ကွီးတို့ ခရီးသွားတဲ့အခါ အမှတ်တရများကို ဘယ်လိုမှတ်တမ်းတင်လေ့ ရှိကြပါသလဲ။ အချို့ကလည်း ဗီဒီယိုများ ရိုက်ကူးပြီး သိမ်းဆည်းထားတတ်ကြသလို၊ အချို့ကလည်း ဓာတ်ပုံများ ရိုက်ကူးကာ သိမ်းဆည်းထားကြပါတယ်။ ထိုကဲ့သို့ ဗီဒီယိုများ၊ ဓာတ်ပုံများ ရိုက်ကူးပြီးရုံနဲ့ မပြီးသွားပါဘူး။ ဆိုရှယ်မီဒီယာပေါ်လည်း တင်ရပါဦးမယ်။ ဒါမှ အမှတ်တရကောင်းတွေက တစ်နှစ်ပြီးတစ်နှစ် ပြန်ပေါ်လာမှာ မဟုတ်လား။ အချို့ကလည်း ထိုဗီဒီယိုများ၊ ဓာတ်ပုံများကို Facebook ပေါ် တင်ကြသလို အင်စတာဂရမ် အသုံးပြုသူများကလည်း နေရာ မျိုးစုံကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ Hashtag ပေါင်းစုံဖြင့် ရေးတင်လေ့ရှိကြပါတယ်။

ကွီးတို့ကရော ဖေ့ဘွတ်ပေါ်မှာ တင်သလား၊ ဒါမှမဟုတ် အင်စတာဂရမ်မှာ တင်လေ့ရှိတာလား၊ ဒါမှမဟုတ် နှစ်မျိုးစလုံးပေါ်မှာ တင်တာလား။

အင်စတာဂရမ် မှာ တင်တဲ့အခါ Hashtag မျိုးစုံကို နေရာ မျိုးစုံနဲ့ ဖော်ပြကာ တင်လေ့ရှိကြတဲ့သူတွေ များပြားလှတဲ့အတွက်ကြောင့် ကမ္ဘာလှည့် ခရီးသွားများအကြား အင်စတာဂရမ်ပေါ်က နာမည်ကြီးတဲ့ နေရာ များ ဆိုပြီးတော့ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

ထိုနာမည်ကြီး အင်စတာဂရမ် နေရာများထဲမှာ လူကြိုက်အများဆုံးနှင့် လည်ပတ်မှု အများဆုံး နေရာ (၅) နေရာကို ဖော်ပြပေးချင်ပါတယ်။

(၁) Maldives

Photo: Thrillophilia

Maldives ကတော့ ကမ်းခြေချစ်သူများအကြား ရေပန်းအစားဆုံးနှင့် နာမည်အကြီးဆုံး နေရာတစ်ခုဖြစ်ပြီး အင်စတာဂရမ်မှာ ပို့စ်ပေါင်း ၈.၈ သိန်းခန့် မန်းရှင်းလုပ်ခံထားရတဲ့ နေရာပဲဖြစ်ပါတယ်။ ကွီးတို့လည်း ထိုနေရာကို သွားလည်ဖြစ်တဲ့အခါ အင်စတာဂရမ်မှာ ပို့စ်တင်လိုက်မယ်ဆိုရင်တော့ အရေအတွက်က ဒီ့ထက်များသွားမှာပဲ ဖြစ်ပါတယ်။

(၂) အီဖယ်တာဝါ

Photo: Travelandleisure

ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ပါရီမြို့ရှိ အီဖယ်တာဝါကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီကမ္ဘာကျော် တာဝါကြီးသည်လည်း ကမ္ဘာလှည့်ခရီးသွားများကို နှစ်စဥ် ဆွဲဆောင်နေတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့ရော အီဖယ်တာဝါကြီးကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ပြီးပါပြီလား။

(၃) Times Square

Photo: Nyc

နယူးယော့ခ် မြို့လယ်ခေါင်တည့်တည့်က Times Square သည်လည်း ခေသူမဟုတ်ပါဘူး။ အမြဲတမ်းဆိုသလို လူထူထပ်တဲ့ နေရာဖြစ်ပြီး အင်စတာဂရမ်မှာတော့ နံပါတ် (၃) နာမည်အကြီးဆုံး နေရာပဲဖြစ်ပါတယ်။ ကွီးတို့လည်း ဒီနေရာမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် အမိုက်စား ပို့စ်တွေနဲ့ အပီအပြင် ရှိုးထုတ်ခဲ့ဖို့ မမေ့နဲ့ဦးနော်။

(၄) Grand Canyon

Photo: Grandcanyonwest

Grand Canyon အမျိုးသားဥယျာဥ်ကတော့ နံပါတ် (၄) နာမည်အကြီးဆုံးပဲ ဖြစ်ပါတယ်။ ထိုနေရာကို သွားလည်လို့ အကောင်းဆုံးအချိန်ကတော့ ဧပြီလနှင့် ဇွန်လအတွင်းမှာပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ထိုနေရာကို သွားလည်မယ်ဆိုရင် လည်ပတ်လို့ကောင်းတဲ့ အချိန်ပဲ သွားလည်ဖို့ အကြံပေးချင်ပါတယ်။

(၅) Brooklyn Bridge

Photo: Anjezadyrmishi

Brooklyn Bridge ကတော့ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ တည်ရှိပါတယ်။ ထိုနေရာသည် ဘာ့ကြောင့်နာမည်ကြီးသလဲဆိုတော့ ကမ္ဘာ့အရှည်ဆုံး ကြိုးဆွဲတံခါးတစ်ခုဖြစ်လို့ပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း Brooklyn Bridge နဲ့ ဓာတ်ပုံရိုက်တဲ့အခါ သေသေချာချာ ပို့စ်ပေးရိုက်ခဲ့ဖို့တော့ လိုမယ်နော်။

ကွီးတို့ရော ထိုနေရာများ ရောက်ဖြစ်တဲ့အခါ အင်စတာဂရမ်မှာ ပို့စ်တင်ကြဦးမှာလား။

Source: Mybaggage

Featured Image: Yoair Blog