ ဂိိုးတွေနဲ့ ပွဲရလဒ်ကို အလှည့်အပြောင်း လုပ်ဆောင်နိုင်ခဲ့ပြီး ပွဲချိန် (၈၃)မိနစ်မှာလည်း ဖူလ်ဟမ်က ကစားသမားတစ်ယောက် အထုတ်ခံလိုက်ရလို့ အိမ်ရှင် အာဆင်နယ်အတွက် ပိုပြီး အားသာစရာ ​ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်က တစ်ယောက်လျော့သွားပြီး (၃)မိနစ်အကြာမှာပဲ ပါလင်ညာရဲ့ ချေပဂိုးကြောင့် (၂)ဂိုးစီ သရေကျသွားခဲ့ရပြီး အာဆင်နယ်ဆီက (၁)မှတ်ပါ ခွဲယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Manchester United Twitter

ပထမပိုင်းမှာကတည်းက ချေပဂိုးတစ်ဂိုး သွင်းယူထားခဲ့တဲ့ ယူနိုက်တက်ကတော့ ဒုတိယပိုင်းအရောက်မှာ အာဆင်နယ်လိုပဲ ပင်နယ်တီ ကန်သွင်းခွင့်အပြင် ကစားသမားတစ်ဦး အသာရခဲ့ပြီး ရရှိလာတဲ့ ပင်နယ်တီကြောင့်ပဲ Comeback ရလဒ်နဲ့ အကောင်းဆုံး ပြန်လာနိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေ ရှိခဲ့တယ် ဆိုပေမယ့်လည်း ယူနိုက်တက်က ရလာတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ အခုလို နိုင်ပွဲ ရရှိခဲ့တာ ဖြစ်သလို ဖာနန်ဒက်စ် ကက်စီမဲရိုး အဲရစ်ဆင်တို့ရဲ့ ကွင်းလယ် (၃)ယောက်တန်းကလည်း တစ်ယောက်ကို တစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာကလည်း ထူးခြားခဲ့ပါတယ်။

Featured Photo : Arsenal & Manchester United Twitter